ဦးချိုထည့်ပေးရတဲ့ကလေး
ဂျော့အက်ရှမန်အမည်ရှိ ငါးနှစ်သား ကလေးငယ် တစ်ဦး၏နဖူးတွင် အရုပ်ဆိုးလှသော မွေးရာပါ အမှတ်အသားတစ်ခု ပါဝင်လာရာ ယင်းနေရာ၌ အရေပြားကို အစားထိုး ကုသရန်အတွက် ကလေး၏ နဖူး၌ ဦးချိုသဏ္ဌာန် အရာနှစ်ခုကို ဆရာဝန်များက ထည့်သွင်းပေးခဲ့သည်။ သူ၏ မိခင်ဖြစ်သူ ကာရန် (၃၃ နှစ်) သည် မွေးရာပါ အမှတ်အသားကြီးကြောင့် ကျောင်းနေသည့်အခါ သူ၏သားငယ် လှောင်ပြောင်ခံရမည်ဆိုးသောကြောင့် အရေပြား အစားထိုးကုသမှု ခံယူစေခဲ့ခြင်းဖြစ်သည်။ သူသည် လေးနှစ်သားအရွယ်တွင် သူ၏အမှတ်အသားနေရာ၌ အစားထိုးရန် အရေပြားရရှိစေရေးအတွက် ဆရာဝန်များက နဖူးတွင် ဦးချိုသဏ္ဌာန်နှစ်ခု ထည့်သွင်းကာ အရေပြားအပိုရရှိရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှရရှိသော အရေပြားကို မွေးရာပါ အမှတ်အသား နေရာ၌ အစားထိုးခဲ့ရာ ဂျော့၏နဖူး၌ အလွန်သေးငယ်သော အမာရွတ်တစ်ခုသာ ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ဂျော့တို့မိသားစုသည် ဗြိတိန်နိုင်ငံ ဆမ္မားဆက်ပြည်နယ်၊ ရပ်ဒ်စတော့မြို့၌ နေထိုင်ကြောင်း သိရသည်။
အရာရာကို ဝါးစား
နာတာလီဟေးဟက်စ် အမည်ရှိသုံးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် အရာရာကို
ဝါးစားတတ်သည့်အလေ့အထ စွဲလမ်းနေပြီး လျှပ်စစ်မီးသီး တစ်လုံးလုံးကိုပင်
ကုန်အောင်ဝါးစား
ပစ်သည်ဟု ဆိုသည်။ သူ့၌ အလွန်ထူးဆန်းသော စိတ်ရောဂါ တစ်မျိုးရှိပြီး မဟုတ်မဟတ်အရာများကို ဝါးစားနေရာ အဆိပ်သင့်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည် ဟုဆိုသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလက သူသည် သူ၏ အိပ်ခန်းအတွင်းမှ မီးသီးကိုခွဲကာ ဝါးစားသောကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ သေးသည်ဟု ဆိုသည်။ အဆိုပါ မိန်းကလေး၌
Pica ဟုခေါ်သော ထူးဆန်းသော ရောဂါရှိရာ ကျောက်ခဲ ၊ တုတ်ချောင်း ၊ အလှစိုက်ထားသော အပင်များ ၊ လျှပ်စစ်မီးသီးအစ ရှိသည့် အစာမဟုတ်သော အရာများကို စားချင်စိတ်ပေါက်
နေလေ့ရှိသည် ဟုဆိုသည်။ နာတာလီ အကြိုက်ဆုံးအရာမှာ ကျောက်ခဲများနှင့် တုတ်ချောင်းများ ဖြစ်သည်ဟုဆိုသည်။ သူသည် အုတ်ခဲတစ် လုံးလုံးကိုပင် ချောကလက်ကဲ့သို့ ကုန်အောင်
ဝါးစားနိုင်သည် ဟုဆိုသည်။ သူ၏မိခင်ဖြစ်သူ ကောလင်း ( ၃၁ နှစ် ) သည် သူ၏သမီးအား အန္တရာယ်ရှိသော အရာများကို မစားမိစေရန် တစ်နေကုန် စောင့်ကြည့်နေရသည်ဟု ဆိုသည်။ အဆိုပါ
မိန်းကလေးသည် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် တာရေးဟောင်တေး မြို့၌ နေထိုင်ကြောင်း သိရသည်။

ခြေလက်လေးဖက်စလုံးမရှိသော်လည်း ခြေတုလက်တုများကိုသာမက မည်သည့်ကိရိယာများကိုမှ သုံးစွဲခြင်း မရှိဘဲ ပေပေါင်း ၁၉,၃၄ဝ မြင့်သည့် ကလီမန်ဂျားရိုးတောင်ကို တက်ရန်လေ့ ကျင့်နေ
အမေရိကန်နိုင်ငံသား ကီလီမေနက် (၂၅ နှစ်) သည် ခြေလက်လေးဖက်စလုံးမရှိသော်လည်း ခြေတုလက်တုများကိုသာမက မည်သည့်ကိရိယာများကိုမှ သုံးစွဲခြင်း မရှိဘဲ ပေပေါင်း ၁၉,၃၄ဝ မြင့်သည့် ကလီမန်ဂျားရိုးတောင်ကို တက်ရန်လေ့ ကျင့်နေကြောင်း သိရသည်။ သူသည် လာမည့်ဇန်နဝါရီလတွင် အာဖရိကတိုက်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ကလီမန်ဂျားရိုးတောင်ကို တက်ရန်လေ့ကျင့်နေခြင်း ဖြစ်သည်။ သူသည် မွေးရာပါ မျိုးဗီဇ ပြဿနာကြောင့် တံတောင်ဆစ်အောက်၌ လက်များပါဝင်ခြင်းမရှိသကဲ့သို့ ဒူးအောက်ပိုင်း၌လည်း ခြေထောက်များ ပါဝင်လာခြင်းမရှိပေ။
ကြံကြံဖန်ဖန်ပျော်ပွဲစား
အောက်တိုဘာလ ၅ ရက်နေ့က ဂျာကူဇီအမည်ရှိ အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များသည် ဆွစ်ဇာလန်နိုင်ငံရှိ တောင်နှစ်ဖက်စွန်းကို ဆက်သွယ်ထားသည့် ဂူယာရို့ဇ် တံတားကြီးပေါ်မှနေ၍ ကြိုးများဖြင့်ဆိုင်းကာ စင်မြင့်တစ်ခု ပြုလုပ်လျက် ယင်းပေါ်၌ သူတို့သည် ရှမ်ပိန်များသောက်လျက် ပေပေါင်း ၅ဝဝ အမြင့်၌ တံတားမှနေ၍ စင်မြင့်ကိုကြိုးဖြင့်ဆွဲပြီး ပျော်ပွဲစားပြုလုပ်သောက်လျက် ကိတ်မုန့်များစားခဲ့ကြသည်။ ၎င်းတို့သည် သူတို့၏ စတန့်ပျော်ပွဲစားမှုကို နှစ်နာရီခွဲကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ သူတို့၏ စင်မြင့်သည် မြေပြင်မှနေ၍ ပေ ၅ဝဝ မြင့်ပြီး တံတားမှနေ၍ ပေ ၁၃ဝ ကွာဝေးကြောင်း သိရသည်။
ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ဆံပင်ဆေးဆိုးပြီး မိနစ် ၂ဝ အကြာ၌ သေဆုံး
ဗြိတိန်နိုင်ငံတွင် အောက်တိုဘာလ ၈ ရက်နေ့ညက တာဘာသာမက်ကုတ် အမည်ရှိ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဆံပင်များကိုဆေးဆိုး ပြီးနောက် အလွန်အမင်းနာကျင်စွာ ခံစားရပြီး လဲကျသတိမေ့မြောပြီးနောက်သေဆုံးသွားကြောင်း သိရသည်။ သူသည် သူ၏သူငယ်ချင်းနေအိမ်တွင် ဆံပင်ကို ဆေးဆိုးပြီးနောက် အလွန်အမင်းနာကျင်လာသောကြောင့် ငယ်သံပါအောင် အော်ဟစ်ပြီး ထိုးအန်ကာ လဲကျသေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။သူ့အား လန်နက်ရှိုင်းယားဆေးရုံသို့ ပို့ခဲ့သေးသော်လည်း သေဆုံးခြင်းကိုသာအတည်ပြုနိုင်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါမိန်းကလေးတွင်ဆံပင်ဆိုးဆေး၌ပါသော ဟိုက်ဒရိုဂျင်ပါရောက်ဆိုက်နှင့် ဓာတ်မတည့်သော ရှားရှားပါးပါး ရောဂါ တစ်မျိုးရှိခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
ဘီလ်ဂိတ်ရဲ့နေအိမ်
ဘီလ်ဂိတ်ဟာ ကမ္ဘာကျော်သူကြွယ်ကြီးတစ်ဦးဖြစ်ပါတယ်။သူဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ်တစ်ဆိုတဲ့နေရာမှာ
