“ ဗုဒ္ဓဘာသာဝင်တို့ သိထားသင့်တာက...”
အသုဘနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင် အတော်များများ အစဉ်အလာအရ လွဲမှားစွာ ခံယူထား ကြသော အချက်များအနက် တစ်ချက်မှာ သေဆုံးပြီးနောက်... အိမ်မှာ ၇ ရက်နေသည်ဟု ယုံကြည်ကြ ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ၇ ရက်ပြည့်လျှင် ရက်လည် ဆွမ်းသွတ်ကြသည်။
ထိုဝါဒသည် ဟိန္ဒူ(ဗြဟ္မဏ) ၀ါဒ မှ ထေရ၀ါဒသို့ ထိုးဖောက်လာသော ၀ါဒပင် ဖြစ်သည်။ ထေရ၀ါဒ အလိုအရ လူ(သို့) သတ္တ၀ါ တစ်ဦးဦး သေဆုံးလျှင် ရောက်သင့် ရောက် ထိုက်သည့် ဘ၀ ၅ မျိုးရှိသည်။
၁။ ဒေ၀ဂတိ-နတ်ဘုံ
၂။ မနုဿဂတိ- လူ့ဘုံ
၃။ နိယရဂတိ- ငရဲဘုံ
၎။ ပေတဂတိ- ပြိတ္တာဘုံ
၅။ တိရစ္ဆာနဂတိ- တိရိစ္ဆာန်ဘုံ များပင် ဖြစ်သည်။ ဤဘ၀တွင် နောက်ဆုံးဖြစ်သည့် စိတ်ကို စုတိစိတ် ဟု ခေါ်၍ ဘ၀သစ်၌ ပထမဆုံးဖြစ်သည့်စိတ်ကို “ ပဋိသန္ဓေစိတ်” ဟုခေါ်သည်။
စုတိစိတ်နှင့် ပဋိသန္ဓေစိတ်ကြား၌ တစ်စက္ကန့်မျှ မခြားပဲ ပဋ္ဌါန်း အနတ္တရပစ္စည်း သတ္တိဖြင့် ဘ၀သစ် တစ်ခု ဖြစ်ရသည်။
၇ ရက်မျှ နေသည့် ကြားဘ၀ မရှိပါ။ သို့သော် ဟိန္ဒူ(ဗြဟ္မဏ)၀ါဒတွင် သေပြီးသည်နှင့် ရောက်သင့်ရာ မရောက်သေးပဲ ကြား၌ ၇ ရက်မျှနေသည့် ဘ၀ ရှိသည်ဟု ယုံကြည်လက်ခံထားခဲ့ကြသည်။ ဗုဒ္ဓကမူ ထိုဝါဒကို “ အန္တရာဘ၀ဒိဋ္ဌိ” ( ကြားထဲ ၇ ရက်မျှနေသည့်ဘ၀ ရှိသည်ဟု လက်ခံထားသည့် မှားယွင်းသည့် အယူ)ဟူ၍ ဟောကြားထားသည်။
ထို့ကြောင့်လူသေပြီးလျှင် အိမ်မှာ ၇ ရက်နေသည်ဟု ထေရ၀ါဒဗုဒ္ဓဘာသာ နှင့် ဆန့်ကျင်သော အယူဝါဒများ ဖြစ်ကြောင်း အမှန်ကို သိမြင်၍ အစဉ်အလာ အစွဲအလမ်းများကို ဖယ်ရှားသင့်ကြောင်း သို့မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ပြီး သရဏဂုံတည်မည် ဖြစ်ပါသည်။
သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း။
ထိတ်လန့်သံဝေဂယူဖွယ်ရာ မြတ်စွာဘုရားရှင်
ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသလို ဝဋ်ဆိုတဲ့အရာက ဘယ်လိုပုဂ္ဂိုလ်ကိုမှ မျက်နှာသာမပေးသလို ဘယ်သို့သောပုဂ္ဂိုလ်ကမှာလည်း လွတ်ကင်းကြတယ်ဆိုတာမရှိပါဘူး။ဦးဇင်းတို့ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားသည်ပင်လျှင် ဝဋ်တော်နှင့်မကင်းတဲ့အတွက် ကျန်သော ပုဂ္ဂိုလ်များမှာ ဆိုဖွယ်ရာပင်မရှိပါ။ငယ်ငယ်ကလေးလေးတွေက ပုဇဉ်းလေးတွေကိုဖမ်း၊ပြီးတော့ အရှင်လတ်လတ် အတောင်ချိုး၊စာကလေးတွေကိုဖမ်းပြီး မပျံနိုင်အောင်အတောင်ကိုဓါးနဲ့ဖြတ်။စတာတွေကိုလုပ်တော့ လူကြီးတွေကပြောတယ်။ ကလေးတွေ တိရိစ္ဆာန်လေးတွေကို သတ်ချင်ရင်သေအောင်သတ်။ မသေမရှင်လုပ်ရင်ဝဋ်လိုက်တတ်တယ် ဆိုတဲ့ဆုံးမစကားလေးများကိုကြားဖူးပါတယ်။မှန်ပါတယ်။ သတ္တဝါတစ်ကောင်ကိုသတ်လိုက်ရင် ပါဏာတိပါတကံထိုက်ပြီး ငရဲကြီးပါတယ်။သို့သော်မသေမရှင်အတောင်ချိုးလိုက်တာ၊မျက်စေ့ကိုဖောက်လိုက်တာ။ခြေထောက်ကိုဖြတ်တာကျတော့ ငရဲလည်းကြီးသလို ဝဋ်လည်းလိုက်တတ်ပါတယ်။မသေမရှင် ခြေထောက်ကိုဖြတ်လိုက်မယ်ဆိုရင် အဲဒီဝဋ်က ပြန်အကျိုးပေးရင် ရောဂါတစ်ခုခုကြောင့်ခြေထောက်ဖြတ်ပစ်ရခြင်းစတဲ့ သူတွေကိုမြင်ဖူးကြမှာပါ။အဲဒါတွေက အကြောင်းမဲ့သက်သက်ဖြစ်လာတာမဟုတ်ပဲ မိမိကျူးလွန်ခဲ့တဲ့ ကံကြောင့်ဝဋ်လိုက်ခြင်းဖြစ်တယ်ဆိုတာ ပြောပြချင်တာပါ။ဒါထက် များတာတွေလည်းရှိပါသေးတယ်။ဒီနေရာမှာ ဒီတစ်ခုလောက်ကိုပဲဥပမာထားပြီးပြောလိုက်ပါတယ်။ငရဲဆိုတာမျိုးကတော့ ကောင်းမှုကုသိုလ်များများပြုလုပ်ပြီး အကျိုးပေးခွင့်မရအောင်၊စွမ်းဆောင်နိုင်သော်လည်း၊ဝဋ်ဆိုသည့်အရာကိုတော့ ဘယ်လိုကုသိုလ်မျိုးနဲ့မှာ အစားထိုးပြုလုပ်လို့မရပါဘူး။
အတုမရှိတဲ့ မြတ်စွာဘုရားသည်ပင်လျှင်ဝဋ်တော်နှင့်မကင်းကြောင်းကို မြတ်စွာဘုရားကိုယ်တိုင်ဟောတော်မူခဲ့တာတွေရှိပါတယ်။ မြတ်စွာဘုရားဖြစ်နေတာတောင်ရှောင်
လို့မရခဲ့ပါဘူး။ခံစားရတာပါပဲ။ခံစားရတာတောင်တစ်ပါးတည်းမဟုတ် (၁၂)ပါးတောင်ဖြစ်ပါတယ်။အဲဒီဝဋ်တော်(၁၂)ပါးအကြောင်းကို မသိသေးသောသူများကိုရည်ရွယ်ပြီးရေးသားလိုက်ခြင်းဖြစ်သလို၊သိပြီးသူများလည်း သိသည်ထက်သိအောင် အသိပေးလိုခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်၏ဝဋ်တော်(၁၂)ပါးကအောက်ပါအတိုင်းဖြစ်ပါတယ်။
(၁)။ပထမဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ်တစ်ခုသောဘဝက မုနာဠိမည်တဲ့ သေသောက်ကြူးဖြစ်ခဲ့ဖူးပါတယ်။အဲဒီဘဝမှာ (သုရဘိ)အမည်တော်ရတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ဤသူကား လူသူလေးပါး ဆိတ်ကွယ်ရာအရပ်၌ ကာမလိုက်စားမွေ့လျော်ပျော်ပါး၍ တရားမရှိ သီလမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ စွပ်စွဲစကားပြောမှားတော်မူခဲ့ပါတယ်။အဲဒီမကောင်းမှု အကုသိုလ်ကံကြောင်း ငရဲမှာ နှစ်ပေါင်းများစွာ ခံရပြီး ယခုမြတ်စွာဘုရားဖြစ်တော်မူတဲ့အခါ လူသူအများထင်မှားအောင် သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကိုခံရတော်မူပါတယ်။ဒါက ပထမဝဋ်တော်ဖြစ်ပါတယ်။ဒါကြောင့် သူတစ်ပါးအား စွပ်စွဲပုတ်ခြင်းကို အထူးရှောင်ကြဉ်ပါလို့တိုက်တွန်းချင်ပါတယ်။
(၂)။ဒုတိယဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ်တစ်ခုသော ဘဝမှာ သဗ္ဗာဘိဘူ အမည်တော်ရှိသော ပစ္စေကဗုဒ္ဓဘုရားရှင်၏ နန္ဒမည်သော တပည့်သာဝကဖြစ်ခဲ့၍ ထိုသဗ္ဗာဘိဘူ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်ကို သီလမရှိသောသူ ယုတ်မာသောသူ ဖြစ်ဘိ၏ဟု စွပ်စွဲစကား ပြောမှားခဲ့ပါတယ်။အဲဒီအကုသိုလ်ကံကြောင့် ငရဲမှာ အနှစ်တစ်သောင်းကြာအောင်ခံရပြီး လူဖြစ်သောဘဝများစွာတို့မှာလည်း လူသူလေးပါးရဲ့ မဟုတ်မတရားစွပ်စွဲခြင်းကိုခံရသလို၊ယခုနောက်ဆုံးဘဝမြတ်စွာဘုရားရှင်ဖြစ်တော်မူတဲ့အခါမှာ လူများအလည်၌ စိဉ္စမာန မိန်းမယုတ်ရဲ့ မဟုတ်မတရားစွပ်စွဲခြင်းကိုခံရတော်မူတယ်ဆိုတာအားလုံးအသိပါ။ဒါက ဒုတိယမြောက်ဝဋ်တော်ဖြစ်ပါတယ်။ဒါကြောင့်သူတစ်ပါးအား ယုတ်မာသောစိတ်ထား၊မကောင်းတဲ့စိတ်ထားနဲ့ စွပ်စွဲပြောဆိုခြင်းကို ရှောင်ကြဉ်ပါလို့ တိုက်တွန်းပါတယ်။
(၃)။တတိယဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ လူများလေးစားခြင်းကိုခံရတဲ့ဗေဒင်သုံးရပ်ကို အကုန်တတ်မြောက်တဲ့ ပါမောက္ခဆရာဖြစ်ပြီး တပည့်ငါးရာကို မဟာဝုန်တော်မှာ ဗေဒင်များကို သင်ကြားပို့ချနေစဉ် အဘိညာဏ်တန်ခိုးရှင် ဘီမ မည်သော ရသေ့သူမြတ်ထိုအရပ်ကိုကြွရောက်တော်မူတာကို မြင်တဲ့အခါမှာ(ကြည်ညိုလေးစားရမယ့်အစား)ဤရသေ့ကား ကာမစည်းစိမ်ကိုခံစားသူ ရသေစဉ်းလဲဖြစ်သည်ဟု စွပ်စွဲပြီး တပည့်တွေကိုလည်းပြောကြားပါတယ်။တပည့်တွေကလည်းအားရဝမ်းသာလက်ခံကြပြီး မြို့ရွာအတွင်း ဆွမ်းခံကြွနေသော ထိုဘီမရှင်ရသေ့ကို ဤရသေ့ကား ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်သည်ဟု အိမ်တိုင်း အိမ်တိုင်းရှိလူများအား ပြောကြားပါတယ်။အဲဒီအကုသိုလ်ကံကြောင့်ပင်လျှင် နောက်ဆုံးဘဝ ဘုရားရှင်လက်ထက်ရောက်တော်မူတဲ့အခါမှာ တပည့်ရဟန်းငါးရာဖြစ်လာကြကာ သုန္ဒရီပရဗိုဇ်မ(တိတ္တိတို့သတ်၍)သေရတယ်ဆိုပြီး လူအများရဲ့ စွပ်စွဲခြင်းကိုခံရပါတယ်။တပည့်မကောင်းဆရာခေါင်းဆိုသလို တပည့်ရဟန်းငါးရာကိုစွပ်စွဲခြင်းသည် မြတ်စွာဘုရားကိုစွပ်စွဲခြင်းသာဖြစ်တဲ့အတွက် တတိယဝဋ်လို့ဆိုရမှာပါ။(မှတ်ချတ်။ သုန္ဒရီပရဗိုဇ်မက မြတ်စွာဘုရားကိုစွပ်စွဲတဲ့ အကုသိုလ်ကံကြောင့်မြေမြိုပြီးသေဆုံးခြင်းသာဖြစ်ပါတယ်။)လူအများက ရဟန်းငါးရာကို တတ္တိဟုဆိုပြီးစွပ်စွဲခြင်းကား ရသေ့အရှင်မြတ်ကို ရသေ့စဉ်းလဲ၊ကာမဂုဏ်ကိုခံစားသူဟုစွပ်စွဲတဲ့အကုသိုလ်ကံကြောင့်ဖြစ်ပါတယ်။
