မကျေဘူးဟေ့
လေထီးတပ်သားများ လေယာဉ်ပေါ်မှ တစ်ယောက်ချင်း လေထီးနဲ့ ခုန်ဆင်းနေကြသည်။
နောက်ဆုံးတွင် တပ်ကြပ်ကြီးနှင့် ရဲဘော်တစ်ဦးသာ ကျန်တော့သည်။ တပ်ကြပ်ကြီး
ခုန်ဆင်းရန် ပြင်သည်။ ရဲဘော်က ၄င်းကို အတင်းတားသည်။
"ဟင့်အင်း၊ ဟင့်အင်း။ ကျွန်တော် အရင်ဆင်းပါရစေ"
"ဟေ့ကောင် ဘာဖြစ်လို့လဲကွ"
"နောက်ဆုံးခုန်ဆင်းတဲ့ လူမှာ လေထီးမပွင့်တက်ဘူးလို့ အဘွားကပြောလို့"
"ဟာ။ ဒါအဓိပ္ပယ် လုံးဝမရှိတဲ့ စကားပဲ"
"မသိဘူး။ ကျွန်တော့်ကို အရင်ခုန်ဆင်းခွင့် ပြုပါ"
တပ်ကြပ်ကြီး တပ်သားကို အရင်ခုန်ဆင်းခွင့် ပြုလိုက်သည်။
ကောင်းကင်တွင် တပ်သားနှင့် လေထီးမပွင့်ပဲ အောက်သို့ ကျလာသော တပ်ကြပ်ကြီးတို့
ဆုံမိကြလေသည်။ တပ်ကြပ်ကြီးက အံကြိတ်ပြီးပြောသည်။
"ဟေ့ကောင်၊ မင်းအဘွားကို ပြောလိုက်။ နောင်ဘဝရောက်တဲ့အထိ သူ့ကို မကျေဘူးလို့

ဒီနေ့ မိုးမရွာပါ
မိန်းမပျိုတစ်ဦးသည် မြို့ ထဲသို
့အလည်အပတ်ထွက်ရန်ပြင်ဆင်နေစဉ်မိခင်ဖြစ်သူက…
သမီးက ဘယ်ကိုသွားမလို
့လဲကွယ်၊ ရာသီဥတုတွေက ကြည်ကြည်လင်လင်ရှိတာမှမဟုတ်ဘဲ
ဂျင်မီနဲ့ ချိန်းထားလို့ ပါမေမေ၊ သူနဲ့ လျှောက်လည်ကြမလို့ ပါ
သတိထားနော် သမီး၊ မိုးများရွာမလားမသိဘူး၊ အမေလည်း သမီးအရွယ်တုန်းက
သမီးလိုပဲချိန်းထားတဲ့ ယောင်္ကျားကလေးသူငယ်ချင်းနဲ အလည်အပတ်ထွက်လိုက်တာ
လမ်းမှာ ရုတ်တရက်မိုးရွာချလိုက်လို့ မိုးအတိတ်စောင့်ရင်းနဲ
့မိုးစုန်းစုန်းချုပ်သွားတယ်၊
အိမ်ကိုမပြန်ရဲဘဲ သူခေါ်ရာနောက်ကို
အမေတစ်ခါတည်းလိုက်သွားခဲ့တယ်။သမီးလည်း
အမေ့လိုအဖြစ်မျိုး
ကြုံတတ်တယ်နော်၊ ဒီနေ့ မိုးလေမကင်းရှင်းဘူး
သမီးဖြစ်သူက
ဖြည်းလေးစွာပြန်လည်ပြောဆိုလိုက်လေ သည်။
စိတ်ချပါအမေ၇ယ်၊ ဒီနေ
့ရာသီဥတု သာယာမှာပါ မေမေ၇ယ်၊မိုးမရွာနိုင်ပါဘူး၊ သမီးကိုချိန်းထားတဲ
့ယောင်္ကျားကလေး က မိုးလေ၀သဌာနကပါမေမေ ဟူ၏။
ဘုန်းကြီးကျောင်းသားရည်းစားစာ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသံဗုဒ္ဓသ
ဘုရားရတနာ တရားရတနာ သံဃာရတနား ရတနာမြတ်သုံး အပါးကို အပာံအကျွန်ုပ်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ဦးစွာပထမ ရှိခိုးကန်တော့ အပ်ပါသည်။ ထိုမှတဖန် အကျွန်ပ်ရင်တွင်းမှ ၀ိညာဉ် နာမ်ရုပ် ဖဿ ပာူသော ပရိစ္စ သမ္မုပ္မတ်စက်ဝိုင်းအား ကျော်လွန်၍ ရိုသေလေးမြတ်စွာ စာရေးအစီအရင်ခံလိုက်ပါသည် ချစ်နှမ။ ချစ်နှမ၏ မျက်နှာကို မြင်ရသည့်နေ့မှစ၍ မောင့်မှာ နှမ၏ လှပသော ယူပါရုံကြောင့် အူတွေဘာတွေခုန်ကာ မနေနိုင်မထိုင်နိုင် မျောက်မီးခဲကိုင်မိသလို ကျွမ်းပြန်နေရပါပြီ။ နှမအပေါ်တွင် မောင့်မှာမေတ္တာစိတ်များ တစ်နေ့ တစ်ခြား ပွားများလာကာ