(၁၃)ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့သူလည်းဖြစ်တယ်။သူဟာ ချမ်းသာလွန်းလို့နာမည်ကျော်သလိုလှူဒါန်းတဲ့နေရာမှာလည်း ကမ္ဘာကျော်ပါတယ်။
အချို့စာစောင်တွေက သူဟာ သူ့ပိုင်ပစ္စည်းရဲ့ထက်ဝက်ကျော်ကိုလှူဒါန်းခဲ့ပြီးလို့လည်းဆိုပါတယ်။အထူးသဖြင့် အာဖရိကမှာရှိတဲ့ဆင်းရဲတဲ့နိုင်ငံများနဲ့အိန္ဒိယနိုင်ငံတွေမှာလှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။သူရဲ့ချမ်းသာကြွယ်ဝမှုဟာ အမွေရလို့ချမ်းသာတာမဟုတ်သလို
မတရားတဲ့နည်းလမ်းတွေနဲ့ချမ်းသာခဲ့တာမဟုတ်ပါဘူး။ကွန်ပျူတာရဲ့အပျော့ပိုင်း(Software)ကိုတီထွင်ပြီး
ကိုယ်ထူးကိုယ်ချွန်ချမ်းသာကြွယ်ဝလာသူဖြစ်တယ်။သူ့ရဲ့ချမ်းသာမှုကြောင့် လူသားများစွာကိုအကျိုးပြုနိုင်ခဲ့သလိုပင်
သူ့ရဲ့တီထွင်မှုကြောင့်လူသားများစွာကိုအကျိုးပြုနေဆဲပင်ရှိပါတယ်။ကွန်ပျူတာဟာ ယနေ့ခေတ်မှာမရှိမဖြစ်အရေးပါတဲ့လူသုံးပစ္စည်းတစ်ခုဖြစ်လာပါတယ်။
ဝင်းဒိုး (Windows)-ဆိုတဲ့စကားလုံးကို လူတိုင်းကြားဖူး၊မြင်ဖူးကြမှာပါ။ကွန်ပျူတာကိုသုံးစွဲသူများဟာဘီလ်ဂိတ်ရဲ့ကျေးဇူးမကင်းသူများဖြစ်လာပါတယ်။
ဒါကြောင့်သူဟာ လူသားများစွာရဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်တစ်ဦးလို့ဆိုရင်လည်းမှားအံ့မထင်ပါ။လူသားများစွာကိုအကျိုးပြုသူဘီလ်ဂိတ်ဟာလည်း
တကမ္ဘာလုံးကသိသူဖြစ်လာပါတယ်။ကမ္ဘာကျော် သူကြွယ်ကြီးရဲ့စံအိမ်ကိုကြည့်ရှုလေ့လာပြီးမုဒိတာပွားနိုင်ကြပါစေ။
လူငယ်တိုင်း သူ့ကိုအားကျအတုယူနိုင်ကြပါစေ။
မြန်မာနိုင်ငံရဲ့ မိခင်တိုင်းဟာလည်း
ဘီလ်ဂိတ်လိုပုဂ္ဂိုလ်မျိုး များများမွေးနိုင်ကြပါစေ။

ကြက်ဥ ၁ဝဝဝ ကိုဦးထုပ်လုပ်ဝတ်ကာ ကမ္ဘာ့စံချိန်ချိုးခဲ့ကြောင်း
ဂရက်ဒါဆေးလ်ဗားဆိုသူသည် ဂျာမနီတွင်နေထိုင်စဉ် ကြက်ဥ ၁ဝဝဝ ကိုဦးထုပ်လုပ်ဝတ်ကာ ကမ္ဘာ့စံချိန်ချိုးခဲ့ကြောင်း emtro သတင်းဌာနက စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ဖော်ပြသည်။ ဒါဆေးလ်ဗားသည် ဟယ်လီမြို့၌နေထိုင်စဉ် အပူဒဏ်ကြောင့် သတိလစ်ခြင်းကို ခံစားရသောကြောင့် ဟက်ဘွိုင်ကြက်ဥများဖြင့် ဦးထုပ်ပြုလုပ်ကာ ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ သူသည် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းလာသောကြက်ဥ ၁ဝဝဝ ကို ဦးထုပ်လုပ်ဝတ်ကာကမ္ဘာ့စံချိန်တင်အခါ သူ၏ဦးထုပ်မှာ ခိုးယူခံရပြီး ပျောက်ဆုံးသွားခဲ့သည်။ သူသည် အနောက်အာဖရိကရှိ ဘီနင်၌ နေထိုင်သူဖြစ်ပြီး သူ၏ဒေသ၌ အလွန်ပူပြင်းပြီး စိုထိုင်းဆ များပြားလွန်းကြောင်း ပြောကြားခဲ့သည်။သူ၏ဦးထုပ်ကို ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့သို့ တင်သွင်းခဲ့ရာ ကြက်ဥ အများဆုံးနှင့် လုပ်ထားသော ဦးထုပ်အဖြစ်၂ဝ၁၁ စံချိန်မှတ်တမ်း၌ ပါဝင်လာကြောင်းသိရသည်။
အကြီးဆုံးမိကျောင်း
ဖိလစ်ပိုင် နိုင်ငံ၏ ဝေးလံ သီခေါင် လှသော အရပ်ဒေသရှိ ရွာတစ်ရွာတွင် ရွာသားများသည် စက်တင်ဘာလ ၆ရက်နေ့က အလေးချိန် တစ်တန် (၁ဝ၇၅ ကီလိုဂရမ်) ရှိ မိကျောင်းကြီး တစ်ကောင် ဖမ်းမိ ခဲ့သည်။ အဆိုပါ မိကျောင်း၏ အလျားသည် ၂၁ ပေ (၆ ဒသမ ၄ မီတာ) ရှိပြီး ကမ္ဘာပေါ်တွင် ဖမ်းဆီး မိခဲ့သမျှ မိကျောင်းများ အနက် အကြီးဆုံး ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ ပထမဆုံး အာကာသဆိပ်ကို ၉ဝ ရာခိုင်နှုန်း တည်ဆောက်
ပြီးစီး
Virgin ကုမ္ပဏီ၏ အာကာသယာဉ်များ ပျံတက်ရန် ကမ္ဘာ့ ပထမဆုံး ပုဂ္ဂလိက အာကာသဆိပ်ကို ၉ဝ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၆ ရက်နေ့ သတင်းများက ဖော်ပြသည်။ Virgin ကုမ္ပဏီ၏ ပထမဦးဆုံး အာကာသ ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်တွင် စတင်မည် ဟု ဆိုသည်။ သူဌေးကြီး ဆာရစ်ချက် ဘရန်ဆန်၏ Virgin Galactic ကုမ္ပဏီသည် နယူး မက္ကဆီကို ပြည်နယ် လက်စ်ခရူဆေး ဒေသရှိ မြေ အကျယ် ၁၈ဝဝ ဧကတွင် အာကာသဆိပ်ကို တည်ဆောက်နေခြင်း ဖြစ်သည်။ တည်ဆောက်မှုမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ရာ အပြည့်အစုံ ပြီးစီးရန် အတွက် လ အနည်းငယ်သာ လိုတော့သည် ဟု ဆိုသည်။ အဆိုပါ ကုမ္ပဏီမှ ပြောရေးဆို ခွင့်ရ အမျိုးသမီးက ကုမ္ပဏီ၏ ပထမဆုံး အာကာသ ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်၏ ပထမ သုံးလပတ် အတွင်း စတင် နိုင်လိမ့်မည် ဟု ဆိုသည်။

ဘာအားငယ်စရာရှိလဲ
Cox ဟာ မွေးလာကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရာပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်လည်း စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူဖြစ်တယ်။
သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို
သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။
Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို
တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။
သူကိုတော့ ယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။
သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး
အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။
သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး
ခြေနင်းမပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။
လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း Jessica Cox ကတော့
ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။
အဲဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့
ခြောက်လလောက် သူရဲ ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး
အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့ ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
လောကကြီးမှာစိတ်ပျက်အားငယ်တတ်ကြတဲ့သူတွေအထဲမှာမပါဘဲကိုယ့်မွေးရာပါအရည်အချင်းတွေနဲ့  အနိုင်မခံအရှုံးမပေးဘဲ
လက်နှစ်ဖက်မပါသော်လည်း အတုယူဖွယ်ကောင်းသော ကြံ့ခိုင်သောစိတ်ဓါတ်ကိုဖြင့် မိမိ ဘ၀ကိုရပ်တည်နေတဲ့ ဒီညီမငယ်ကို
အင်္ဂါအစုံအလင်ပါပြီး ရေသာခိုအချောင်လိုက်နေတဲ့ ၊အားငယ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေအတွက်တော့တကယ့်သင်္ခန်းစာပါဘဲ။
ဒါကြောင့် ဒီက ညီမငယ်လိုပဲ ကျနော်တို့တတွေလည်း ဇွဲ၊ လုံ့လ၊ ၀ီရိယ မလျှော့ပဲ ကြိုးစားလိုက်ရအောင်။
စိတ်ပညာရှင်တစ်ဦးကပြောတယ်။ကျနော်တို့ရဲ့ကိုယ်ပိုင်အရည်အချင်းအစွမ်းအစရဲ့ဆယ်ပုံတစ်ပုံလောက်သာ ကျနော်တို့တွေ အသုံးပြုနေပါတယ်။တဲ့။
နောက်၉၀%ကို ကျနော်တို့တွေ အသုံးပြုရအောင်လားခင်ဗျာ။ လေးစားမိပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်ကား
ကမ္ဘာ့ဈေးအကြီးဆုံး နေအိမ်အဖြစ် အသုံးပြုနိုင်သော ကားတစ်မျိုးကို တစ်စီးလျှင် စတာလင်ပေါင် ၁ ဒသမ ၉ သန်းဖြင့်ရောင်းချနေကြောင်းသိရသည်။
သြစတြီးယားကုမ္ပဏီ မာချီမိုဘိုင်းလ်က ဖန်တီးခဲ့သော ယင်းကားကြီးမှာ ပေ ၄၀ မျှ ရှည်လျားပြီး ရပ်နားထားစဉ်ဘေးနှင့် အပေါ်သို့ အခန်းချဲ့ထုတ်ပါက စတုရန်းပေ ၂၁၅ ပေ အထိရှိကြောင်း သိရသည်။ပင်မအိပ်ခန်းတွင် လက်မ ၄၀ ရုပ်မြင်သံကြားစက်ပါရှိပြီး အပိုအိပ်ခန်း၊ရေပန်းပါ ရေချိုးခန်း၊သီးခြား အိမ်သာ၊ကြမ်းပြင် အပူပေးစနစ်၊ အဖျော်ယမကာ ဘားများပါရှိသည်ဟု သိရသည်။
EleMMent Palazzo ဟု အမည်ပေးထားသော ကားတွင် မိုဘိုင်းအင်တာနက်စနစ်၊ မီးလင်းဖိုပါသော အလုပ်ခန်း၊ လုံခြုံရေးဗီဒီယိုစနစ်၊ ဂြိုဟ်တုတီဗွီများပါရှိသလို ညဘက်တွင် အန္တရာယ်ကင်းစေရန်အတွက် အမှောင်ထဲတွင် လင်းသည့် မီးစုန်းများ ကားနံရံတွင် အလှဆင်ထားသည်ဟု သိရသည်။
တန် ၂၀ မျှလေးသော ယင်းကားကြီးသည် အမြန်ဆုံး တစ်နာရီ ၉၃ မိုင်မျှ မောင်းနှင်နိုင်မည် ဖြစ်သည်။ ဖန်တီးသူများကမူ ယင်းကားကြီးသည် ဖော်မြူလာဝမ်း ကားမောင်းသမားများ၊ ရော့ခ်စတားများ၏ နယ်လှည့်ခရီး အတွက် အသုံးတည့်မည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်အိုမင်းသွားခဲ့
အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ငုယင်သီဖောင်သည် ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်ပုံစံမျိုး အိုမင်းသွားခဲ့ရာ ယင်းဖြစ်စဉ်ကို ဗီယက်နမ်မှဆရာဝန်များက လေ့လာကုသပေးရန် ပြင်ဆင်နေပြီး ယခုအချိန်အထိ ရောဂါလက္ခဏာ အတိအကျကို အငြင်းပွားနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ်ကယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၂၆ နှစ်ရှိပြီဖြစ်သော သီဖောင်သည် ဆင်းရဲလွန်းသောကြောင့် ကုသရန် မတတ်နိုင်ခဲ့ဘဲ ယခုအခါတွင် ဆရာဝန်များက အခမဲ့ကုသပေးမည်ဖြစ်သည်။သီဖောင်က သူ၏ရုတ်ချည်း အိုမင်းသွားမှုသည် ဘ၀တစ်လျှောက်လုံး ပင်လယ်စာမတည့်မှုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်နေသည်။
ပင်လယ်စာနှင့် မတည့်မှုကြောင့် အရေပြားယားယံမှုမှာ ၂၀၀၈ ခုနှစ်တွင် ဆိုးဆိုးရွားရွားဖြစ်ခဲ့သည်ဟု ဆိုသည်။''ကျွန်မတစ်ကိုယ်လုံးယားနေပြီး အိပ်တဲ့အချိန်မှာတောင် ကုတ်နေရပါတယ်'' ဟု သီဖောင်က ပြန်ပြောပြသည်။သီဖောင် နှင့် ခင်ပွန်းဖြစ်သူ လက်သမားဆရာသန်းတုယင်တို့မှာ ဆင်းရဲသောကြောင့် ဆေးရုံသွားမပြနိုင်ခဲဘဲ အနီးတွင် ဆေးဝယ်သောက်ခဲ့သည်ဟု ဆိုသည်။
''ဒီဆေးတွေသောက်ပြီး တစ်လလောက်ကြာတော့ ယားတာနည်းနည်း သက်သာလာပါတယ်။ဒါပေမဲ့ အရေပြားရောင်ရမ်းနီရဲတာတွေ ရှိနေတုန်းပဲ။အဲဒါနဲ့ တိုင်းရင်းဆေး ပြောင်းသုံးခဲ့ပါတယ်။ရောင်ရမ်းတာတွေက ယားတာနဲ့အတူတူပျောက် သွားခဲ့ပါတယ်။ဒါပေမဲ့ ကျွန်မအရေပြားတွေလဲ လျှော့လျဲပြီးတွဲကျလာ တော့တာပါပဲ'' ဟု သီဖောင်ကပြန် ပြောပြသည်။
ယင်းနောက်တွင် အခြားတိုင်းရင်းဆေးတစ်မျိုး ပြောင်းသုံးခဲ့သော်လည်း မသက်သာခဲ့ဟု ဆိုသည်။
ဆရာဝန်များကမူ သုံးစွဲခဲ့သည့် တိုင်းရင်းဆေးဝါးများကြောင့်ဟု ယူဆနေပြီး ရောဂါလက္ခဏာကို ပိုဆိုးသွားစေခဲ့သည့်အပြင် ရှားပါးသည့် အရေပြားရောဂါတစ်မျိုးဖြစ်သော mastocytosis ကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်ဟု ယူဆမှုများရှိနေ သည်။ ရောဂါလက္ခဏာကို အမည်တပ်မှုမှာ ဆရာဝန်များအကြားတွင်ပင် ကွဲလွဲမှုများရှိနေပြီး ကုထုံးနှင့်ပတ်သက်ပြီးလည်း သဘောကွဲလွဲနေသည်ဟု သိရသည်။ သီဖောင်မှာ အရေပြားများက အိုမင်းသည့်အသွင်ဖြစ်နေသော်လည်း ရာသီစက်ဝန်း၊ ဆံပင်၊ သွား၊ မျက်လုံးနှင့် စိတ်တို့မှာ ပုံမှန် ၂၀ ကျော် အမျိုးသမီးတစ်ဦးအတိုင်း ရှိနေသည်ဟု သိရသည်။
Ref;DailyMail

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံ
" အား !!!! " လို့ အော်မိမှာတော့ အသေအချာပါပဲ.... မြင်ကွင်းကတော့ မိန်းမလှလေးတစ်ယောက် တောရိုင်းတိရိစ္ဆာန် မိကျောင်းကြီးတစ်ကောင်နှင့် အသက်ကိုရင်းပြီး အလောင်းအစားလုပ်နေသည့် အသည်းယားစရာအခိုက်အတန့်  ပြကွက်တစ်ခုပဲဖြစ်ပါတယ်... အသက် ၂၇ နှစ်အရွယ်ရှိ လှပျိုဖြူလေးကတော့ အချိုသာဆုံးအပြုံးနဲ့  သာမန်လူတစ်ယောက် တွေးပင်မတွေးဝံ့ လောက်သည့် လုပ်ရပ်အဖြစ် သေမင်းတမန် မိကျောင်းကြီး၏ ပါးစပ်အတွင်းသို့ သူမရဲ့ ဦးခေါင်းကို
ထည့်ပြနေတာပဲဖြစ်ပါတယ်... သစ်သားအပိုင်းအစကလေးတစ်ခုကို အသုံးပြုကာ ထိုင်းမလေး တွင်ဂျိုင်ပင်ဆန် ဟာ မိကျောင်းကြီးကို၎င်းရဲ့ ပါးစပ်ကို ဟခိုင်းစေပြီး သူမရဲ့ ဦးခေါင်းကို ထိုပါးစပ်အတွင်း စက္ကန့် ၃၀ ကြာမျှထားပြ ခဲ့ ပါတယ်...