(၄)စတုတ္ထဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ အဖေတူ အမေကွဲ ဖြစ်သောညီငယ်အား ဥစ္စာကို လိုချင်တက်မက်သောကြောင့် သတ်ဖြတ်၍ တောင်ချောက်ကြားမှာ ပစ်ချရုံမျှမက ကျောက်တုံးဖြင့် တစ်ဖန်ထပ်ပြီး ဖိညှပ်ကြိတ်ခြေမှုကိုပြုခဲ့ပါတယ်။အဲဒီအကုသိုလ်ကံကြောင့် မြတ်စွာဘုရားဖြစ်တော်မူတဲ့ဘဝကိုရောက်တော့ ရှင်ဒေဝဒတ်ကျောက်မောင်းဆင်ပြီး ပစ်ချသည်ကိုခံရပြီး ခြေမတော်မှာ ကျောက်ချပ်ကျောက်လွှာ စဉ်ထွက်လာကာ သွေးစိမ်းတည်အောင် အထိအခိုက်ခံတော်မူရတယ်ဆိုအားလုံးသိပြီးသားဖြစ်မှာပါ။ဒါက စတုတ္ထဝဋ်တော်ဖြစ်ပါတယ်။
(၅)။ပဉ္စမဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ အမြော်အမြင် အဆင်အခြင် နည်းပါး ကစားလေလွင့်နေတဲ့ လူငယ်ဆိုးဖြစ်ပြီး လမ်းခရီးမမှာ မြူးတူးပျော်ပါးကစားနေစဉ် ပစ္စေကဗုဒ္ဓါတစ်ပါး ကိုမြင်ရလျှင် (ကြည်ညိုရမည့်အစား)နှလုံးသွင်းမှားကာ လမ်းခရီးမှာရှိတဲ့ ကျောက်ခဲများကိုကောက်ယူကာ ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ပစ်ခတ်ပါတယ်။အဲဒီအကုသိုလ်ကြောင့် နောက်ဆုံးဘဝဖြစ်တဲ့ မြတ်စွာဘုရားဖြစ်တော်မူတဲ့အခါမှာ အရှင်ဒေဝဒတ်က လူသတ်လေးသမားများကိုစေလွှတ်ပြီး အသတ်သေအောင်ပြုခြင်းကိုခံရပါတယ်။ဒါက ပဉ္စမမြောက်ဝဋ်တော်ပါ။
(၆)။ဆဋ္ဌမမြောက်ဝဋ်တော်။ ။မြတ်စွာဘုရားရှင် နုစဉ်အခါ တစ်ခုသောဘဝမှာ ဆင်ထိန်းဖြစ်ခဲ့ဖူးပါတယ်။တစ်နေ့တော့ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးကို ဆင်ဖြင့်နင်းသတ်တော့မည်ဟန်ဖြင့် အကြိမ်ကြိမ် ခြောက်လှန့်ခဲ့ပါတယ်။အဲဒီအကုသိုလ်ကံကြောင့် ရာဇဂြိုလ်ပြည်မှာ အရက်များစွာသောက်ပြီး အကြမ်းစိတ်၊အရိုင်းစိတ်ပေါက်နေတဲ့ နာဠာဂီရိဆင်ရဲ့ နင်းသတ်ရန် ရှေ့ရှုချဉ်းကပ်လာသည်ကို ခံရတော်မူပါတယ်။ဒါက ဆဋ္ဌမမြောက်ဝဋ်တော်ပါ။
(၇)။သတ္တမမြောက်ဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ ပြည့်ရှင်မင်းဖြစ်ပြီး မင်းဆိုတော့ မာန်တက်တဲ့သဘောရှိပါတယ်။အဲဒါကြောင့် မကောင်းမှုကိုမစဉ်းစားဘဲ ယောင်္ကျားတစ်ယောက်ကို ကိုယ်တိုင်လှံဖြင့်ထိုးဆွသတ်ဖြတ်ခဲ့ပါတယ်။အဲဒီအကုသိုလ်ကြောင့် ငရဲမှာ နှစ်ပေါင်းများစွာခံရပြီး မြတ်စွာဘုရားဖြစ်တော်မူတဲ့ဘဝမှာလည်း အရှင်ဒေဝဒတ်ကျောက်မောင်းဆင်တဲ့အခါ ကျောက်ချပ်ထိပြီး ခြေမတော်သွေစည်တည်တဲ့အခါ ထိုရောဂါကိုကုစားဖို့ ဆရာဇီဝက ခြေမတော်ကိုဓားဖြင့်ခွဲခြင်းကိုခံရတော်မူပါတယ်။ဒါက သတ္တမြောက် ဝဋ်တော်ပါ။
(၈)။အဋ္ဌမမြောက်ဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ တံငါသည်တစ်ယောက်ရဲ့သားဖြစ်ခဲ့ဖူးပါတယ်။မိမိရဲ့ဆွေမျိုးညီအစ်ကိုမောင်နှမတွေက ငါးတို့ကိုရက်ရက်စက်စက် သတ်ဖြတ်တာကိုမြင်တော့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါတယ်။အမှန်က သတ္တဝါလေးတွေအသတ်ကိုသတ်တာကိုမြင်ရရင် သနားစိတ်ဖြစ်ရမှာပါ။အဲလိုစိတ်မဖြစ်သည့်အပြင် ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ (ကိုယ်တိုင်သတ်ခြင်းမျိုးမဟုတ်)အကုသိုလ်ကံကြောင့် ဤနောက်ဆုံးမြတ်စွာဘုရားရှင်ဖြစ်တော်မူတဲ့ဘဝမှာလည်းဦးခေါင်းတော် ကိုက်ခြင်းဝေဒနာကို မကြာခဏ ခံစားရပါတယ်။ငါတို့ကိုသတ်ဖြတ်ကြတဲ့ ဆွေးမျိုးတွေကတော့ မြတ်စွာဘုရားရှင်၏သာဂီဝင်မင်းမျိုးဆွေတော်မျိုးတော်များဖြစ်လာကြပြီး ဥပစ္ဆေဒကကံလို့ခေါ်တဲ့ သူတစ်ပါးသတ်ဖြတ်ခြင်းကိုခံရခဲ့ရပါတယ်။ဒါက အဋ္ဌမမြောက်ဝဋ်တော်ဖြစ်ပါတယ်။
(၉)။နဝမဝဋ်တော်၊၊ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် ဖုဿမြတ်စွာဘုရားရှင်၏သာသနာတော်မှာ တပည့်သာဝက ရဟန်းတော်တို့ကို သင်တို့သည် မုယောကိုစားကြလော့၊သလေးဆွမ်းတို့ကို မစားကြနဲ့လိုဆိုပြီး ရေရွတ်တော်မူခဲ့ပါတယ်။အဲဒီမကောင်းတဲ့ကံကြောင့် မြတ်စွာဘုရားဖြစ်တော်မူတဲ့ဘဝမှာ ဝေရဉ္စာပြည်၊ဝေရဉ္စာပုဏ္ဏားလျှောက်ထားပင့်ဖိတ်ချက်အရ ဝါကပ်တော်မူစဉ် ဝါတွင်းသုံးလလုံး မုယောမှုန်ကိုသာဘုဉ်းပေးတော်မူခဲ့ရတာပါ။ဒါက နဝမမြောက် ဝဋ်တော်ဖြစ်ပါတယ်။
(၁၀)။ဒသမဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းဖြစ်စဉ်တစ်ခုသော ဘဝမှာ လက်ဝှေ့သမားဖြစ်တော်မူ၍ အခြားသော လက်ဝှေ့သမားတစ်ဦးကို ခါးကျိုးအောင် ရိုက်ချိုးထိုးသတ်ခဲ့ဖူးပါတယ်။အဲဒီ အကုသိုလ်ကြောင့် နောက်ဆုံးမြတ်စွာဘုရားဖြစ်တော်မူတဲ့ဘဝမှာခါးတော် ညောင်းညာကိုက်ခဲခြင်းဝေဒနာကိုခံရတော်မူပါတယ်။ဒါကဒသမမြောက်ဝဋ်တော်ဖြစ်ပါတယ်။
(၁၁)။ဧကာဒသမမြောက်ဝဋ်တော်။ ။မြတ်စွာဘုရားရှင် အလောင်းဖြစ်စဉ် တစ်ခုသော ဘဝမှာ ဆေးဆရာဖြစ်ခဲ့ဖူးပါတယ်။ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသားတစ်ယောက်ကို ဝမ်းလားဆေး(ဝမ်းလျောဆေး)ကိုတိုက်ကျွေးခဲ့ပါတယ်။အဲဒီအကုသိုလ်ကံကြောင့် မြတ်စွာဘုရားဖြစ်တော်မူတဲ့နောက်ဆုံးဘဝမှာ ပရိနိဗ္ဗာန်စံတော်မူခါနီးအခါ သွေးလွန်သည့်ရောဂါဝေဒနာကိုခံစားရတော်မူတာပါ။(မှတ်ချက်။ ။စုန္ဒသတို့သားရဲ့ ဝက်ပျိုသားကိုဘုဉ်းပေးတော်မူလို့ ဝမ်းလျှောခြင်းမဟုတ်ပါဘူး။)ဒါက တစ်ဆယ့်တစ်ပါးမြောက်ဝဋ်တော်ဖြစ်ပါတယ်။
(၁၂)။ဒွါဒသမဝဋ်တော်။ ။မြတ်စွာဘုရားရှင်အလောင်းတော်ဖြစ်စဉ် ကဿပ မြတ်စွာဘုရားလက်ထက်တော်မှာ ဇောတိပါလမည်တဲ့ပုဏ္ဏားလုလင်တစ်ဦးဖြစ်ခဲ့ပါတယ်။ကဿပမြတ်စွာဘုရားကို ဤဦးပြည်းရဟန်အဖို့ရာ သဗ္ဗညုတရွှေဥာဏ်တော်သည် အဘယ်မှာဖြစ်အံ့နည်း။ထိုသဗ္ဗညုတဥာဏ်တော်သည် အလွန်တရာရခဲသော တရားဖြစ်သည်ဟု နှုတ်ဖြင့်ပြစ်မှားပြောကြားခဲ့ပါတယ်။အဲဒီအကုသိုလ်ကံကြောင့်နောက်ဆုံးမြတ်စွာဘုရားဖြစ်ဖို့ရန် ဒုက္ကရစရိယာကျင့်တော်မူတဲ့အခါ ရက်၊လ အနည်းငယ်သာထိုက်သည့်အလျောက်ကျင့်ကြရသော်လည်း ဦးဇင်းတို့မြတ်စွာဘုရားရှင်ဟာ ဝစီဝိပါက်တော်ကြောင့် ခြောက်နှစ်ကြာအောင်ခဲခဲယဉ်းယဉ်းကျင့်တော်မူခဲ့ရပါတယ်။ဒါကနောက်ဆုံးဝဋ်တော်ပါ။
ထိုဝဋ်တော်(၁၂)ပါးကိုမြတ်စွာဘုရား ကိုယ်တော်တိုင်ဟောကြားတာဖြစ်ပါတယ်။ခုဒ္ဒက နိကာယ် ထေရာပဒါနပါဠိ(၃၉)အဝဋဖလဝဂ်မှာအကျယ်ဖတ်ရှုနိုင်ပါတယ်။
ဒီဝဋ်တော်(၁၂)ပါးကိုလေ့လာကြည့်မည်ဆိုပါက ကိုယ်(ကာယကံ)။နှုတ်(ဝစီကံ)ဒီနှစ်ပါးကြောင့်ဖြစ်ရတယ်ဆိုတာထင်ရှားပါတယ်။ ဒါကြောင့်အများထိခိုက်မယ့်၊အများဆင်းရဲမယ့် အမှုကိုကိုယ်ဖြင့်သော်လည်းကောင်း၊နှုတ်ဖြင့်သော်လည်းကောင်း မလုပ်ဖို့ မပြောဖို့ အထူးရှောင်ကြဉ်ဖို့လိုအပ်ပါကြောင်းအသိပေးပါတယ်။သတ္တဝါလေးများကို မသေမရှင်၊ခြေချိုးခြင်း၊မျက်လုံးဖောက်ခြင်း၊လက်ချိုးစတဲ့ ဝဋ်လိုက်စေတတ်တဲ့အမှုမျိုးရယ်၊သူတစ်ပါးအားမဟုတ်မမှန်စွပ်စွဲပုတ်ခတ်မျိုးများကိုအထူရှောင်ကြဉ် ကြပါလို့ အသိပေးရေးသားလိုက်ရပါသည်။
ကိုးကား။ ။မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် (ပဉ္စမတွဲ)မှကောက်နှုတ်ချက်သာဖြစ်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
(Credit to အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ))

ဘုရားငါးဆူ အန္တရာယ်ကင်း ဂါထာ
အရပ်ဒေသတခုကို ရောက်တဲ့အခါ ရွတ်ဆိုတဲ့ လယ်တီဆရာတော်ဘုရားကြီး စီရင်တဲ့ ဘုရားငါးဆူ အန္တရာယ်ကင်း ဂါထာတော်
၁။ ကကုသန္ဓော ကောဏာဂမနော၊ ကဿပေါ ဂေါတမော မုနိ။
မေတ္တေယျော ပဉ္စဗုဒ္ဓါ တေ၊ သီသေ မေ သေန္တု သဗ္ဗဒါ။
၂။ ဧတေသံ အာနုဘာဝေန၊ ယက္ခာ ဒေဝါ မဟိဒ္ဓိကာ။
သဗ္ဗေပိ သုခိတာ ဟောန္တု၊ မမ မိတ္တာ သဟာယကာ။
ပထမဂါထာက အရိမေတ္တေယျ ဘုရားအပါအဝင် ဘုရားငါးဆူကို ရှိခိုးကန်တော့တာပါ။
ဒုတိယဂါထာက ဘုရားရှင်ကြီးတို့ရဲ့ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် အားလုံးသော နတ်အပေါင်းတို့ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ၊ ဂါထာရွတ်ဆိုသူနဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်ကြပါစေ-လို့ နတ်များကို မေတ္တာပို့ပြီး မိတ်ဆွေဖွဲ့တာပါ။
ဒါကြောင့် အရပ်ဒေသတခုကို ရောက်တဲ့အခါမှာ အဲဒီဂါထာကို ရွတ်ပြီး အဲဒီအရပ်မှာရှိတဲ့ နတ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။
အစွမ်းထက် ဂါထာ သုဂတော ၅-ချက် ဂါထာ
ကိစ္စတခုခုနဲ့ စကားပြောရတော့မယ့်အခါ ရွတ်ဆိုပါ။