အတ္တလန္တိတ်သမုဒ္ဒရာကြီးထဲက လှိုင်းတန်ပိုးများကဲ့သို့ တလုံးပြီး တလုံး ထကြွလာပါတော့သည်။ နှမစိတ်ကြောင့် မောင့်မှာ အခွေ့ခံရပါပြီ။ မောင့်ကိုသနားရင်ချစ်ပါ။ နှမက ချစ်မယ်ဆိုရင် မောင်ကအုန်းသီးပေးမယ်။ နှမ၏မျက်နှာကလေးကို မြင်ရတိုင်းမောင့်စိတ်ထဲမှာ ဖရဏာ ပီတိ ဂွမ်းဆီထိသလို အကြိမ်ကြိမ် ဖြစ်မိပါပြီ။ မောင့်မှာ နှမအတွက် ပင့်သက်ကို အနိုင်နိုင် ရှူ နေရပါသည်။ သနားတော်မူပါ အိုချစ်နှမ။
မောင့်မှာ ကံမ္မ၀ဋ်စရ ကုသိုလ်ကံကြောင့် ဆိုက်ကားနင်းနေရသော်လည်း မောင်တို့အမျိုးပာာ မညံ့ခဲ့ပါ။ မောင့်အမျိုးဟာ ကုန်းဘောင်အဆက်ပါ။ ဧရာဝတီမှာ သဘောင်္ကုန်းဘောင်ဆက်သော ခေါ်တောကုလားဟာ မောင့်ဦးလေးပါ။ မောင်တို့အမျိုးပာာ ဆိုရင် ယနေ့ယခု သြကာသလောကတိုင်အောင် ဘုရားအထူးခံနေရဆဲပါ။ မောင့်ဘိုးအေဟာ ကျောင်းထိုင်ဆရာတော်ကြီး ဦးသောဘိတပါ။ မောင်ဟာအင်္ဂလိပ်စာမတတ်သော်လည်း သပိတ်မှောက် ကျောင်းသား အစစ်ပါ။ ဦးသောဘိတကျောင်းမှာ ဘုန်းကြီးကျောင်းသားလုပ်နေစဉ်အခါတုံးက သူ့သပိတ်ကို သယ်ပေးရင်းက သပိတ်မှောက်ကျခဲ့တာပါ။ ဒါကြောင့် သုံးဆယ်ရှစ်ဖြာ တစ်ရားတော်နဲ့အညီ လူတဖက်သားအား မေတ္တာတော် ပွားများ၍ ချိုသီ၊ ခါးသီ၊ အီ၂လီကို စာပြန်ပေးတော်မူပါ ချစ်နှမ
ချစ်နှမအတွက် သောက ပဋိဒေ၀ ဒုက္ခဒေါမဏဿမီး တောက်လောင်နေသူ

ယောကျာင်္းများရဲ့  ဖြစ်ပုံ
တစ်နေ့သွားဆရာဝန် တစ်ဦးထံဖုန်းလာသည်။
…………………………
ဆရာ……ဆရာဆီမှာသွားနှတ်ရင်ဘယ်လေက်ကုန်မလဲ
ဆရာဝန်………………..အကောင်းဆုံးနှုတ်မယ်ဆိုရင်ဒေါ်လာ ၅၀ ပါ
ဖုန်းဆက်သူ……………ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………………..အင်းဒီထက်ဈေးနည်းတာဆို ထုံဆေးမထိုးဘူး နည်းနည်းတော့နာမယ် ဒေါ်လာ ၄၀ ကျမယ်
…………………………..ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………………..ဒီထက်နည်းတာဆို လက်ထောက်ဆရာဝန်နဲ့နှုတ်ရမယ် စိတ်တော့ချရပါတယ်ဒေါ်လာ ၃၀ံ နဲ့ ရမယ်
ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………………..ဒီထက်နည်းချင်ရင်တော့ ဒရ၀မ်နဲ့နှုတ်လိုက်မယ်တော်တော်တော့နာမယ် လက်ရာလည်းမကောင်းဘူး ၂၀နဲ့ရမယ်
ဒီထက်နည်းတာတော့မရှီတော့ဘူးပေါ့
ဆရာဝန်………………..အင်း
…………………………. အဲ့ဒါဆို သူနဲ့ပဲ နှုတ်မယ်ဆရာ
ခဏနေ ကျွန်တော့မိန်းမကိုလွှတ်လိုက်မယ်
ဆရာဝန်……………….အင်………..