တစ်ကနေ သုံးဆယ်အထိ ရေတွက်ထားနော်... မတွေးရဲစရာပါပဲ...အခုနေများ မိကျောင်းကြီးနှာချေလိုက်ယင်.... Easy does it! Tueanjhai Pimsan stays completely at ease as she puts her head inside the Snappy's mouth for a full 30 seconds သူမနှင့် ရေသတ္တ၀ါတို့ ရဲ့ ဘုရင် မိကျောင်းကြီးတို့ အကြား နားလည်ယုံကြည်စိတ်ချမှုကြောင့်  Snappy လို့  တိစ္ဆာန်ရုံ ၀န်ထမ်းများကချစ်စနိုးခေါ်ကြတဲ့ မိကျောင်းကြီးရဲ့ ပါးစပ်ထဲကနေ မိန်းမလှလေး တွင်ဂျိုင် ဟာ အံ့သြစရာ ကောင်းလောက် အောင်ပင် ဘေးမသီရန်မခ၊ အထိအခိုက်မရှိ ပြန်ထွက်ပြနိုင်ခဲ့ ပါတယ်...အဆိုပါ မိကျောင်းနဲ့ လှပျိုဖြူလေးတို့ ဟာ မယုံကြည်နိုင်ဖွယ်ရာ ပြကွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်မျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံမှာ တင်ဆက်ပြသလျှက်ရှိနေပါတယ်...
မိန်းမချောလေးတွင်ဂျိုင် ကိုသူ့ ရဲ့ တည်ငြိမ်အေးချမ်းလှတဲ့ မတုန်မလှုပ်ဟန်နဲ့ တုံ့ ပြန်ခဲ့ ပေမယ့် Snappy မိကျောင်းကြီးကတော့ အစာစားချိန်မှာ ကြက်တွေကို အကောင်လိုက်ဝါးမြိုစားတတ်တဲ့  အသားစားတိရိစ္ဆာန် ကြီး ဖြစ်နေပါတယ်..." ဒီလိုသရုပ်ဆောင်ရတိုင်း ကြောက်စိတ်မဖြစ်မိပါဘူး...ဘာဖြစ်လို့ လည်းဆိုတော့ ဒီလိုလုပ်နေခဲ့ တာနှစ် ပေါင်းများစွာကြာခဲ့ တဲ့ အပြင် တစ်ခါမှလည်း ထိခိုက်ဒါဏ်ရာရမှု မရှိခဲ့ လို့ ပါပဲ...လူအများစုကတော့ ဒီလိုလုပ်တာဟာ ရူးလို့ ၊ စိတ်မမှန်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူလို့ ထင်မယ်ဆိုတာ ကျွန်မသိပေမယ့် ဒါဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ် ဖြစ်သလို ဒီလိုစွန့် စားပြရတာကိုလည်း နှစ်သက် သဘောကျမိပါတယ်..."" ကျွန်မ ဒီမှာ အလုပ်လုပ်နေခဲ့ တာ ခြောက်နှစ်ရှိခဲ့ ပြီး ကျွန်မရဲ့ ခင်ပွန်းဖြစ်သူ ၀မ်ချိုင်းလည်း ဒီမှာပဲ အလုပ်လုပ်နေပါတယ်...ကျွန်မ မိကျောင်းတွေနဲ့ အလုပ်လုပ်တဲ့ အခါ သူတို့ ကို စိတ်ချယုံကြည်ရပြီး လေးစားရပါတယ်... အချိန်တွေကြာလာတာနဲ့ အမျှ သူတို့ ဘယ်လိုသွားလာလှုပ်ရှားတယ်ဆိုတာ သိရှိနားလည်လာပြီး သူတို့ ကလည်း ကျွန်မတို့ အကြောင်းကို သိရှိနားလည်သွားကြတာပါပဲ..." လို့ သူမကရှင်းပြခဲ့ ပါတယ်...
ထိုင်းနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ အသက် ၅၀ အရွယ်ရှိ ဓါတ်ပုံဆရာ တိုနီဟန်းစ်ကုမ့် ဘ် ဟာ အဆိုပါ မိကျောင်းနဲ့ လှယမင်း တို့ ရဲ့ အံ့ ဖွယ်ရာ ပြကွက်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ တာဖြစ်ပါတယ်..." ကျွန်တော့် ဖြင့် တစ်ခါမှ ဒီလိုမျိုးမမြင်ဘူးခဲ့ လို့ ပထမဦးဆုံးအကြိမ် စတွေ့ လိုက်ရတော့ အကြီးအကျယ်ကို အံ့ သြတုန်လှုပ်သွားခဲ့ ရပါတယ်... မိန်းကလေး တွင်ဂျိုင် နဲ့ ကြောက်စရာ မိကျောင်းကြီးတို့ အခုလို ဘာမှမဖြစ်ပဲ သရုပ်ဆောင်ပြနိုင်တာကိုက တစ်ကယ့် ကို မယုံကြည်နိုင်လောက်စရာ ကောင်းလှပါတယ်..." လို့ သူကထပ်ပြောပြခဲ့ ပါတယ်...
ပိုက်ဆံမရယင်လည်းနေပါစေတော့ ....
အဲဒီလိုမျိုးတော့ မလုပ်ခိုင်းရက်ပါဘူး...
မတော်လို့ များ မိကျောင်းက စိတ်ဖောက်ပြန်ပြီး ကိုက်လိုက်ယင် ပြန်လမ်းရှိတော့ မှာမဟုတ်ဘူး...