သုဂတော သုဂတဓာနံ၊ သုဂတော သုန္ဒရမ္ပိ စ။
နိဗ္ဗာနံ သုဂတော ယာတိ၊ သုဂတော တေ နမော နမာ။
အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့ တောင်လေးလုံး ဆရာတော် ဘုရားကြီး အမြဲရွတ်ဆိုတော်မူတယ်လို့ ဆိုပါတယ်။ အဲဒီဂါထာကို ရွတ်ရင် ဝိဇ္ဇာနဲ့ တွေ့နိုင်တယ်၊ ဝိဇ္ဇာဓရိက ဂါထာလို့ ခေါ်တယ်လို့လည်း အဆိုရှိပါတယ်။
သုဂတဓာနံ-ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့်လည်း၊ သုဂတော-သုဂတမည်တော်မူ ပါပေ၏။
သုန္ဒရမ္ပိစ-ကောင်းသောသဘောရှိသောကြောင့်လည်း၊ သုဂတော-သုဂတ မည်တော်မူပါပေ၏။
နိဗ္ဗာနံ-နိဗ္ဗာန်အမြတ် ကောင်းမြတ်သောအရပ်သို့၊ ယာတိ-သွားတော်မူတတ်သောကြောင့်လည်း၊ သုဂတော-သုဂတ မည်တော်မူပါပေ၏။
သုဂတော-သုဂတဂုဏ်ရှင် မြတ်ဘုရားသခင်၊ တေ-ရှင်ပင်ဘုရားအား၊ နမော-နမာ-လွန်ထူးကဲစွာ ရှိခိုးပါ၏ ဘုရား။
အစွမ်းထက် ဂါထာ သစ္စာအနက် ၁၆-ချက် ဂါထာ
ပဌမံ ဂါထာလို့ လူသိများတဲ့ သစ္စာအနက် ၁၆-ချက် ဂါထာပါ။
ပဌမံ သကလက္ခဏ မေကပဒံ၊ ဒုတိယာဒိ ပဒဿ နိဒဿနတော။
သ-မ-နိ၊ ဒု-နိ-မ၊ သ-မ-ဒု၊ သ-နိ-ဒု၊ ကမတော ဝိဘဇေ ပဌမေန ဝိနာ။
သစ္စာအနက် ၁၆-ချက်ကို အကျဉ်းချုပ်ထားတဲ့ ဂါထာပါ။
ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးရဲ့ မနောရထပူရဏီ သင်္ဂြိုဟ်ခက်ဆစ် အလင်းပြ အဖြေကျမ်းမှာ အဲဒီဂါထာနဲ့ ပတ်သက်လို့ ဂါထာကို အမြဲမပြတ် ရွတ်ဖတ်သရဇ္ဈာယ်လို့ရှိရင် ထင်ထင်ရှားရှား အကျိုးထူးခံစားရမယ်-လို့ ဆိုထားပါတယ်။
အစွမ်းထက် ဂါထာ အန္တရာယ်ကင်း ဂါထာ
လယ်တီဆရာတော်ဘုရားကြီး စီရင်တဲ့ ဓာတ်ကမ္မဋ္ဌာန်း ကျမ်းသစ် နိဂုံးမှာလာတဲ့ ဗုဒ္ဓေါဝ မင်္ဂလော လောကေ-အစချီသော ၆-ဂါထာသည် ရောဂါဆိုး, အနာဆိုး, ကပ်ဥပါဒ်ဆိုး, အမျိုးမျိုးတို့မှ ကင်းဝေးစေတတ်လို့ အသက်ထက်ဆုံး စွဲမြဲပါဟု ဆရာတော်ကြီး မိန့်ဆိုထားပါသည်။
၁။ ဗုဒ္ဓေါဝ မင်္ဂလော လောကေ၊ ဒေဝ ဣန္ဒ ဗြဟ္မိဿရော။
ဗုဒ္ဓံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
၂။ ဓမ္မောဝ မင်္ဂလော လောကေ၊ သဗ္ဗပါပ ဝိနာသကော။ ဓမ္မံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
၃။ သံဃောဝ မင်္ဂလော လောကေ၊ ဘယဝေရ ဝိနောဒနော။ သံဃံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
၎။ ဧတံ ခေါ မင်္ဂလံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
ဧတံ မင်္ဂလ မာဂမ္မ၊ သဗ္ဗပါပ ပမုစ္စရေ။
၅။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။
၆။ ဧတံ ခေါ ရတနံ ခေမံ၊ ဧတံ ရတန မုတ္တမံ။
ဧတံ ရတန မာဂမ္မ၊ သဗ္ဗဒေါသာ ပမုစ္စရေ။
အဲဒီဂါထာ ၆-ပုဒ်ကို အိပ်ရာဝင်တဲ့အခါ နေ့စဉ် သက်စေ့ရွတ်၊ သားငယ် သမီးငယ်ရှိတဲ့ မိဘတွေ အနေနဲ့ သားငယ် သမီးငယ်တို့အတွက် ပိုပြီး ရွတ်ပါလို့ ဆရာတော်ဘုရားကြီးက မှာထားပါသည်။
ရောဂါကင်းပျောက် ဘေးမရောက် ဂါထာ
သိရသ္မိံ (မေ) ဗုဒ္ဓသေဋ္ဌော၊ သာရိပုတ္တော စ ဒက္ခိဏေ။
ဝါမအံသေ မောဂ္ဂလ္လာနော၊ ပုရတော ပိဋကတ္တယံ။
ပစ္ဆိမေ (မမ) အာနန္ဒော၊ စတုဒ္ဒိသာ ခီဏာသ၀ါ။
သမန္တာ လောကပါလာ စ၊ ဣန္ဒာ ဒေ၀ါ သဗြဟ္မကာ။
ဧတေသံ အာနုဘာဝေန၊ သဗ္ဗေ ဘယာ ဥပဒ္ဒ၀ါ။
အနေက အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။
အနက် မြန်မာပြန်
၁။ ကျွန်ုပ်၏ ဦးခေါင်းထက်၌ ဘုရားကိုယ်တော်မြတ်ကြီးသည် ကြွမြန်းတည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ လက်ယာပုခုံး၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားတည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ လက်ဝဲပုခုံး၌ အရှင်မောဂ္ဂလာန် မထေရ်မြတ်သည် ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားတည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ နဖူးမုခ လည်ရင်ဝတွင် ရှေ့တခွင်၌ ပိဋကတ်သုံးပုံသည် ဘေးဒဏ်ရန်များ ပျောက်ကွယ်ရှားအောင် ဟန့်တားတည်နေတော်မူပါဘုရား။
၂။ ကျွန်ုပ်၏ နောက်အဖို့ဟုဆိုအပ်သော လည်ကုပ် လက်ပြင် ကျောတခွင်၌ အရှင်အာနန္ဒာမထေရ်မြတ်သည် တည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ လေးရပ်မျက်နှာ ကိုယ်အင်္ဂါတို့၌ ရဟန္တာအရှင်မြတ်တို့သည် တည်နေတော်မူပါဘုရား။
ကျွန်ုပ်၏ ထက်ဝန်းကျင်အရပ်ဆယ်မျက်နှာ၌ ဗြဟ္မာမင်း၊ သိကြားမင်း၊ လောကကိုစောင့်ရှောက်သော နတ်ကောင်း နတ်မြတ်တို့သည် တည်နေတော်မူပါ။
၃။ ထို ဘုရား တရား သံဃာများနှင့် သိကြားဗြဟ္မာတို့၏ အာနုဘော်တော်ကြောင့် အလုံးစုံသော အသက်ဘေးရန်၊ ရောဂါဒဏ်ဆိုး အမျိုးမျိုးတို့သည် နေလာနှင်းပျောက် ပျောက်ပျက်ကြပါစေကုန်သတည်း။
ရသေ့ကြီး ဦးခန္တီ နှင့် လာဘ်ပွင့် ဂါထာတော်ထူး
တုမှေ စိတ္တံ စ ကာယော စ၊ သဗ္ဗဒေ၀ မနုဿ စ။
သီတံ ဥဒကေ ဣစ္ဆိတံ၊ ပတ္တံ ဟောတု မေ မေတ္တံ။
အနက်အားဖြင့်---
ခပ်သိမ်းသော နတ်လူတို့သည် ကိုယ်စိတ်နှစ်ဖြာ သီတာရေပမာ အေးမြသာယာပြီး တောင့်တအပ်သော အလိုရှိရာဟူသ၍ ပြည့်ဝကြပါစေ။
ကျွန်ုပ်သည်လည်း နတ်လူတို့၏ မေတ္တာကို ခံယူနိုင်ပါစေ။
အဆိုပါ ဂါထာတော်ကို ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်၍ ဖြူစင်သောစိတ်ဓာတ်ဖြင့် သီလလုံခြုံပါလျှင် ကြံစည်လုပ်ကိုင်သမျှ လုပ်ငန်းအ၀၀တို့ အဆင်ပြေချောမွေ့စေပြီး စီးပွားလာဘ်လာဘများ တိုးတက် လာလိမ့်မည်ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။
သုတေသီ ဆရာငြိမ်း
အစွမ်းထက် ဂါထာ ရသေ့ကြီး ဦးခန္တီ-၏ ရွှေဖြစ် ငွေဖြစ် အဆောင်ကောင်း ဂါထာတော်
အရဟံ ဗဟိအန္တဇယံ သုဂတံ၊အမိတံ ၀ိရဇံ လလိတံ အတုလံ။ စရဏံ တိဘ၀ူပသမံ ယမကံ၊သုခဒံ သရဏံ ပဏမာမိ ဇိနံ။
အရဟံ=လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေထသော၊
ဗဟိအန္တဇယံ=အတွင်းရန်၊ အပြင်ရန်တို့ကို အတန်တန် အောင်တော်မူပြီးထသော၊
သုဂတံ = ကောင်းသော စကားကို ဆိုတော် မူတတ်ပါပေထသော၊
သုဂတံ = ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော် မူပါပေထသော၊
အ,မိတံ = မနှိုင်းယှဉ်အပ်သော ဂုဏ်တော် အပေါင်းတို့နှင့် ပြည့်စုံတော် မူပါပေထသော၊
ဝိရဇံ = ရာဂ အစရှိသော ကိလေသာမြူ ကင်းတော်မူပါပေထသော၊
လ,လိတံ = ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ကွန့်မြူးစံပယ် တင့်တယ်တော် မူပါပေထသော၊
အ,တုလံ=သီလ အစရှိသော ဂုဏ်တို့ကြောင့် တစ်စုံတစ်ယောက်သော သူနှင့်မျှ တူတော်မမူပါပေထသော၊
စရဏံ = နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းနှင့် ပြည့်စုံတော် မူပါပေထသော၊
တိဘ၀ူပသမံ = ဘ၀သုံးပါး၊ ဘုံသုံးပါးတို့၌ ကိလေသာ အပူမီးတို့ကို ငြိမ်းအေးစေတော် မူနိုင်ပါပေထသော၊
ယမကံ = ရေမီး အစုံ အစုံ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော် မူနိုင်ပါပေထသော၊
သုခ,ဒံ = လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ တို့ကို ပေးစွမ်းနိုင်တော် မူပါပေထသော၊
သရဏံ = လူ၊ နတ်၊ နဂါး၊ သိကြား၊ ဗြဟ္မာ သတ္တ၀ါဝေနေ များဗိုလ်ခြေတို့၏ အားထား ကိုးကွယ်ရာအစစ် ဧကန်ဖြစ်တော် မူပါပေထသော၊
ဇိနံ = မာန်ငါးပါး အပေါင်းကို အောင်တော်မူပြီးထသော မြတ်စွာဘုရားကို။အဟံ = ဘုရားတပည့်တော်သည်။ပ,ဏမာမိ = ကိုင်းညွတ်ရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား…။
( ဂါထာ တစ်ခါဆုံးလျှင် ပုတီးတစ်လုံးချ ၁၀၈-လုံး ပုတီးတစ်ပတ်စိပ်ပါ)
ရသေ့ကြီး ဦးခန္တီ၏ လာဘ်ရွှင် လာဘ်ပွား ဂါထာတော်
ဒိဝါ တပတိ အာဒိစ္စော၊ရတ္တိမာ ဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ၊ဈာယီ တပတိ ဗြဟ္မဏော။အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇ သမ္ပန္နံ၊
ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာ နုဘာဝေန၊သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။ အနက်အဓိပ္ပါယ်မှာ---နေမင်းကြီးသည် နေ့အခါ၌သာ ထွန်းလင်းနိုင်၏။ လမင်းကြီးသည် ညအခါ၌သာ ထွန်းလင်းနိုင်၏။ပြည်ရှင်မင်းတို့သည် မင်းမြောက်တန်ဆာများ ဆင်ယင်မှသာ ဘုန်းအရှိန်အ၀ါ ထွန်းလင်းနိုင်၏။ ရဟန္တာအရှင်မြတ်တို့သည် ဈာန်သမာပတ် ၀င်စားနေသည့်အခါမှသာ သပ္ပါယ်တော်မူနိုင်၏။ဗုဒ္ဓမြတ်စွာဘုရားရှင်ကမူ နေရာတိုင်း အခါတိုင်း အချိန်တိုင်း၌ ထာဝစဉ် သပ္ပါယ်စွာ ထွန်းလင်းတော် မူပါပေသတည်း။
အစွမ်းထက် ဂါထာ ရသေ့ကြီး ဦးခန္တီ ပုတီးစိပ်
သရဏဂုံ (၃၀) မန္တာန်တော်ကြီး---
ပထမဦးစွာ ဇာ-ဘော-ဇီ-ယာ-မ-မ-အ-အ-နိ-နိ-ဟူသော ခေါင်းစဉ် ၁၀-ချက် အရကျက်ရမည်။(၁) ဇာတိပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဇာတိပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဇာတိပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။ (၂) ဘောဂပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဘောဂပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဘောဂပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။(၃) ဇီဝိတပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဇီဝိတပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဇီဝိတပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။(၄) ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ယာဝဇီဝံ သံဃံ သရဏံ ဂစ္ဆာမိ။ (၅) မရဏပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ မရဏပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ မရဏပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။(၆) မရဏကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ မရဏကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ မရဏကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။(၇) အရဟတ္တမဂ္ဂပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ အရဟတ္တမဂ္ဂပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ အရဟတ္တမဂ္ဂပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။ (၈) အရဟတ္တမဂ္ဂကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ အရဟတ္တမဂ္ဂကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ အရဟတ္တမဂ္ဂကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။(၉) နိဗ္ဗာနပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ နိဗ္ဗာနပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ နိဗ္ဗာနပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။(၁၀) နိဗ္ဗာနကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ နိဗ္ဗာနကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။ အနက်ကား---(၁) ဇာတိပရိယန္တံ-ဇာတိပဋိသန္ဓေ ကုန်ဆုံးသည့်တိုင်အောင်၊ ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ဓမ္မံ-တရားတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ သံဃံ-သံဃာတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။(၂) ဘောဂပရိယန္တံ-စည်းစိမ်ဥစ္စာ ကုန်ဆုံးသည့်တိုင်အောင်၊ဗုဒ္ဓံ-ဓမ္မံ-သံဃံ- (၃) ဇီဝိတပရိယန္တံ-အသက် ကုန်ဆုံးသည့်တိုင်အောင်။(၄) ယာဝဇီဝံ-အသက်ထက်ဆုံး။ (၅) မရဏပရိယန္တံ-သေခါနီးတိုင်အောင်။(၆) မရဏကာလပရိယန္တံ-သေသည့်တိုင်အောင်။ (၇) အရဟတ္တမဂ္ဂပရိယန္တံ-အရဟတ္တမဂ် ရသည့်တိုင်အောင်။(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ-အရဟတ္တဖိုလ် ရသည့်တိုင်အောင်။ (၉) နိဗ္ဗာနပရိယန္တံ-ပရိနိဗ္ဗာန် ၀င်စံခါနီးတိုင်အောင်။(၁၀) နိဗ္ဗာနကာလပရိယန္တံ-ပရိနိဗ္ဗာန် ၀င်စံသည့်တိုင်အောင်။ ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ဓမ္မံ-တရားတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ သံဃံ-သံဃာတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ပုတီးစိပ်ရန်---
တပုဒ်လျှင် ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ပွား၍ သရဏဂုံ(၃၀) ဖြစ်၏။
ပုတီးစိပ်သောအခါ ဗုဒ္ဓံ တစ်လုံး၊ ဓမ္မံ တစ်လုံး၊ သံဃံ တစ်လုံး၊ စိပ်ရ၍ (၁၀)ပုဒ်မှာ (၃၀) ဖြစ်လာ၏။
(၁) ဇာတိပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ( ပုတီးတလုံးချ ) ဇာတိပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ( ပုတီးတလုံးချ ) ဇာတိပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။( ပုတီးတလုံးချ ) စသည် ပုတီးစိပ်လေ။ ပုတီးစိပ်သောအခါ စိတ်တည်ကြည်စွာထား၍ ဂုဏ်တော်သုံးပါး အနက်သဘောကို ဉာဏ်နှင့်သိ၍ ကြည့်၍ စိပ်နိုင်ပါလျှင် အကျိုးထူးကြီးများကို အောက်ပါအတိုင်း ရနိုင်ကြကုန်၏-ဟု ယုံကြည်ရိုသေစွာ ပုတီးစိပ်လေ။သရဏဂုံ၊ ကိုယ်လုံးခြုံ၊ အကုန်သိဒ္ဓိပေါက်။သရဏဂုံ၊ ကိုယ်လုံးထုံ၊ အာရုံထင်နိမိတ်။ သရဏဂုံ၊ သုံးဆယ်စုံ၊ အကုန်ပုတီးစိပ်။အန္တရာယ်ကင်း၊ ကပ်ကျော်နင်း၊ ပေါခြင်းလာဘ်မဆိပ်။ သရဏဂုံ သုံးဆယ်ဂါထာ မန္တာန်တော်ကြီး အကျိုးကြီးပုံအကျယ် ---ဘုရားဂုဏ်တော်မြတ်ကို ထင်မြင်အောင် ဆင်ခြင်အောက်မေ့၍ သရဏဂုံမန္တာန်တော်ကြီးကို ရွတ်ဆိုကြလျှင် ကြံတိုင်းအောင်၏။ ပြောသမျှ ပြီးစီး၏။ လူ နတ်တို့ ချစ်ခင်၏။ထမင်း ခဲဖွယ်ဘောဇဉ် အစားအစာများကို မန်း၍ စားက (၉၆)ပါးရောဂါ မဖြစ်နိုင်။ မိမိနေသော အိမ်ဖြစ်စေ၊ ကျောင်းဖြစ်စေ၊ သစ်ပင်ဖြစ်စေ၊ နေရင်းထိုင်ရင်း၊ သွားရင်းလာရင်း၊ စားရင်းသောက်ရင်း၊ ဗုဒ္ဓဂုဏ်တော် ကြီးကို ရွတ်ပွားကာ နေကြလျှင် (သြော်) ငါသည် အဖိုအနဂ္ဃ ထိုက်တန်လှသော ဂုစ်တော်မြတ်ကြီးကို အာရုံစွဲစွဲနှင့် စိတ်ထဲဉာဏ်ထဲတွင် မြဲမြဲကြီး တွေ့ဆုံမိ ကြည်ညိုမိရပေပြီဟု ပါရာယနသုတ္တန်လာ ပိင်္ဂိယမထေရ်ကဲ့သို့ မှတ်ထင်ဝမ်းမြောက်ရမည်။တကယ်တမ်းယုံကြည်၍ ဂုဏ်တော်မြတ်ကြီးကို ရွတ်ဆိုပွားလတ် ဆည်ကပ်သူတို့မှာ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်မတွေ့ရဟု မှတ်၊ မကောင်းသော အနိဋ္ဌဘေးရန်အပေါင်းတို့သည် မလာမရောက်နိုင်သည့်ပြင် လောက၌ ကျက်သရေမင်္ဂလာ စီးပွား အစားအစာ တိုးတက်သည်။ဤသရဏဂုံ(၃၀)ကို နှစ်နှစ်ကာကာ ယုံကြည်စွာနှင့် ရွတ်ဆိုပွားလတ် ကိုးကွယ်ဆည်းကပ်သူတို့သည် ၀ိပတ္တိကပ်ဆိုးလည်း မထိုက်၊ ပျက်စီးခြင်း ဗျသနလည်း မဆိုက်၊ ရန်သူလည်း မကပ်၊ ဗုဒ္ဓဓာတ် သရဏဂုံ ကိုယ်လုံခြုံကြလျှု လောကီဘုံဖြစ်ရာ ရတနာတွေလည်းပေါ၊ အသက်ရှည်လို့ ရောဂါကင်း၊ သာသနာတော် မြတ်ကြီးကလည်း နေရောင်မက ထွန်းတောက်လို့ လင်းနိုင်ပါသတည်း။စာရေးသူ ၀န်ခံချက်။(ဤသရဏဂုံ သုံးဆယ် မန္တာန်တော်ကြီးကို တနေ့လျှင် ပုတီး(၉)ပတ်စိပ်၍ (၉)ရက် အဓိဋ္ဌာန်ဝင်ခဲ့ရာ အဓိဋ္ဌာန်(၉)ကြိမ် ပြည့်သောနေ့ရက်တွင် ထူးထူးခြားခြား လာဘ်သပ္ပကာ ၀င်ခဲ့ဖူးကြောင်း သူတော်ကောင်းတို့ သိရှိပွားများ အကျိုးတရား ရနိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်သည်။)သုတေသီမြင့်ထွန်း(အစွမ်းထက်သော ပုတီးစိပ်နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ) စာမူခွင့်ပြုချက်အမှတ်-၉၇ (၁၂)။ (ရောင်ပြန် မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာလ)
နတ်ပို့
ဧတ္တာဝတာစ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေဝေဒါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။
ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာ ဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေ၀တာ ဂတာ။
ဧတ္တာဝတာ စ-ဤမျှကြိုးကုတ် စွမ်းအားထုတ်၍ မယုတ်စေရ ပြုလုပ်ရသဖြင့်လည်း။
အမှေဟိ-ဘ၀ ၀ဋ်ကမ်း လွတ်ခွါသန်းဖို့ ကျွတ်တန်းပန်ဆု ငါတို့တစုသည်။