သတိထားပါ မိတ်ဆွေ
သတိထားပါ မိတ်ဆွေ သိပ်မကြာသေးမီက အိမ်နီးနားချင်း India နိုင်ငံမှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ ရုပ်ရှင်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည် ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ တင်ပါးတွင် ဆူးကနဲ
နာကျင်သွားသည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုင်ခုံတွင်
ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ်စောင်ကို တွေ့ရတယ်။ စာထဲတွင်
ရေးထားသည်ကား " သင်သည် HIV ပိုးကို ကူးစက်ခံလိုက်ရပါပြီ " တဲ့။
ပြင်သစ်ပြည်ရှိ ကျန်းမာရေးဌာနတစ်ခုမှလည်း အလားတူဖြစ်ရပ်များ
ဖြစ်ပွားနေသည်ဟု ကြေငြာထားပါသည်။
ရု့ပ်ရှင် ရုံများတွင်သာမက ဘဏ်ရှိ ငွေထုတ်စက်များတွင်ပါ HIV positive
ဖြစ်သော အပ်များကို တွေ့ရှိသည်ဟု India ရှိ ကျန်းမာရေးဌာနမှ
သတင်းထုတ်ပြန်ထားသည်။ ဒါကြောင့် သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ ငွေစက်တွေမှာ
အသုံးပြုရင် အရမ်းသတိထားဖို့ လှုံဆော်မှုတွေ ပြုလုပ်နေပါတယ်။
အိမ်နီးနာချင်း နိုင်ငံမှာ ဖြစ်နေတာဆိုတော့ သတိထားသင့်တယ်ထင်လို့
ဖော်ပြလိုက်တာပါ။ ရှင်းရှင်းပြောရရင် မြန်မာတွေက အဲဒီလောက် စိတ်မပုပ်ဘူး
ထင်တာပဲ။ ဒါပေမယ့် ရုပ်ရှင်ရုံတို့လို အလင်းရောင် မကောင်းတဲ့နေရာမှာ
ထိုင်မယ်ဆိုရင် သတိထားတာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ဒီမှာ
အမှိုက်သိမ်းတာ က စနစ်တကျမရှိတော့ အမှိုက်ပုံတို့နားကို ဖြတ်လျောက်သွားရင်
သတိထားစေချင်ပါတယ်။ ဆေးထိုးအပ်တွေ ထောင်နေတတ်တယ်။
နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေလည်း သတိထားသင့်တယ်။ တစ်ကယ်လို့
အပ်ဆူးသွားရင်လည်း အရမ်းကြီးကြောက်မသွားပါနဲ့။ အပ်ဆူးတိုင်းလည်း
ပိုးမကူးတတ်ပါဘူး။ ပိုးဝင်သွားတိုင်းလည်း ဖြစ်ဖြစ်ချင်း ဆေးတစ်လ သောက်ရင်
၉၀ ရာခိုင်နှုန်း လောက် ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီတော့
အရမ်းတုန်လှုပ်ခြောက်ခြားခြင်း
မျိုးလည်း ရှောင်သင့်တယ်။

ဒူဘိုင်းက ကမ္ဘာ့ အမြင့် ဆုံးအဆောက်အဦးဖွင့် ပွဲကျင်းပ
ဒူဘိုင်းက ကမ္ဘာ့ အမြင့် ဆုံးအဆောက်အဦးဖွင့် ပွဲကျင်းပ.... Monday, January 4, 2010 The world's tallest skyscraper opens in a blaze of glory...ဒူဘိုင်းက ကမ္ဘာ့ အမြင့် ဆုံးအဆောက်အဦးဖွင့် ပွဲကျင်းပ....
ဒူဘိုင်းရဲ့ ကမ္ဘာကျော် တန်ဖိုးအကြီးဆုံးအဆောက်အဦးဖြစ်တဲ့ ပေပေါင်း ၂၇၁၇ ပေနဲ့ ကမ္ဘာ့ အမြင့် 
ဆုံးအဆောက်အဦးအဖြစ် စံချိန်တင်ခဲ့ တဲ့ အဆောက်အဦးကြီးကို မနေ့ ကပဲ ခန်းနားကြီးကျယ်စွာ
နဲ့ ဖွင့် လှစ်လိုက်ပါတယ်...
အစပထမကတော့  Burj Dubai လို့ နာမည်နဲ့ တည်ဆောက်ခဲ့ ပေမယ့်  ယနေ့ ဖွင့် ပွဲကျမှပဲ
မမျှော်လင့် ပဲ အဆောက်အဦးရဲ့ အမည်ကို ယူအေအီးနိုင်ငံရဲ့ သမ္မတ၊ အဘူဒါဘီ စော်ဘွား ရှိတ်
ကာလီဖာကိုဂုဏ်ပြုပြီး Burj Khalifa လို့ နောက်ဆုံးဖွင့် ပွဲအချိန်ကျမှ ရုတ်တရက်ပြောင်းခဲ့ ပါတယ်...
ကမ္ဘာ့ စီးပွားရေးကျဆင်းမှုကြောင့် ပေးဆပ်ရမယ့် အကြွေးတွေ အချိန်မှီ မပေးဆပ်နိုင်ပဲ ငွေကြေး
အခက်အခဲဖြစ်နေတဲ့  ဒူဘိုင်းအစိုးရကို အဘူဒါဘီအစိုးရက အရေးပေါ် ငွေကြေးအကူအညီအဖြစ်
ဒေါ်လာ ၂၄ ဘီလီယံ ပေးခဲ့ ပြီးနောက် ပြန်လည်ကျေးဇူးဆပ် အသိအမှတ်ပြုတဲ့ အနေနဲ့ အဆိုပါ
အဆောက်အဦးကို အဘူဒါဘီ စော်ဘွားနာမည်အဖြစ်ပြောင်းလဲခဲ့ တာဖြစ်ပါတယ်...
အနှစ်နှစ်အကာလ သူ့ အနေနဲ့ စိတ်ကူးယဉ်တည်ဆောက်ခဲ့ ရတဲ့  ကမ္ဘာမှာ အမြင့် ဆုံးအဆောက်
အဦးဟာ ဒူဘိုင်းကဖြစ်ပါတယ် လို့ သိသာအောင် Burj Dubai လို့ အမည် ပေးခဲ့ ပေမယ့် နောက်
ဆုံး ငွေရေးကြေးရေးအခက်အခဲ ဖြစ်လာတော့  ရေနံနဲ့ ချမ်းသာကြွယ်ဝနေတဲ့ အဘူဒါဘီ ကို မျက်
နှာအောက်ချပြီးအကူအညီတောင်းခဲ့ ရကာ သူတို့ ကျေနပ်အောင် အဆောက်အဦးအမည်ကိုတောင်
အဘူဒါဘီစော်ဘွားအမည် ပြောင်းပေးခဲ့ ရတဲ့ဒူဘိုင်းရဲ့ ယနေ့ ခေတ်မှီပုံရိပ်အဖြစ် ပဲ့ ကိုင်မောင်းနှင်
နေတဲ့ ဒူဘိုင်းစော်ဘွား ရှိတ်မိုဟာမက် ရဲ့ နာလိုခံခက်ဖြစ်နေခဲ့ ရမယ့် အခြေအနေကိုမြင်ယောင်မိ
ပါတယ်....
အဆောက်အဦးတည်ဆောက်ခဲ့ တဲ့ ပိုင်ရှင် Emaar ကုမ္ပဏီ ကတော့ သူတို့ ရဲ့ အဆောက်အဦး
ဟာ သံမဏိအစိတ်အပိုင်းတွေချည်းနဲ့ မဟုတ်ပဲ အားဖြည့် ကွန်ကရစ်တွေနဲ့ တည်ဆောက်ထား
တာမို့  အကြမ်းဖက်သမားများက လေယာဉ်နဲ့ တိုက်ဖို့ ကြိုးစားခဲ့ ယင်တောင် အမေရိကန်က
ကုန်သွယ်ရေးအဆောက်အဦးလို လွယ်လွယ်နဲ့ ပြိုကျမှာမဟုတ်ပါဘူးလို့ ဆိုခဲ့ ပါတယ်....
ကုန်ကျငွေပေါင်း တစ်ဘီလီယံ ပေါင်စတာလင် ( အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ) ဖြစ်ပြီး
အမြင့် ပေ ၂၇၁၇ ပေ ရှိကာ အထပ်ပေါင်း ၂၀၀ ရှိတဲ့ အဆောက်အဦးအတွက် ဒူဘိုင်းက အာ
ရပ်ကုလားတွေ ဂုဏ်ယူမယ်ဆိုလည်း ဂုဏ်ယူထိုက်ပါပေတယ်...ဧည့် ပရိတ်သတ်ပေါင်း ၆၀၀၀ ကျော်တက်ရောက်ခဲ့ တဲ့ ကမ္ဘာ့ အမြင့် ဆုံး
အဆောက်အဦးဖွင့် ပွဲ....
Blast off: More than 6,000 guests watched as the world's tallest skyscraper was officially opened with a spectacular fireworks display
အထပ်ပေါင်း ၁၆၀ အထိ ရုံးခန်းတွေ၊ ၁၂၂ ထပ်မှာတော့ စားသောက်ဆိုင်နှင့့်အားကစားလေ့ ကျင့် ရုံ၊
မြေပြင်ကနေ ပေပေါင်း ၁၄၄၀ မြင့် တဲ့  ၁၂၃ ထပ်မှာတော့  အမိုးအကာအောက်ကရေကူး
ကန်နဲ့ အမိုးအကာမဲ့ ရေကူးကန်....
A number of the higher floors - up to the 160th - have been designated as office space, while there is a restaurant on the 122nd floor and a gym, with an indoor and outdoor swimming pool, on the 123rd floor - some 1,440 feet off the ground
ရင်သပ်ရှုမောဖွယ် ဖွင့် ပွဲ...
အတွင်းပိုင်းက အခန်းဖွဲ့ စည်းပုံတွေ မပြီးသေးပေမယ့် လည်း ကမ္ဘာကို ကြွားချင်တာနဲ့ 
ရအောင်ဖွင့် ခဲ့ တယ်...
Spectacular: Even though many of the building's 200 storeys are unfinished, organisers are celebrating the launch with an arsenal of fireworks
ကုလားအုပ်တွေ ပျော်မြူးတဲ့ ည...
Guests watched in awe at the opening ceremony, which took place despite the building not yet being finished inside
ဒူဘိုင်းရဲ့ ချမ်းသာကြွယ်မှု နဲ့ စက်မှု အင်အားကို ကြွားဝါချင်လို့ လား...
The Burj was designed to show off Dubai's new wealth and industrial might
အလုပ်သမားပေါင်း ၁၂၀၀၀ အထိ သုံးစွဲပြီးတည်ဆောက်ခဲ့ ရတယ်...
Half a mile high: the tower was tarted at the height of the economic boom and built by some 12,000 labourers
The shadow of Burj Khalifa is seen from floor 124 of the Burj, the supertall skyscraper during a media tour in Dubai
ကမ္ဘာ့ ပထမဦးဆုံး ဖက်ရှင်ဒီဇိုင်နာ Armani Hotel နဲ့ အဆင့် မြင့် ရုံးခန်း အဆောက်အဦ
တွေလည်းပါဝင်တယ်....

အသက် ၁၁ နှစ်အရွယ်ရှိ ကမ္ဘာ့ စကိတ်ချံပီယံကလေး
အသက် ၁၁ နှစ်အရွယ်ရှိ ကမ္ဘာ့ စကိတ်ချံပီယံကလေး...
အိန္ဒိယနိုင်ငံမှ လူငယ်လေးတစ်ဦးဟာ အထိအခိုက်၊အရပ်မနားမရှိပဲကားအစီးပေါင်း ၂၀ အောက်မှဖြတ်ပြီး
ခြေထောက်များကိုကားပြီး၊ ခန္ဓာကိုယ်ကိုငုံ့ ကာ စကိတ်စီးအစွမ်းပြကာ မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်....
ရိုဟန်အဂျစ်ကိုကိန်း အမည်ရှိကောင်လေးဟာ စကိတ်စီးပြီးခန္ဓာကိုယ်ကို ငုံ့ ကာအရှည်ဆုံးအကွာအဝေးအ
ထိအစွမ်းပြနိုင်ခဲ့ သဖြင့် ဂင်းနက်စ်ကမ္ဘာ့ ထူးဆန်းမှတ်တမ်းစံချိန်အသစ်အဖြစ်တင်နိုင်ခဲ့ ပါတယ်...
သူ့ လိုတော့ ဖြင့် လိုက်တုဖို့ မလွယ်...
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ တွင် ပြုလုပ်ခဲ့ သည့် သရုပ်ပြမှုတွင်သူဟာကားအစင်းပေါင်း ၂၀ တန်းစီရပ်ထား
သည့် အောက်မှဖြတ်ကာ မယုံကြည်နိုင်လောက်အောင်ပင်အစွမ်းပြကာ ခြေထောက်များကို ကားပြီး၊ ခေါင်း
ငုံ့ ကာ စကိတ်စီးပြခဲ့ တာဖြစ်ပါတယ်...
သူဟာ ခန္ဓာကိုယ်ကိုမကိုင်းညွှတ်ခင် စကိတ်ဖြင့် အရှိန်ယူကာ သူ့ ရဲ့ ရင်ဘတ်ကို ကြမ်းပြင်နှင့် တစ်ပြေးညီ
နီးပါး နိမ့် ထားခဲ့ တာဖြစ်ပါတယ်...
ကားများအောက်မှ ရိုဟန် ဖြတ်သွားနိုင်မည့် အမြင့် ပမာဏမှာ ၃၅ စင်တီမီတာမျှသာဖြစ်ပြီး ကားတစ်စင်း
နှင့် တစ်စင်းဟာလည်း ၂၀ စင်တီမီတာမျှသာကွာခြားရပ်တန့် ထားတာဖြစ်ပါတယ်....
သူ့ အနေနှင့်နောက်ဆုံးကားအထိရောက်ရန် စကိတ်စီးအစွမ်းပြသချိန်အားဖြင့်  ၃၀ စက္ကန့် မျှသာကြာမြင့် 
ခဲ့ ပါတယ်...
ယခင်ဂင်းနက်စ်မှတ်တမ်းစံချိန်ထက် ၂၆ ပေပိုမိုကွာဝေးသည့် စံချိန်အဖြစ် ၁၂၆ ပေ၊ ၁၁ လက်မ အထိ၎င်း
အနေနှင့် ရောက်ရှိစီးနင်းပြသနိုင်ခဲ့ သဖြင့် ရိုဟန် တစ်ယောက်ဝမ်းသာလွန်လို့ ခုန်ပေါက်မိသည်အထိဖြစ်
ခဲ့ ရပါတော့ တယ်...
ယောကျာင်္းလေးမို့ သာ တော်တော့ တယ်...

အသက် ၁၅ နှစ် နဲ့ အရပ် ၆ပေ ၁၁လက်မ ကျောင်းသားလေး
သူ့ ကိုတော့ ကျောင်းမှာ တောင်ဘီလူးလေး လို့ လူသိများပြီး ဆရာ၊ဆ၇ာမများနဲ့ ကျောင်းသား
ကျောင်းသူများအားလုံး သူ့ ကို မော့ ကြည့် ကြရပါတယ်...
အသက် ၁၅ နှစ်သာရှိသေးတဲ့  ဘရက်ဒလေဖစ်ရှာ ဟာ အရပ် ၆ပေ နဲ့ ၁၁ လက်မ မြင့် ပြီး သူ
ဟာဆက်လက်ပြီး အရပ်ရှည်ကာ ထွားကြိုင်းနေဆဲပဲဖြစ်ပါတယ်...
သူ့ ရဲ့ အငယ်ဆုံး၊ အပုဆုံး ကျောင်းနေဖက်သူငယ်ချင်း ဇိုးမက်ဒါးမော့ တ် နဲ့ ယှဉ်လိုက်ယင် သူက
အရပ် ၂ ပေကျော်ပိုပြီးမြင့် ပါတယ်...သူမက ၄ပေနဲ့  ၆လက်မ ပဲမြင့် တယ်လေ...