သမ္ဘတံ-ယခုအေးမှု နောင်တွေးရှုလျက် ဆည်းစုအပ်သော။
ပုညသမ္ပဒံ-အပေါင်းစုမြုပ် ကောင်းမှုထုပ်၍ မယုတ်မယွင်း ပြည့်စုံခြင်းကို။
သဗ္ဗေ-ရှိန်ဝါတောက်လင်း နောက်ပါသင်းနှင့် ခပင်းဥဿုံ အလုံးစုံကုန်သော။
ဒေ၀ါ-စကြာဝဠာသောင်းတိုက် ပေါင်းတ၀ိုက်မှ ရောက်ဆိုက်လာငြား ရှင်နတ်များလည်း။
အနုမောဒန္တု-ကြည်လင်မနော ဘ၀င်ဇောဖြင့် ရွှင်မောဝမ်းမြောက်နိုင်ကြပါစေကုန်သတည်း။
သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ-ကံကြောင့်မျိုးမှန် အကျိုးခံဟု ရှေးကံနှီးရင်း ပြီးစီးခြင်းငှါ။
သဒ္ဓါယ-ကံကြောင့်အကျိုး မထောင့်ညိုးဟု ဖြောင့်ရိုးစွဲကပ် အမြဲမှတ်သဖြင့်။
ဒါနံ-နည်းသည် များသည် ခြားမရည်ဘဲ ရွှင်ကြည်လူရိုး ဒါနမျိုးကို။
ဒဒန္တု-သူတော်ရဟန်း ရည်မျှော်မှန်းလျက် လှူဒါန်းနိုင်ကြပါစေကုန်သတည်း။
သီလ-ပဉ္စ အဋ္ဌ ဒသင်္ဂဟု ကိုယ်မှမချွတ် ကျင့်ခါးဝတ်ကို။
သဗ္ဗဒါ-အခါခပ်သိမ်း။
အနုရက္ခန္တု-မညှိုးမခြောက် မကျိုးပေါက်အောင် စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။
ဘာဝနာဘိရတာ-သမထ ၀ိပဿနာ လက်မကွာဘဲ ဆက်ကာနေ့ည အားထုတ်နိုင်ကြကုန်သည်။
ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
အာဂတာ-အများညီညာ တရားနာဖို့ ထားကာစွဲမှိတ် ခဲအကြိတ်ဖြင့် သိုက်မြိုက်စုဆုံ ရောက်လာကြကုန်သော။
ဒေ၀ါ-စကြာဝဠာသောင်းတိုက် ပေါင်းတ၀ိုက်မှ ရောက်ဆိုက်လာငြား ရှင်နတ်များသည်။
ဂစ္ဆန္တု-တရားတော်ပွဲ ပြီးကုန်စဲ၍ နေမြဲရပ်ဘုံ ပြန်ကြပါစေကုန်သတည်း။
အစွမ်းထက် ဂါထာ ဒါန
ယေ စ ဗုဒ္ဓါ အတီတာ စ၊ သမုဒ္ဒါ ၀ါဠုကူပမာ။
ဒါနံဝ အာဒိကံ ကတွာ၊ သမ္ဗောဓိဉ္စ လဘန္တိ တေ။
သမုဒ္ဒါ ၀ါဠုကူပမာ-သမုဒ္ဒရာသဲလုံး နှုန်းတုစရာ ပမာတူလှကုန်သော။
အတီတာ-ရှေးရှေးကာလ ပွင့်တော်မူကြကုန်သော။
ယေ ဗုဒ္ဓါ စ-သစ္စာလေးပါး ပိုင်းခြားသိမြင် ဘုရားရှင်တို့သည်လည်း။
ဒါနံဝ-အလှူဒါန ပေးစွန့်ချခြင်းကို သာလျှင်။
အာဒိကံ ကတွာ-စေတနာရွှင်လန်း သဒ္ဓါပန်းဖြင့် ၀မ်းသာအားရ အစဦးစွာ ပြုဆည်းပူးကာဖြင့်။
သမ္ဗောဓိဉ္စ-ဉေယျဥဿုံ အလုံးစုံကို အကုန်သိမြင် သမ္ဗောဓိဟု ဆုကြီးမြတ်မွန် ဗောဓိဉာဏ်ကို။
လဘန္တိ-လက်ထိလက်ရောက် မျက်မှောက်ပိုင်ပိုင် ရရှိတော်မူနိုင်ကြပေကုန်သတည်း။
အစွမ်းထက် ဂါထာ ဒါနတရား
ဒါနံ သဂ္ဂဿ သောပါနံ၊ ဒါနံ ပါထေယျ မုတ္တမံ။
ဒါနံ ဥဇုဂတံ မဂ္ဂံ၊ ဒါနံ မောက္ခပဒံ ၀ရံ။
ဒါနံ-ပုဗ္ဗ,မုဉ္စ၊ အပရဟု၊ သုံးဝစေတနာ၊ ပြဋ္ဌာန်းကာဖြင့်၊ ကြည်သာရွှင်လန်း၊ လှူဒါန်းရသော ဒါနသည်။
သဂ္ဂဿ-ဣဋ္ဌအာရုံ၊ အကောင်းဆုံသည့်၊ ပျော်ဂုဏ်ဆန်းတည်၊ အထက်နတ်ပြည်သို့။
သောပါနံ-မပူမပင်၊ ရွှင်ရွှင်လန်းလန်း၊ တက်လှမ်းဖွယ်ကောင်း၊ စောင်းတန်းပမာ ဖြစ်ပါပေ၏။
ဒါနံ-(ပ)သည်။
ဥတ္တမံ-သုံး၍မကုန်၊ လှူ၍မခန်း၊ မညှိုးနွမ်းရိုး၊ သူခိုးဓားပြ၊ လုမရအပ်၊ အလွန်မြတ်ပေထသော။
ပါထေယျံ-သံသရာလမ်း၊ ခရီးကြမ်းဝယ်၊ မပန်းလွယ်ကာ၊ စားသောက်ရာ ရိက္ခာထုပ်လည်း ဖြစ်ပါပေ၏။
ဒါနံ-(ပ)သည်။
ဥဇုဂတံ-မဂ်ဖိုလ်ရောက်လွယ်၊ မကွယ်မထောင့်၊ တဖြောင်းတည်းသာဖြစ်သော။
မဂ္ဂံ-ဘုရားအလောင်း၊ သူတော်ကောင်းတို့၊ သွားကြောင်းမှန်ရာ၊ လမ်းသာယာကြီးလည်း မည်ပါပေ၏။
ဒါနံ-(ပ)သည်။
ဝရံ-ယှဉ်လာလျှင်မနိုင်၊ ရှုံးရသဖြင့်၊ တစ်ခရိုင်လုံးအတွက်၊ သူသာလျှင် မြတ်ပေထသော။
မောက္ခပဒံ-နိဗ္ဗာန်ရောက်ကြောင်း၊ အကျင့်ကောင်းဧကန်၊ အမြတ်ဆုံး မှန်လှပါပေ၏။
တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ
ဆရာတော်ကြီးကို ခမည်းတော် ဦးဘိုညို+မယ်တော် ဒေါ်သေးတာ-တို့က ၁၂၇၂-ခု ပြာသိုလပြည့်ကျော် ၁-ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ငွေတွင်းကုန်းကျေးရွာတွင် ဖွားမြင်တော်မူသည်။ ၁၂၈၄-ခု ရွာကျောင်းဆရာတော် ဘဒ္ဒန္တ၀ိလာသကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုဖြင့် ရှင်သာမဏေအဖြစ် ရောက်တော်မူသည်။ ၁၂၉၂-ခုနှစ်တွင် ငွေတွင်းကုန်းဆရာတော် ဘဒ္ဒန္တ၀ိလာသကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။
ဆရာတော်သည် မုံရွာမြို့၊ ရွှေသိမ်တော်တိုက်၊ မဟာလယ်တီတိုက်၊ စစ်ကိုင်းတောင် မဟာသမယချောင်၊ မန္တလေးမြို့၊ ချမ်းသာကြီးမြောက်တိုက်၊ အမရပူရမြို့ တူးမောင်းတိုက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်တို့ရှိ ဆရာတော်ကြီး များထံတွင် ပရိယတ္တိစာပေများကို သင်ယူတော်မူခဲ့သည်။ ပရိယတ္တိစာပေများ သင်ယူပြီး ဝေးလံခေါင်းပါးသော တောင်တန်းဒေသတွင် နှစ်ပေါင်း ၅၀-တိုင် သီတင်းသုံးနေထိုင်လျက် ဒေသခံ တိုင်းရင်းသားတို့အား ဗုဒ္ဓတရားတော်များ၊ ကျင့်ကြံပွားများနိုင်ရန် သာသနာပြုတော်မူခဲ့သည်။
ဆရာတော်သည် အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ဟိမ၀န္တာတခိုသို့၎င်း၊ အာသံ၊ မဏိပူရ၊ နာဂတောင်တန်းသို့၎င်း၊ တောအနှံ့၊ တောင်အနှံ့ ခြေကျင်ကြွတော်မူပြီး သာသနာပြုတော်မူသည်။ ဆရာတော်သည် ဗြဟ္မ၀ိဟာရတရား လေးပါးကို လက်ကိုင်ထား၍ သီတင်းသုံးနေတော်မူခြင်းဖြစ်သည်။
ဆရာတော်ကြီး သီတင်းသုံးတော်မူသော ခန္တိန်တောင်ခေါ် ကျောက်တောင်ကြီးကမ်းပါး၌ လှည်းဘီးပမာဏရှိသော ပျားအုံကြီးများ နှစ်စဉ်လာစွဲလေ့ရှိသည်။ အကောင်ကြီး၍ အဆိပ်ပြင်းသည်။ တနှစ်သောဆောင်းရာသီတွင် ခြံအလုပ်သမားများက မီးရှို့ပြီး ပျားအုံယူရန် ကြိုးစားရာ ပျားကောင်အများ မီးခိုးမွှန်၍ အုံကြွကာ တွေ့မြင်ရာလူကို လိုက်တုပ်ကြသည်။ ထိုအချိန်တွင် ဆရာတော်ကြီးသည် ပျားကောင်များ ပျံသန်းသည့်ကြားမှ သွားလာလှုပ်ရှားသော်လည်း ပျားတကောင်မျှပင် မတုပ်ပေ။
ဆရာတော်သည် မေတ္တာဘာဝနာတရားကို ထာဝစဉ်ပွားများနေသဖြင့် နတ်များ ချစ်ခင်ကြည်ညိုကြသည်ဟု သိရှိရပါသည်။ ဆရာတော်သည် ညနေပိုင်း နေ၀င်ချိန်တွင် တော၊ တောင်၌ရှိသော နတ်များ၊ စကြာဝဠာအနန္တ၌ ရှိသော နတ်များကို ဖိတ်ခေါ်ပြီး ပရိတ်ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဆိုသည်။ နတ်များအတွက် သတသဟဿာရဟ ဂါထာများကိုလည်း ရွတ်ဆိုပြီး အမျှပေးဝေသည်။ ထို့နောက် တရားထိုင်သည်။ စာရေးသည်။ အိပ်ရာဝင်ပြီးနောက် သတ္တလောကကြီးကို ခြုံငုံ၍ မေတ္တာဖြန့်ကြက်သည်။ ထို့နောက် ကိုယ်ခန္ဓာ ဣရိယာပုထ်ကို ပြင်ဆင်ကာ လက်ယာဘက်စောင်းအိပ်ပြီး အာနာပါနကမ္မဋ္ဌာန်း အာရုံယူတော်မူသည်။
ဆရာတော်ကြီးသည် ချင်းတောင်တန်း၌ မိုးခေါင်စဉ် မိုးရွာအောင် ဆောင်ရွက်ပေးခဲ့သည်။ ဆရာတော်ကြီး၏ မေတ္တာစွမ်းအားကြောင့် ပရိတ်ရေများ ဆူဝေလျှံကျသည်။ ယင်းပရိတ်ရေသောက်သုံးခြင်းဖြင့် မီးမဖွားနိုင်သော မွေးလူနာများ လွယ်ကူစွာ မီးဖွားနိုင်သည်။ ဆရာတော်ကြီး၏ ပရိတ်ရေ အာနိသင်ကြောင့် ကပ်ရောဂါဘေး၊ မီးဘေးမှ ကင်းဝေးရပါသည်။
ဆရာတော်သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီးကျေးရွာတွင် သီတင်းသုံးတော်မူခိုက် သက်တော် ၈၆-နှစ်၊ သိက္ခာတော် ၆၆-၀ါအရတွင် ရန်ကုန်မြို့သို့ ကျန်းမာရေးအတွက် ဆေးကုသမှုခံယူရန် ကြွရောက်စဉ် ၁၃၅၇-ခုနှစ် ပြာသိုလဆန်း ၇-ရက် (၂၇-၁၂-၉၅) နေ့၊ ညနေ ၆-နာရီခွဲအချိန်တွင် မန္တလေးလေဆိပ်၌ ဘ၀နတ်ထံ ပျံလွန်တော်မူပါသည်။
ဤဆောင်းပါး၌ အလျဉ်းသင့်၍ တောင်တန်းသာသနာပြု ဆရာတော်ကြီး ရွတ်ဆိုသော အဖိုးတန် နတ်ချစ်ဂါထာများကို ဖော်ပြလိုက်ပါသည်။
(ပါဠိဂါထာ)
(၁) သကိံဒေ၀ မဟာရာဇ၊ သဗ္ဘိ ဟောတိ သမာဂမော။
သာနံ ပါလေတိ သင်္ဂတိ၊ နာသဗ္ဘိ ဗဟုသင်္ဂမော။
(၂) သဗ္ဘိရေ၀ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထ၀ံ။
သတံ သဒ္ဓမ္မ မညာယ၊ သေယျော ဟောတိ န ပါပိယော။
(၃) ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော နဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။
(၄) န ဘိံစ ဒူရေ ပထ၀ီ စ ဒူရေ၊ ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ၊ သတဉ္စ ဓမ္မော အသတဉ္စ ရာဇ။
(မှန်ကန်တိကျစွာ အသံထွက်နည်း)
(၁) သကိန်ဒေ၀ မဟာရာဇ၊ သတ်ဘိ ဟောတိ သမာဂမော။
သာနံ ပါလေတိ သင်ဂတိ၊ နာသတ်ဘိ ဗဟုသင်ဂမော။
(၂) သတ်ဘိရေ၀ သမာသေထ၊ သတ်ဘိ ကုတ်ဗေထ သန်ထ၀ံ။
သတံ သတ်ဓမ်မ မင်ညာယ၊ သေယျော ဟောတိ န ပါပိယော။
(၃) ဇိရန်တိ ဝေ ရာဇရထာ သုစိတ်တာ၊ အထော သရီရမ်ပိ ဇရံ ဥပေတိ။
သတင်စ ဓမ်မော နဇရံ ဥပေတိ၊ သန်တော ဟဝေ သတ်ဘိ ပဝေဒယန်တိ။
(၄) န ဘိံစ ဒူရေ ပထ၀ီ စ ဒူရေ၊ ပါရံ သမုတ်ဒတ်သ တဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ၀ဒန်တိ၊ သတင်စ ဓမ်မော အသတင်စ ရာဇ။
( အနက်မြန်မာပြန်)
(၁) မင်းမြတ်၊ သူတော်ကောင်းတို့နှင့် တကြိမ်မျှသာ ပေါင်းဆုံမှီဝဲဘိ၏။ ထိုတကြိမ်မျှ ပေါင်းဆုံမှီဝဲခြင်းကြောင့် ထိုသူ့ကို သူတော်ကောင်းတို့က ဘေးရန်မနှောင့် ချမ်းသာရောက်အောင် စောင့်ရှောက်၏။
(၂) မင်းမြတ်၊ သူယုတ်မာတို့နှင့် အကြိမ်များစွာ ပေါင်းဆုံမှီဝဲသော်လည်း သူယုတ်မာတို့က ချမ်းသာအောင် မစောင့်ရှောက်နိုင်။ ထို့ကြောင့် သူတော်ကောင်းတို့နှင့်သာ ပေါင်းဆုံမှီဝဲရာ၏။ သူတော်ကောင်းတို့နှင့်သာ အကျွမ်းတ၀င် ချဉ်းကပ်မှုပြုရာ၏။ ဘုရားအစရှိသော သူတော်ကောင်းတို့၏ နိဗ္ဗာန်ရောက်ကြေင်း ဗောဓိက္ခိယတရားကို တလုံးတပါဒမျှ သိမြင်ရသည်ရှိသော် တနေ့တခြား ကြီးပွားမြင့်မြတ်နိုင်ပေ၏။ မဆုတ်ယုတ်နိုင်ပေ။
(၃) မင်းမြတ်၊ အဆန်းတကြယ် လှပခိုင်ခံ့ကုန်သော မင်းစီးရထားတို့သည် တနေ့နေ့တွင် ဟောင်းနွမ်းပျက်စီး၍ သွားကြရကုန်၏။ ထို့အပြင် ခန္ဓာကိုယ်ကြီးသည်လည်း အိုမင်းပျက်စီး၍ သွားရမြဲသာတည်း။ သူတော်ကောင်း တို့၏ နိဗ္ဗာန်တရားသည်ကား ပျက်စီးယိုယွင်းခြင်းသို့ ဘယ်သောအခါမှ မရောက်နိုင်။ ထို့ကြောင့် သူတော်ကောင်းတို့သည် နိဗ္ဗာန်ချမ်းသာကို စင်စစ်ဧကန် ထုတ်ဖော်ချီးကျူးကြကုန်၏။
(၄) ကောင်းကင်မှ မြေပြင်၊ မြေပြင်မှ ကောင်းကင် တစပ်တည်းဟု ထင်ရစေကာမူ အလွန်ပင် ဝေးကွာ၏။ သမုဒ္ဒရာ၏ ဟိုမှာဘက်ကမ်းနှင့် သည်မှာဘက်ကမ်းသည်လည်း အလွန်ပင် ဝေးကွာ၏။ ထို့အတူ သူတော်ကောင်းတို့၏ သူတော်ကောင်းတရားနှင့် မသူတော်တို့၏ မသူတော်တရားသည်လည်း အလွန်ပင် ဝေးကွာလှချေ၏-ဟု သူတော်ကောင်းတို့ မိန့်ဆိုကြကုန်၏။
ကောက်ရိုးနွယ်(ရွှေကူ)
(မြတ်မင်္ဂလာ ၂၀၁၀-မတ်လ)
တောင်တွင်းကြီးဆရာတော် အတုလခင်ကြီးပျော် ရေးသားရွတ်ဆိုသော လက်နက်ကိုးဖြာ အောင်ဂါထာ
တောင်တွင်းကြီးဆရာတော် အတုလခင်ကြီးပျော်ကို တောင်တွင်းကြီးမြို့တွင် ၁၀၈၄-ခုနှစ်၌ ဖွားမြင်သည်။ အင်္ဂါသားဖြစ်ပြီး ငယ်မည်မှာ မောင်ပျော် ဖြစ်သည်။ ၁၉-နှစ်သားကျော်ကျော်အရွယ်တွင် ရဟန်းပြုသည်။ ရဟန်းဘွဲ့မှာ ဦးဉာဏ၀ရ ဖြစ်သည်။
ဆရာတော်သည် တနေ့လျှင် ပေစာ ပါးစပ်ဖြင့်တကိုက်ရအောင် ကျက်မှတ်တော်မူနိုင်သည်။ သက်တော် ၃၉-နှစ်၊ ၀ါတော် ၁၉-၀ါတွင် ပျံလွန်တော်မူခဲ့သည်။ ထိုအသက် ၃၉-နှစ်အရွယ်အတွင်း-
(၁) လောကီကျမ်း။
(၂) အာဒိကပ္ပကျမ်း။
(၃) ဒွါဒရာသီကျမ်း။
(၄) ဓာတုဗေဒကျမ်း စသည်ဖြင့် အဂ္ဂိရတ်ကျမ်းပေါင်းများစွာ ပြုစုခဲ့သည်။ ထို့ပြင် အဂ္ဂိရတ်ကျမ်းပေါင်း ၁၄-ကျမ်းကိုလည်း ရေးသားပြုစုတော်မူခဲ့သည်။
ထိုမှတပါး လောကုတ္တရာအခြေပြုစာများဖြစ်သော သဒ္ဒါကျမ်း ၄-ကျမ်းကိုလည်း ပြုစုခဲ့သည်။ ယင်းတို့မှာ-
(၁) ပုဒ်ဆစ်ကျမ်း။
(၂) ဉာသ်အရကောက်ကျမ်း။
(၃) ယမိုက်ခက်ဆစ်ကျမ်း။
(၄) ပဋ္ဌာန်အရကောက်ကျမ်းများ ဖြစ်သည်။
ဆရာတော်ရေးသားသော ကျမ်းများကို စုပေါင်းလိုက်ပါက ကျမ်းပေါင်း ၃၅-ကျမ်းဖြစ်၍ စာမျက်နှာပေါင်း နှစ်သောင်းနီးပါးမျှရှိသည်။
ပျံလွန်တော်မမူမီ ၃၉-နှစ်အတွင်း ဤမျှလောက်များပြားသော ကျမ်းများကို အရွယ်နှင့်မလိုက်အောင် ရေးသားပြုစုတော်မူနိုင်သဖြင့် ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်ကြီး မင်းတရားက လွန်စွာကြည်ညိုလှ သဖြင့် ဉာဏလင်္ကာရမဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်နာမံတော်ကို ဆက်ကပ်တော်မူခဲ့သည်။ ထို့ပြင် မဟာဘုံသာကျောင်းကြီးကို ဆောက်လုပ်၍လည်း ဆရာတော့်ကို လှူဒါန်းတော်မူခဲ့သည်။
ထိုစဉ်က ဆရာတော်ကို တောင်တွင်းပုဂ္ဂိုလ်ကျော်ဟူ၍ လူအများက ခေါ်ဝေါ်ကြသည်။ ယခုအခါတွင်လည်း မ,တလုံးကြေသော အတုလဆရာတော် ခင်ကြီးပျော်ဟူ၍ ခေါ်ဝေါ်ကြသည်။
အောက်ပါဂါထာမှာ ဆရာတော်ကြီး ရေးသားရွတ်ဆိုသော ဂါထာဖြစ်သည်။ ဤဂါထာကို ယုံကြည်စွာ ရွတ်ဆိုပူဇော်ခြင်းဖြင့် အမျိုးမျိုးသော လက်နက်အန္တရာယ်ဘေးတို့မှ လွန်မြောက်နိုင်ပြီး မည်သည့်လက်နက် ဘေးတို့ကြောင့်မျှလည်း အသက်မသေနိုင်ဟု သာသနာရေးဦးစီးဌာနက ထုတ်ဝေသော ဗုဒ္ဓဘာသာ လက်စွဲကျမ်း (ပထမတွဲ)၌ ဖော်ပြထားသည်။
( လက်နက်ကိုးဖြာ အောင်ဂါထာ )
ဝါတံ ၀ဿဉ္စ ပါသာဏံ၊ အာဝုဓံ ၀ါဠုကံ တထာ။
ကုက္ကုဠံ ကလလင်္ဂါရံ၊ အန္ဓကာရန္တိ မေ န၀။
သတ္ထေ မာရေန ၀ိဿဋ္ဌေ၊ ၀ိဇယန္တံ ဇိနံ နမေ။
အဟမ္ပိ တေန ပုညေန၊ ၀ိဇေယျံ သဗ္ဗမာယုဓေ။
( မြန်မာအသံထွက်)
ဝါတံ ၀တ်သင်စ ပါသာဏံ၊ အာဝုဓံ ၀ါဠုကံ တထာ။
ကုတ်ကုလံ ကလလင်ဂါရံ၊ အန်ဓကာရန်တိ မေ န၀။
သတ်ထေ မာရေန ၀ိတ်သတ်ဋ္ဌေ၊ ၀ိဇယန်တံ ဇိနံ နမေ။
အဟမ်ပိ တေန ပုန်ညေန၊ ၀ိဇေယျံ သတ်ဗမာယုဓေ။
(၁) အုံ့မှိုင်းလေဆိုး မုန်တိုင်းမျိုးကို၎င်း၊
(၂) မိုးကြမ်းရေဆိုး လက်နက်မျိုးကို၎င်း၊
(၃) ကျောက်ခဲကျောက်စိုင် မိုးကို၎င်း၊
(၄) တဖက်သွား နှစ်ဖက်သွားဟူသော လှံဓားစသော လက်နက်မျိုးကို၎င်း၊
(၅) သဲထုမိုးကို၎င်း၊
(၆) ပြာပူမိုးကို၎င်း၊
(၇) ရွှံ့ညွှန်မိုးကို၎င်း၊
(၈) မီးကျီးမိုးကို၎င်း၊
(၉) အမိုက်မှောင်ကို၎င်း၊
ဤသို့ မာရ်နတ်ပစ်လွင့်အပ်ကုန်သော လက်နက်အန္တရာယ် ကိုးမျိုးတို့ကို အောင်ခြင်းကြီး အောင်တော်မူသော မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပါ၏။
တပည့်တော်သည် ထိုသို့ရှိခိုးရသော ကုသိုလ်ကံစေတနာကြောင့် အလုံးစုံသော လက်နက်မျိုးတို့ကို ယနေ့ကစ နိဗ္ဗာန်ရသည့်ဘ၀တိုင်အောင် မမြင်ရ၊ မကြားရ၊ အဝေးကပင် အောင်နိုင်ရသည့်ကိုယ် ဖြစ်ရပါလို၏ မြတ်စွာဘုရား။
မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၁၀-ဖေဖ်ာဝါရီလ)
မိုးညှင်းဆရာတော်ကြီး အမြဲရွတ်ပွားသည့် အန္တရာယ်ကင်းဂါထာ
မိုးညှင်းဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၃၄-ခုနှစ် တပေါင်းလဆန်း ၂-ရက် သောကြာနေ့တွင် သန်လျင်မြို့အပိုင်၊ ၀င်ခနီးခေါ်၊ ဂုံညှင်းရွာစု၌ ဖွားမြင်သည်။ ခမည်းတော်မှာ ဦးမိုး၊ မယ်တော်မှာ ဒေါ်ဘော်-ဖြစ်သည်။
အသက် ၅-နှစ်အရွယ်မှစ၍ မောင်မရွာဆရာတော် ဦးအာစာရထံတွင် ဗုဒ္ဓစာပေများကို စတင်သင်ယူသည်။ အလွန်ဉာဏ်ကောင်းလှသဖြင့် ဆရာတော်က နှစ်သက်ချီးကျူးခဲ့သည်။ ထို့နောက် ရှင်သုမန-ဟူသောဘွဲ့ဖြင့် ရှင်သာမဏေပြုသည်။ ရှင်သာမဏေဘ၀မှာပင် ဆရာသမားများထံမှ ပရိယတ္တိစာပေများကို သင်ယူရင်း ဉာဏ်ထက်မြက်လှသဖြင့် မိမိအောက်ငယ်ရွယ်သူ ကိုရင်များကို ပြန်လည်၍ စာပေပို့ချပေးခဲ့သည်။ သက်တော် ၂၀-အရွယ်တွင် ရဟန်းပြုသည်။
အရှင်သုမနသည် မန္တလေးမြို့ ဘုရားကြီးတိုက် စာတတ်အကျော်ဆရာတော် ဦးရန်ကုန်ထံတွင် ပရိယတ္တိစာပေ များကို ဆက်လက်သင်ယူသည်။ ထို့နောက် ကြည်ဝင်းဆရာတော်၊ မင်းဒင် စသော ဆရာတော်ကြီးများထံတွင် ပညာသင်ယူခဲ့ပြန်သည်။ အထက်တန်း ပရိယတ္တိစာပေများ ပြည့်စုံတတ်မြောက်ပြီးသောအခါ စာချဆရာတော် အဖြစ် ဆောင်ရွက်သည်။
အရှင်သုမနသည် ပဋိပတ္တိကို အားထုတ်လိုသဖြင့် ကျောက်ဆည်ဘက် အဲဗျမက္ခရာတွင် တောရဆောက်တည် သည်။ ပရိသတ်များသဖြင့် ခင်မွန်ဆရာတော်၊ ထို့နောက် ရေစကြို ဂူဖြူဆရာောတ်၊ ထို့နောက် မုံရွာလယ်တီ ဆရာတော်တို့ထံတွင် ချဉ်းကပ်၍ ၀ိပဿနာရှုနည်းများကို နည်းယူအားထုတ်သည်။ ထို့နောက် ယခု (မိုးညှင်းသမ္ဗုဒ္ဓေရှိရာ) နေရာသို့ ရောက်ရှိ၍ ဆယ်နှစ်လုံးလုံး စကားမပြော၊ တရားမဟောဘဲ တရားအားထုတ်၍သာ နေတော်မူသည်။