သူ့ အတွက် အမေရိကားက ဆိုဒ်နံပါတ် ၁၅ ရှူးဖိနပ်ကို အထူးမှာပြီးစီးရကာ၊ အထူးပြုလုပ်ထား
တဲ့ အိပ်ယာနဲ့ မှအိပ်တဲ့  ဘရက်ဒလေ ကတော့ အခုလိုထူးခြားပြီးအရပ်ရှည်နေတာကိုက သူ့ 
အတွက် ကံကောင်းတာပါပဲတဲ့ ...ဖြစ်လို့ လည်းဆိုတော့ သူ့ အရပ်ကြီးနဲ့ ဘတ်စကက်ဘောက
စားရတာပိုကောင်းတာပေါ့ လေ...
အခုတော့ သူ့ ကို အင်္ဂလန်ရဲ့ အသက် ၁၆ နှစ်အောက် ဘတ်စကက်ဘော လက်ရွေးစင်အဖြစ်
ရွေးချယ်လိုက်ပါပြီ...
လန်ကက်ရှိုင်းယားနယ်၊ ချောလေး အရပ်မှာနေတဲ့ ကောင်လေးက ” ကျွန်တော်က အရပ်ရှည်
တော့ ဘတ်စကက်ဘောကစားရာမှာ တစ်ပန်းသာတယ်လေ...နဂိုကလည်းဘတ်စကက်ဘော
ကစားရတာ ၀ါသနာပါတော့ အတော်ဖြစ်သွားတာပါပဲ...” လို့ ပြောဆိုခဲ့ပါတယ်...
အခန်းတွေကိုအ၀င်မှာ တံခါးဘောင်နဲ့ မလွတ်လို့ အမြဲပဲ ခေါင်းငုံ့ ပြီးသွားလာနေရတဲ့  ကောင်
လေးက သူ့ အနေနဲ့ အခုလို အရပ်ကြီးမိုးထိုးနေလောက် သူ့ အတွက်ဂုဏ်ယူရတာ တစ်ခြား
ဘာမှမရှိပါဘူးတဲ့ ....
ကျွန်တော်ကတော့ အရပ်ရှည်ရတာကိုကြိုက်တယ်...သူငယ်ချင်းတွေနဲ့ ကျွန်တော့် မိဘတွေ
ကတော့ အခုလိုအရပ်ရှည်တာကို ကောင်းတယ်လို့ ယူဆကြပါတယ်..လို့ သူကဆိုပါတယ်...
”အထူးသဖြင့် ကျွန်တော့် အမေနဲ့ ဈေးဝယ်ထွက်တဲ့ အခါမှာ စင်အမြင့် ပေါ်က ပစ္စည်းတွေ
လိုချင်ယင်တော့ ကျွန်တော် ကတော်တော်အသုံးဝင်တယ်လေ...
ကျွန်တော့ အတွက် အ၀တ်အစားတွေဝယ်ယင်တော့ အကြီးဆုံးဆိုဒ်ကိုသာမှာရပါတယ်...
ဒါတောင် ကျွန်တော်နဲ့ တော်ပါ့ မလားလို့ စိတ်ပူနေရပါသေးတယ်...
ကျွန်တော်ငယ်ငယ် မူကြိုကလေးဘ၀မှာကတည်းက သူများတွေထက်ကို အရပ်ပိုရှည်
ပါတယ်...” လို့  နော်တင်ဟမ် မှာကျင်းပမယ့်  ဥရောပဖလားဘတ်စကက်ဘောပြိုင်
ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ ကျင့် နေတဲ့ ဘရက်ဒလေ ကပြောပြပါတယ်...
လူတွေကတော့ အစကတည်းကအမြဲပြောနေကြတာပါပဲ...ကျွန်တော်ကတော့ တော်တော်အရပ်
ရှည်မှာပဲလို့ ....ဒါပေမယ့် ကျွန်တော်အရပ်ရှည်လာတာက မရပ်မနားတစ်ရှိန်ထိုးမဟုတ်ပါဘူး...
အဆင့် ဆင့် ရှည်လိုက်၊ ခဏရပ်နားလိုက်၊ ပြီးတော့ ဆက်ပြီးအရပ်ရှည်လာတာပါ...
သူဟာ ကမ္ဘာကျော် ဘတ်စကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်ထက်ကို အရပ် ငါးလက်မ
ပိုရှည်နေပါပြီ...မိုက်ကယ်ဂျော်ဒန်က ၆ပေ နဲ့  ၆ လက်မ ရှည်တယ်လေ...
ဒါပေမယ့် ဗြိတိန်နိုင်ငံရဲ့ အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်နိုင်ဖို့ ကတော့ သူ့ 
အနေနဲ့ နောက်ထပ် နည်းဆုံး ၈ လက်မလောက် အရပ်ရှည်ရဦးမှာပါ...
အခုအချိန်အထိ အဆိုပါစံချိန်ရှင်ကတော့  အရပ် ၇ ပေ နဲ့  ၇ လက်မ မြင့် တဲ့ ပေါလ်စတူးဂရက်စ်
ဖြစ်ပါတယ်...
သူတက်ရောက်သင်ကြားနေတဲ့ ကျောင်းရဲ့ ဒုတိယကျောင်းအုပ် ဘရိုင်ယန်ဆောက်တာ ကတော့ 
သူ့ ရဲ့ စာသင်သက် ၃၅ နှစ်အတွင်းမှာ ဘရက်ဒလေ ဟာ အရပ်အရှည်ဆုံးတပည့် ပါပဲလို့ ဆိုခဲ့ 
ပါတယ်...
” သူဟာ ကျွန်တော်စာသင်ကြားပေးနေတဲ့ ဆောက်တ်လန်း ကျောင်းရဲ့ ရာဇ၀င်မှာတော့ အ
ရပ်အရှည်ဆုံးကျောင်းသားပါပဲ...အယင် ၁၉၇၀ ခုနှစ်လောက်များတုံးကတော့  အရပ် ၆ပေ
နဲ့  ၇ လက်မ ရှည်တဲ့ ကျောင်းသားတစ်ဦး ရှိခဲ့ ဘူးပါသေးတယ်...”
” သူဟာခန္ဓာကိုယ်ထွားကြိုင်းပြီးအရပ်ရှည်ပေမယ့် သိမ်မွေ့ နူးညံ့ ပါတယ်...အင်မတန်မှဖော်
ရွေခင်မင်ကာနှစ်လိုဖွယ်ကောင်းပါတယ်...ကျောင်းမှာလည်း လူသိများတယ်ပေါ့ ....ရည်မှန်း
ချက်ရှိတဲ့ ကျောင်းသားတစ်ဦးပါပဲ....” လို့ ဒုတိယကျောင်းအုပ်ဆရာကြီးကပြောခဲ့ ပါတယ်...
ကမ ၻာ.အခ်မ္းသာဆံုးတိရိစ ၦာန္မ်ား.
ကမ ၻာ.အခ်မ္းသာဆံုးတိရိစ ၦာန္မ်ား.... Sunday, January 31, 2010 ကမ ၻာ.အခ်မ္းသာဆံုးတိရိစ ၦာန္မ်ား....
သတ္တ၀ါတွေဟာ ကံ၊ ကံ၏အကျိုးပေးအတိုင်းပဲရှိနေကြရတယ် ဆိုတဲ့ စကားဟာ အ
ခုဆောင်းပါးဖတ်ပြီးတော့ မှပဲ ပိုပြီးတော့ သိသာထင်ရှားလာ၊ သဘောပေါက်လာရ
ပါတယ်...
အကုသိုလ်ကံကြောင့်  အဟိတိရိစ္ဆာန်ဖြစ်နေရပေမယ့်  ကံအကြောင်းတရားက ဖေး
မခဲ့ လေတော့  နေဖို့ စားဖို့ မပူရရုံတင်မက၊ ပိုင်ဆိုင်မှု၊ ချမ်းသာမှုကပါ ပြောမယုံ
ကြုံဖူးမှ သိကြမယ် ဆိုသလိုပါပဲ မယုံနိုင်လောက်အောင်ကို အံ့ မခန်းချမ်းသာကြပါ
တယ်တဲ့ ဗျာ...
အဲဒီတိရိစ္ဆာန်တွေကို ငွေတွေ ပေးထားခဲ့ ( သူတို့ နာမည်နဲ့ ဘဏ်မှာအပ်ထားခဲ့ တာ
ပေါ့ လေ...) တဲ့ လူချမ်းသာတွေကိုလည်း အံ့ သြမိပါရဲ့ ....