ထိုသို့အားထုတ်ရာမှ အရှင်မြတ်သည် အသိထူး၊ ဉာဏ်ထူးများ ဖြစ်ပေါ်၍ ဓမ္မအလင်းကြီး ရရှိတော်မူခဲ့သည်။ ထိုအချိန်မှာ ၁၂၇၆-ခု တန်ဆောင်မုန်းလပြည့်နေ့၊ ညသန်းခေါင်ယံအချိန် ဖြစ်သည်။ သက်တော် ၃၉-နှစ် အရွယ်တွင် တရားအလင်းရရှိတော်မူခြင်းဖြစ်သည်။
ဆရာတော်ကြီးသည် မိုးညှင်းတွင် အခြေချ သီတင်းသုံးနေထိုင်ရာမှ သာမန်လူတို့ စိတ်မကူးရဲသည့် သမ္ဗုဒ္ဓေစေတီတော်ကြီးကို အံ့ချီးဖွယ် ကိုယ်တော်တိုင် တည်ဆောက်ပူဇော်နိုင်ခဲ့သည်။ သမ္ဗုဒ္ဓေစေတီတော်ကြီးကို ဖူးမြော်ရသူတိုင်း ရင်သပ်အံ့သြမဆုံး ရှိခဲ့ကြသည်။
အောက်ပါဂါထာမှာ ရှေးအထက် ဆရာကြီးတို့ အဆက်ဆက် လက်စွဲပြု၍ မိုးညှင်းဆရာတော်ကြီးကိုယ်တိုင် အမြဲရွတ်ဆိုလျက် တပည့်များကိုလည်း ရွတ်ဆိုရန် ညွှန်ပြတော်မူသော အန္တရာယ်ကင်းဂါထာတော် ဖြစ်သည်။
(ပါဠိဂါထာ)
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
ဧသာ ဉတ္တိ၊ သဗ္ဗ အန္တရာယော ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ။
(အနက် မြန်မာပြန်)
ဘုရားရှင်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
တရားတော်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
သံဃာတော်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
အမိအဖတို့၏ ဂုဏ်တော်သည် အဆု့းအပိုင်းအခြားမရှိ။
ဆရာ၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
ငါ၏ကိုးကွယ်ရာသည် ဘုရားသာ ဖြစ်၏။
ဘုရားမှတပါး အခြားကိုးကွယ်ရာမရှိ။
ငါ၏ကိုးကွယ်ရာသည် တရားသာ ဖြစ်၏။
တရားမှတပါး အခြားကိုးကွယ်ရာ မရှိ။
ငါ၏ကိုးကွယ်ရာသည် သံဃာသာ ဖြစ်၏။
သံဃာမှတပါး အခြားကိုးကွယ်ရာ မရှိ။
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
အန္တရာယ်ဟူသမျှ ဝေးရာရှောင်ရှား သွားကြကုန်လော့။
မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇန်န၀ါရီလ)
Posted by: mingala at 26.9.10 0 မှတ်ချက်ရေးပါ

၁၁-၁၁-၆၁ ခု၊ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောတော်မူသော
ဝိပဿနာ ရှုပုံရှုနည်း
အလုပ်ပေးတရားတော်
ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့်
ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊
အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူး။ သို့သော် အသက်မှန်မှန်ရှုပြီးသကာလ လေလေး
ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီးသကာလ နေရာမှ
ပထမရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက
အောင့်သလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။
ထွက်တာသိ ၀င်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ်/ ထွက်တာသိ
ဝင်တာသိ ဖြုတ်ပြီးအောင့်တဲ့ နေရာကလေးကို ဥာဏ်က လှည့်လိုက်၊ သြော် -
ဒါဖောက်ပြန် တာပါလား၊ အင်း - ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး။ ခုမှ
ဒီနေရာလေးက အောင့်လာတယ်။ အဲဒီ ဖောက်ပြန်တဲ့ နေရာကလေး
ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာကလေးက ပျက်စီးသွားတယ်။
ထွက်တာသိ ၀င်တာသိ လုပ်နေတုန်း တစ်နေရာက အောင့်လာတယ်\ အောင့်တဲ့အခါကျတော့
ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ - အောင့်တဲ့နေရာ ကလေး ဥာဏ်လှည့်လိုက်ပါ -
ခြေသလုံးက အောင့်ရင် ခြေသလုံး၊ ပေါက်ကအောင့်ရင် ပေါင်၊ ခါးကအောင့်ရင်
ခါး၊ နောက်ကျောအောင့်လို့ရှိရင်လဲ အောင့်တဲ့နေရာကလေး ဥာဏ်လှည့်လိုက်ပါ။
အဲဒါ ကလေးက ဘာပါလိမ့်လဲဆိုတော့ ပင်ကိုသဘောမှ ဖောက်ပြန်လာတာ။ အဲဒီ
ဖောက်ပြန်တဲ့ နေရာကလေးကို ဥာဏ်လှည့်လိုက်ပြီဆိုမှဖြင့် ဥာဏ်ပေါ်နေတဲ့
အတွက် သတ္တ၀ါသန္တာန်မှာ အောင့်တဲ့စိတ်ကလေးက ချုပ်သွားပြီး ဥာဏ်စိတ်ကလေးက
ပေါ်နေတယ်။ ဥာဏ်စိတ်ကလေး ပေါ်နေတော့ အောင့်တာလေးက ဖောက်ပြန်ပြီးသကာလ
ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်၊ ဖောက်ပြန်ပြီး ပျက်စီးသွားတာ
တွေ့ရပါလိမ့်မယ်။
ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသွားတာတွေ တွေ့တဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီး
စိုက်ကြည့်နေလို့ ဖောက်ပြန်ပျက်စီးတာ တွေ့တာလို့ မှတ်လိုက်ပါနော်
အဲဒီတော့ ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ၊ အနိစ္စဆိုလဲ ဟုတ်တာပဲ၊
ဒုက္ခသစ္စာဆိုလဲ ဟုတ်တာပဲ။ သြော် - ဒါက ဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့
သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါ ဒီနေရာကလေးက အောင့်တာကလေးက ပျောက်သွားလို့
ဟိုနေရာက အောင့်လာပေါ်လာတယ်။ ဟိုစိတ် ကလေး စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်။
အဲဒါကိုလဲ စားချင်တဲ့ စိတ်ကလေးကိုလဲ ရှိ,မရှိ ကြည့်ပေးပါ။
ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ကြည့်တဲ့ဥာဏ် ပေါ်လာလို့ ရှိရင်ဖြင့်
သတ္တ၀ါသန္တာန် နှစ်စိတ်မပေါ် ကောင်းတဲ့အတွက် စားချင်တဲ့ စိတ်ကလေးက ဒကာကြွယ်,
ဒကာသစ်တို့ ဖြစ်ပြီး ပျက်သွားတယ် - သူလဲ ခုမှ ဖောက်ပြန်ပြီးလာတာ အခုပဲ
ပျက်စီးသွားတယ်၊ အဲဒီတော့ ဖောက်ပြန်ပျက်စီး သွားတာက ဒုက္ခသစ္စာ။
အင်း … ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက သိလိုက်တော့ အသိခံရတာက
ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာလို့ အောက်မေ့ကြပါ ၊ ဒီလိုချည်းပဲ ခန္ဓာကိုယ်ထဲ
လှည့်လိုက်ပြီး သကာလနေတော့ အသိခံတာက ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာဆိုတော့
သြော် - ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ် … သိနေတဲ့ မဂ္ဂသစ္စာရယ် … ။
ဤသစ္စာနှစ်ခုသာ ရှိပြီးသကာလနေတော့ သမုဒယသစ္စာဆိုတဲ့ လောဘက
ချုပ်ငြိမ်းရုပ်သိမ်းပြီး သကာလ နေတော့တယ်။ ဒီလောဘ ချုပ်ငြိမ်းနေတော့ လောဘ
တဏှာချုပ်တော့ တဏှာချုပ်တော့ ဥပါဒါန် ချုပ်ပါတယ်။
ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ အနာဂတ်ဘ၀ လာလတ္တံဖြစ်တဲ့
ပဋိသန္ဓေနေမှု အိုမှု သေမှုရော ချုပ်ပါတယ်
သြော်…ဒါ ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့်
ဖောက်ပြန်ပျက်စီးတာ မြင်နေတဲ့ မဂ်က ချုပ်စေတာဖြစ်တယ်။
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ၀ိပဿနာရှုဆိုတာ ခန္ဓာကိုယ်စောင့်ကြည့်တဲ့
အလုပ်လို့ မှတ်လိုက်စမ်းပါ - ၀ိပဿနာအလုပ်ဆိုတာ ခန္ဓာကိုယ် စောင့်ကြည့်တဲ့
အလုပ်ပါ။
ဒါကြောင့် “ကာယမိမံ သမ္မသထ” ဣမံကာယံ၊ ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ၊
စောင့်ကြည့်ပြီး သုံးသပ်စမ်းပါကွာ၊ ခန္ဓာကိုယ်ကြီး စောင့်ကြည့်ပြီး
သုံးသပ်စမ်းပါ၊ ဆင်ခြင်စမ်းပါဆိုပြီး ရှင်သာရိပုတ္တရာက မှာရှာတယ်၊
ပျက်စီးသွားတာဖြစ်ပျက်၊ စောင့်ကြည့်တာက မဂ်။ မဂ်ဆိုတာက ဒကာ, ဒကာမတို့
စောင့်ကြည့်မှ ရတယ်လို့ မှတ်စမ်းပါ -
စောင့်မကြည့်ရင် မရဘူး၊ ရှာရင်တော့မရဘူး၊ စောင့်ကြည့်ရင်တော့ ရတယ်။
တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူး။ အဖမ်းတော့ မြန်သလို မိလိန္ဒပဥှာက
စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားတယ်။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက အိမ်ရောက်လို့ရှိရင်
ဘုန်းကြီးပြောတဲ့အတိုင်းသာ လုပ်ကြစမ်းပါ။ ခန္ဓာကိုယ်စောင့်ကြည့်နေ၊ ဘာနဲ့
စောင့်ရမလဲဆိုတော့ ရှုမှုလေး မှန်မှန်ရှု, ရှိုက်မှုလေး မှန်မှန် ရှိုက်၊
ရှိုက်ရာကမှ အထူးတရားလေး ပေါ်လာလို့ရှိရင် သြော် … ဒါ ၀ိပရိနာမလက္ခဏာ
ဒုက္ဒသစ္စာပါလားလို့ စောင့်ကြည့်လိုက်
ဒါဖြင့် ၀ိပရိနာမလက္ခဏာ ဒုက္ခသစ္စံက ဒုက္ခသစ္စာ၊ စောင့်ကြည့်တာကလေးက မဂ္ဂသစ္စာ။
သေတာက သမုဒယသစ္စာ၊ နောက် ခန္ဓာ မလာတာက နိရောဓသစ္စာ၊ နိရောဓဆိုတော့ သြော် …
တို့ သစ္စာ အလုပ် လုပ်နေပါကလား ဆိုတာ ပေါ်မလာဘူးလား။
သြော် … ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ စောင့်ကြည့်တဲ့ အလုပ်
စောင့်ကြည့်တဲ့အလုပ်ဆိုတော့ တပည့်တော်တို့ဖြင့် မလုပ်တတ်သေးပါဘူးဘုရား
ဆိုရင် စောင့်မကြည့်လို့သာ မှတ်ပေတော့
စောင့်ကြည့်တော့ ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာကပြ၊ ဟိုနေရာကပြလိုက်၊
ဒီနေရာကပြ လိုက်နဲ့ ပြတဲ့နေရာကိုပဲ စောင့်ကြည့်နေတဲ့အခါကျလို့ရှိရင်
ပြတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာ
နောက် ခန္ဓာမလာတာက … နိရောဓသစ္စာဆိုတာ သြော် … တို့တစ်တွေ သစ္စာလေးပါးအလုပ်
လုပ်နေပါကသလားဆိုတာ မပေါ်လာဘူးလား
အနာတွေပဲ မပြရပေဘူးလား … ၊ အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေပြတော့
ဒီအနာခန္ဓာတွေကလဲ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်,
ပျက်လိုက်နဲ့ ပြနေတော့ သြော် … ဒီဥစ္စာ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက
မဂ္ဂသစ္စာပါလားဆိုတာ အခုအချိန်မှာ ဥာဏ်ထဲမှာ ပေါ်လာတယ် …
ထိုကဲ့သို့ ပေါ်လာတဲ့အခါကျလို့ရှိရင်ဖြင့် ကိလေသာ ကြားမညှပ်လို့ရှိရင်
ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာကြားမခြားလို့ရှိရင် ခုနစ်ရက်နဲ့
မဂ်ဥာဏ်, ဖိုလ်ဥာဏ် ရပါတယ် …
ဘုန်းကြီးက ဟောတာလား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာလားလို့ဆိုတော့
သတိပဋ္ဌာန် ပါဠိတော်မှာ သေသေချာချာ ရှိလေသောကြောင့် ဒကာ, ဒကာမတွေ
စောင့်ကြည့်တဲ့အလုပ် မလုပ်ခဲ့သောကြောင့် သံသရာရှည်ရပါတယ်
သြော် … ဒါဆို ၀ိပဿနာဆိုတာ အားစိုက်ရှုရတာ? စောင့်စားပြီး ရှုရတာ
သေသေချာချာ ပြောနေပါတယ် ဒကာ, ဒကာမတို့ လေးလေးစားစားနဲ့ မှတ်ပါ
လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက
ခန္ဓာကိုယ်ထဲမှာ ဘာမှ ကြည့်စရာ မရှိလို့ရှိရင်ဖြင့် သြော် …
လေကလေးထုတ်တဲ့ စိတ်ကလေးလဲ ထုတ်ပြီး ပျက်တာပဲ …
လေကလေး ပြန်သွင်းတဲ့စိတ်လည်း … သွင်းပြီး ပျက်ပါတယ် အဲဒါကလေး ဘယ်ကမှ
မရှိတော့ဘူးဆိုရင် ပြန်ထိုင်လိုက်
ပြန်ထိုင်ရင်းမတ္တနဲ့ပဲ ဟိုနေရာက ယားသလို, ဒီနေရာကအောင့်သလို၊ ဒီနေရာက
ကောင်းသလို လာပြန်လို့ရှိရင် သူ့ဖြုတ်ပစ်လိုက် … ခုနင်က ယားတဲ့နေရာ
ကောင်းတဲ့ နေရာတွေ လှည့်လည်ပြီး သြော် … ဒါတွေ ဒုက္ခသစ္စာပါလား၊ ဒါတွေ
ဒုက္ခသစ္စာပါလားလို့ ရှုပါ …
ကောင်းတဲ့စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ ဒုက္ခရောက်တာပဲ … ဆိုတဲ့စိတ် ကလေးလဲ
ဖြစ်ပြီး ပျက်တော့ အလယ်အလတ် စိတ်ကလေးလဲ ဖြစ်ပြီး ပျက်တော့ …
ဒုက္ခရောက်တာပါပဲ
“သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” လို့ ဟောသောကြောင့် ခန္ဓာငါးပါးစလုံး
ပြတဲ့ ဥစ္စာတွေ အနိစ္စလဲမပြ၊ ဒုက္ခလဲမပြ၊ အနတ္တလဲမပြ၊ အသုဘလဲမပြဘဲနဲ့
ဒုက္ခသစ္စာပဲပြတယ် …
အဲဒီကဲ့သို့ ပြလာပြီဆိုမှဖြင့် သြော် … လူ့ဘ၀ရတာ ဒုက္ခသစ္စာရတာကိုးလို့
ပေါ်ပေါ်လွင်လွင်ကြီး သိမလာပေဘူးလား … လူ့ဘ၀ရတာ ဘာရတာပါလိမ့် … ၊
ဒုက္ခသစ္စာကြီး ရတယ်ဆိုတာ မသေချာဘူးလား
အဲဒီကဲ့သို့ ဒုက္ခသစ္စာကြီး ရတာကို ပိုင်ပိုင်နိုင်နိုင် သိနေတော့
တစ်ကိုယ်လုံးမှာ ဟိုကယား, ဒီကနာ၊ ဒီကအောင့်, ဟိုကကိုက်၊ ဒီကခဲ, ဟိုက
တစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာတာ ဟူသရွေ့ ပျောက်တာပဲတွေ့ရ၊
စောင့်ကြည့်တဲ့ပုဂ္ဂိုလ် မတွေ့ရဘူးလား …
ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင် ဘယ့်နှင်ဖြေကြမလဲ …
စောင့်ကြည့်တာပဲ အကြည့်ခံရတာက ဒုက္ခသစ္စာ၊ ကြည့်ဥာဏ်က မဂ္ဂသစ္စာ၊ မဂ္ဂသစ္စာဆို
တော့ သြော် … မဂ်ဟာ ဆုတောင်းအလုပ်လား၊ စောင့်ကြည့်တဲ့ဥာဏ်အလုပ်လား …
စောင့်ကြည့်တဲ့ ဥာဏ်အလုပ်လို့ ဒကာ,ဒကာမတွေက အသိကြီး သိလာပြီဆိုမှဖြင့်
သြော် … ခန္ဓာကိုယ်ကြီးဟာ သုခကြားမညှပ် ဒုက္ခသစ္စာ တရစပ်ပလားဆိုတာ
ပေါ်ပါလိမ့်မယ် … သုခကြားမညှပ် … ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ မပေါ်လာဘူး လား
…
ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့မှ သြော် … ဒုက္ခသစ္စာကြီးပါလား၊ သုခဆိုတာ
ဘာမှ မပေါ်လာပါ လားဆိုတော့ ဒုက္ခတွေမြင်ပြီး ငြီးငွေ့လာပါလိမ့်မယ် …
ဒါဖြင့် ဖြစ်ပျက်မြင်တာသည် ယထာဘူတဥာဏ် … ဖြစ်ပျက်ဒုက္ခသစ္စာကြီး
မုန်းလာတာသည် …နိဗ္ဗိန္ဒာဥာဏ်ပါ
ကြာတော့ ဥာဏ်ကထက်ထက်၊ ထက်ထက်, ထက်ထက်ပြီး ကြည့်ပါများလာတော့
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ၌တဲ့ ဒီဒုက္ခကြီးနဲ့ဖြင့် မနေချင်ပါဘူးဆိုတာ
မနေချင်တဲ့ဥာဏ် မလာပေဘူလား …
မနေချင်တဲ့ဥာဏ် လာတဲ့အခါကျတော့ ခုနင်က ဒုက္ခတွေ အကုန်ပျောက်သွားပါလိမ့်မယ်
… မနေချင်တဲ့ ဥာဏ်လာတော့ ဘာတွေပျောက်သလဲဆိုတော့ ဒုက္ခတွေ ပျောက်ပါတယ်၊
ဒါဖြင့် ဒုက္ခပျောက်၍ ဒုက္ခဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံးသိတာက … မဂ္ဂသစ္စာပါ
မဂ္ဂသစ္စာဆိုတော့ မဂ်စစ် ပေါ်လာလိမ့်မယ်၊ ဒုက္ခပျောက်ရင် မဂ်စစ်ပေါ်လိမ့်မယ်၊
ဒုက္ခတွေ့ရင် ၀ိပဿနာမဂ်ပေါ်လိမ့်မယ် … ဒုက္ခတွေ့ရင် … ၀ိပဿနာမဂ် ပေါ်လိမ့်မယ်
ဒုက္ခတွေ မရှိဘူးဘုရား၊ ရှုစရာကို မရှိဘူးဘုရား ဆိုရင်ဖြင့်
မဂ်စစ်ပေါ်လာလိမ့် မယ်။ မဂ်စစ်ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ … မဂ်စစ်
ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ … မရှိမှန်းသိတာက … မဂ္ဂသစ္စာ
အဲဒီကျအောင် စောင့်ကြည့်ရင်းမတ္တနဲ့ ဆုံးသွားအောင်
လိုက်လိုက်လို့ရှိရင်ဖြင့် “ဒုက္ခဿအန္တံ ကရိဿထ” ဒုက္ခဿ၊ ဒုက္ခ၏။ အန္တတံ၊
အဆုံးကို။ ကရိဿထ၊ မဂ်ဥာဏ်က မျက်မှောက်ပြုလိမ့် လတ္တံလို့
ရှင်သာရိပုတ္တရာကလဲဟော၊ ဘုရားကလဲဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့
ဒကာ,ဒကာမတွေ ယနေ့ကစပြီး စောင့်ကြည့်တဲ့အလုပ် လုပ်စမ်းပါ …
ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်သာကြည့်ပါလို့ သတိပေးလိုက်တယ် … ၊
ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်ကြည့်ပါ၊ ဒီ့ပြင် ဘာမှမလုပ်ပါနဲ့၊
စောင့်ကြည့်တော့ ကြာတော့ ဖြစ်ပျက်တွေ စိပ်လာလိမ့်မယ် …
စိပ်လာပြီဆိုမှဖြင့် စိပ်ပေမယ့် မပျင်းနဲ့၊ သြော် … အသေတယ်များပါကလား၊
သြော် … ဒုက္ခတွေ တယ်များပါလား၊ သြော် … ဒုက္ခတွေ တယ်များပါလားလို့ သူက
ဘယ်လောက်ပဲများများကိုယ်က ဒုက္ခများတယ်လို့သာ မြင်အောင်ကြည့်နေ … ၊
ကြာတော့ သြော် … ဖြစ်လာတာကလဲ ဒုက္ခ၊ ပျက်သွားတာကလဲ ဒုက္ခ၊ အဲ … ဒီကဲ့သို့
ဒုက္ခကို အဖြစ်လဲ မသာယာ၊ အပျက်လဲ မသာယာ၊ အဖြစ်ရော… မသာယာ အပျက်ရော …
မသာယာ
မသာယာပါဘူးတဲ့။ ထိုကဲ့သို့ မသာယာတဲ့အခါကျတော့ ဖြစ်ပျက်ကို သာယာတဲ့
တဏှာကလဲ ချုပ်ပါရော ဖြစ်ပျက်လဲချုပ်တာပဲ … သာယာတဲ့ ဒိဋ္ဌိလဲ ချုပ်ပါရော …
ဖြစ်ပျက်လဲ ချုပ်သွားတာပဲဆိုတော့ ဖြစ်ပျက်ချုပ်တာ နိဗ္ဗာန်၊
ချုပ်မှန်းသိတာ မဂ်ဥာဏ်၊ ဖြစ်ပျက်ချုပ်တာက … နိဗ္ဗာန်။
ချုပ်မှန်းသိပြီဆိုတာက … မဂ်ဥာဏ်ပါ
ဒါဖြင့် နိဗ္ဗာန်ဝေးသလား … နီးရဲ့လား … နီးလျက်နဲ့ မရောက်တာ
ဘာကြောင့်ပါလိမ့်မလဲလို့ မေးတော့ စောင့်ကြည့်တဲ့ အလုပ်မလုပ်လို့ပဲ
အားလုံးပဲဆရာတော်ကြီးနည်းအတိုင်းကျင့်နိုင်ကြပါစေ......

သတင်းဟောင်းတစ်ခုပါ ဒါပေမယ့် ကြည်ညိုစရာကောင်းလို့ပါ
မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။
(29/11/2010)နေ.က တွေ.မြင်ရပုံ ဖြစ်ပါသည်။
မဟာမုနိ ရုပ်ရှင်တော်မြတ်စွာဘုရား မျက်လုံးတော်ပွင့်သည်ကို မေလ်မှ ပေးပို့ထားတာလေးကို ကြည်ညိုရအောင် မျှဝေခြင်းဖြစ်ပါတယ် ဘုရားရှင်တော်
သပ္ပါယ်စွာ ကြည်ညိုဖွယ်ရာ ဖူးမျှော်ကြစို့လားးးးး
Read more: မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီး မျက်လုံးတော်ပွင့်နေစဉ် ဖူးတွေ. ရပုံဖြစ်ပါသည်။