သူတို့ သေဆုံးသွားပြီးနောက် သူတို့ ရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုဘာမှ မသိနားမ
လည်တဲ့ တိရိစ္ဆာတွေနာမည်နဲ့ ဘဏ်တွေမှာ အပ်နှံခဲ့ မယ့် အစား တစ်ခြားအကျိုး
ရှိမဲ့ အဖွဲ့ အစည်းတွေ၊ လူမှုရေးလုပ်ငန်းတွေကိုလှူခဲ့ ယင် ပိုပြီးတော့ အကျိုးမရှိ
ပေဘူးလားဗျာ....
ကဲ....
ဘာပဲဖြစ်ဖြစ် ထားခဲ့ တဲ့ သူတွေကထားခဲ့ တော့ လဲ ထိုတိရိစ္ဆာန်တွေကတော့ အ
ချောင် သူဌေးတွေဖြစ်နေကြရတာကတော့  သာမာန်လူတွေအတွက်ကတော့ အား
ကျစရာပါပဲ...
£224m dog tops pet rich list ...တိရိစ္ဆာန်တွေ အားလုံးထဲမှာ အချမ်းသာဆုံးကတော့ ခွေးပါတဲ့ 
HERE'S a dog who's far from paw - Alsatian Gunther is worth 224million. ကမ္ဘာ့ အချမ်းသာဆုံးခွေးကတော့ ပိုင်ဆိုင်မှုပေါင်း ပေါင်စတာလင် ၂၂၄ သန်း အမေရိကန်ဒေါ်လာ ( ၃၆၁ သန်း ) ဖြစ်ပြီး သူဟာ ပေါင်စတာလင် ၅၃ သန်း( ဒေါ်လာ ၈၅သန်း ) ကြွယ်ဝတဲ့  ချင်ပန်ဇီမျောက်ဝံ ကာလူးနဲ့  ပေါင် သန်း ၃၀
( ဒေါ်လာ ၄၈ သန်း ) ကြွယ်ဝတဲ့ ခွေးကလေး တိုဘီ တို့ ကိုဖြတ်ကျော်ပြီး ထိပ်
ဆုံးဇယားကိုရောက်လာခဲ့ တာဖြစ်ပါတယ်...
နာမည်ကျော် ချမ်းသာကြွယ်ဝတဲ့ ခွေးတွေဟာ အာဖရိကနွယ်ဖွား အမေရိကန်မှ နာ
မည်ကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ လူမည်းအမျီူးသမီး အော်ပရာဝင်းဖရေး နဲ့ 
အမေရိကန် Frasierရုပ်သံဇတ်လမ်းများမှာပါဝင်သရုပ်ဆောင်ခဲ့ တဲ့ ခွေး ဇတ်လိုက်
အက်ဒီ တို့ ပါဝင်ပါတယ်...
ဘဏ်ထဲမှာ ပေါင်စတာလင်ငွေ လေးသိန်း ( ဒေါ်လာ ၆.၄ သိန်း ) ကြွယ်ဝချမ်းသာ
တဲ့  ကြောင်Zeus လည်း တိရိစ္ဆာန်သူကြွယ်စာရင်းထဲမှာ ပါသေးသပေါ့ ...
လန်ဒန်မြို့ မှာပဲ နေထိုင်တဲ့  Csoki အမည်ရှိတဲ့ ကြက်တူရွေးကတော့ ပေါင်စတာလင်
ငါးသောင်း( ဒေါ်လာ ၈ သောင်း ) ချမ်းသာတယ် ဆိုပဲ...
အဆိုပါ တိရိစ္ဆာ သူကြွယ်များ စာရင်းကို လန်ဒန်မြို့ ရဲ့ တိရိစ္ဆာများ အာမခံကုမ္ပဏီ Petplan ကထုတ်ပြန်ခဲ့ တာမို့  အမှန်တစ်ကယ်ချမ်းသာတာဖြစ်နိုင်ပါတယ်....
1. Gunther IV the dog - 224.6million
ဒေါ်လာ ၃၆၁ သန်း ချမ်းသာတဲ့  Gunther IV အမည်ရှိခွေးသူကြွယ်...
သူပိုင်ဆိုင်တဲ့ ငွေကြေး ဒေါ်လာ ၃၆၁ သန်းနဲ့ ဆိုယင် ခွေးသူဌေး Gunter တစ်ကောင်
သူ့ စိတ်ကြိုက်အကောင်းဆုံးဆိုတဲ့ အရိုးတွေ ဘယ်နှစ်ချောင်းများဝယ် ကိုက်နိုင်မလည်း
ဆိုတာ ရေတွက်လို့ တောင်မရနိုင်ပါဘူး....
ဒီခွေးဟာ အဆိုတော်မက်ဒေါနား ယခင်ကပိုင်ဆိုင်ခဲ့ ဖူးတဲ့  မီယာမီအိမ်တော်ကိုလည်းပိုင်
ပါသတဲ့ ...
ပြီးတော့ သူလိုသမျှ အနားကနေ စိတ်ကြိုက်ဆောင်ရွက်ပေးမယ့် ဘတ်တလာ အစေခံ
ပါဝင်တဲ့ တိုက်ကြီးတစ်လုံးလည်း ဘဟားမား ( ဘားမားမဟုတ်ဘူးနော်...) မှာရှိသေး
တယ်ဆိုပဲ...
ဒီခွေးနေ့ စဉ်စားသုံးတာကတော့ ဈေးအကြီးဆုံး caviar ငါးဥနဲ့  အကောင်းစား အမဲသား
ပါတဲ့ ...
အင်း ခွေးကောင်းစားတာ လူတောင် ဘယ်လိုမှလိုက်လို့ မမှီအောင်ပါပဲလားဗျာ....
Just think how many bones Gunther IV could buy with the 224million he inherited from his dad's super rich owner. He owns several homes including Madonna's former Miami mansion. He also has a villa in the Bahamas complete with butler. And you can forget Pedigree Chum - Gunther IV dines daily on caviar and steak.
2. Kalu the chimpanzee - 53million
သန်းကြွယ်သူဌေး ချင်ပန်ဇီမျောက်ဝံ ကာလူး...
မျောက်ဝံကာလူးဟာ ယခုတော့ အာဖရိက ရဲ့ Cape Town မြို့ မှာ နေပါတယ်...
သူအခုလိုချမ်းသာလာရတာကတော့ သူ့ ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့  နာမည်ကျော်ရေကူးသမား
Frank O'Neill နှင့် ဇနီးဖြစ်သူ Patricia တို့ ကွာရှင်းပြတ်စဲအပြီးမှာ အမွေအဖြစ်ဆက်ခံ
ရရှိခဲ့ တာဖြစ်ပါတယ်...
သူကတော့ ဘယ်သူနဲ့ လိုက်နေတယ်ဆိုတာမသိရပါဘူး...
Kalu now resides in his Cape Town estate in Africa. He inherited his millions after the divorce of famous swimmer Frank O'Neill and wife Patricia.
3. Toby Rimes the dog - 30million (US 48 million )
ဒေါ်လာ ၄၈သန်း ချမ်းသာတဲ့ ခွေး တိုဘီရိုင်းမ်စ်
Ella Wendel ဟာ သူမရဲ့ အမွေးစုတ်ဖွားခွေးကလေး တိုဘီကို ဒေါ်လာ ၂၄ သန်း
(ပေါင် ၁၅ သန်း ) ၁၉၃၁ ခုနှစ်မှာ ထားခဲ့ ပါတယ်...
အဲဒီကတည်းက ခွေးတွေမျိုးရိုးစဉ်ဆက်ချမ်းသာလာလိုက်တာ အခုလက်ရှိ တိုဘီ လက်
ထကမှာတော့ ဒေါ်လာ ( ၄၈ သန်း ) ဖြစ်လာတယ်ပေါ့ ....
အိမ်ခြံမြေဈေးတွေတက်လို့ ၊ ဘဏ်အာမခံ အတိုးနှုံးတွေကြောင့် ပိုများလာတာဖြစ်မယ်
ထင်ပါတယ်...