ဖြစ်ရမယ်………………… မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။
ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ
ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ
ဦးလေး ။ ဘာဖြစ်လို့လဲကွ
ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ
ဦးလေး ။ ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ
ချူချာ ။ အဟီး……ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ
ပါတော့ ပါသွားတယ်……………………..
ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက
ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ မှတ်သားလောက်တယ်
သူငယ်ချင်း မင်း…..ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား
အေး…ကြားဖူးတယ်။ ဘာဖြစ်လို့လဲ
ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။
ဟုတ်လားကွ….” ဘာမယ်တဲ့တုန်း ”
” ပါးကျိုးမယ် ” တဲ့
မဖြစ်နိင်ဘူး
စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။
လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောင်္ကျားတွေဟာ မိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်
သူ မှာထားခဲ့လို့
” ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ ”
” ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ ”
ကြက်တူရွေး
မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ လမ်းခုလတ်က အိမ် တအိမ်တွင်
ကြက်တူရွေးတစ်ကောင်မွေးထားသည်။ ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်
အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွတ်သည်။
နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။ တနေ. တွင်
သေချာနားထောင်ကြည့်လိုက်ရာ ‘အ၀ါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကို
ကြားမိလိုက်သည်။
မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံ
ဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကို
ပြောပြသည်။ဒါပေမယ့် လက်ခံ ဖို. အင်တင်တင်ဖြစ်နေကြသေးသည်။
ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီ
ဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်
အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။
ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကို
ပညာပြရအောင်’ ဟုဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မ၀တ်ပဲ
ထွက်လာကြသည်။
ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့ အနည်းငယ် ထွေသွားပြီး
ဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလို
ရွတ်လိုက်ပါတော့သည်။ ‘အအို ၊ အအို ၊ အပြို’
မြန်မာကွ…
တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀
> တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊
> ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ ”
> ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication
> ကို နားလည်နေကြပြီ” တဲ့။
>
> အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic
> ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက ” လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက
> ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ” ဆိုပြီး
> ဂုဏ်ဖေါ်ကြတယ်။
>
> မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ
> ၅၀၀၀ သာရောက်ရော … ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ်
> သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။
>
> ” မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ
> အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။
>
> မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။
ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
“ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်”
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက “ဆရာနေ့တိုင်း သွားတိုက်သင့်တယ်” ဟူတည်း

နံပါတ်၁။
မိန်းကလေးအယောက် ၁၀၀ မှာ ၉၀ လောက်ကအလှကြိုက်ကြပါတယ်(ကျန်တဲ့ ၁၀ ယောက်က မျက်မမြင်တွေမို့ လို့ ပါ) .ဒါ့ကြောင့်မိန်းကလေးတိုင်းကလေ ကိုယ့်ချစ်သူ
ကိုယ့်ကိုလှတယ်လို့ ပြောရင် အရမ်းပီတိဖြစ်ကြတယ်ကိုယ့်ချစ်သူလေးစိတ်ချမ်းသာဖို့ 
သူ့နဲ့ တွေ့ ရင်.သူ့အလှကို.မြင်မြင်ချင်းပထမဦးဆုံးချီးမွမ်းပါ..
ဥပမာ...**ကိုယ့်ဘ၀ရဲ့ ပုံရိပ်ရှင်.အလှသခင်လေး၇ယ်မင်းသာကိုယ့်မျက်စိထဲမှာအလှဆုံးပါကွာ**
(ဘာညာကွိကွ..တတ်သလောက်မှတ်သလောက်လေး၇ွှီးပေးပါ)
နံပါတ် ၂။
မိန်းကလေးတစ်ဟာဘယ်လောက်ပဲမာနကြီးကြီး အတ္တကြီးကြီး အမှန်တကယ်
ဝမ်းနည်းကြေကွဲစရာတွေကြုံလာတိုင်းချစ်သူရဲ့ လက်ဖ၀ါးနွေးနွေး ဒါမှမဟုတ်
ချစ်သူ့ ရင်ခွင်မှာငိုချခွင့်လေးတော့ လိုချင်ကြတာမိန်းကလေးတိုင်းရဲ့ ရင်ထဲကဆန္ဒလေးပါ
ဒါ့ကြောင့်မို့ လို့ ကိုယ်တိုင်က လောကဓံကို ခံနိုင်ရည်၇ှိတဲ့ကျားကျားယားယား.အာဇာနည်ယောက်ျားကောင်းဖြစ်အောင်.ဒီလိုလေး
လေ့ကျင့်ထားရပါမယ်.
**မင်းနဲ့ အတူအဆိုးအကောင်းမျှဝေခံစားဖို့ လောကဓံကိုငယ်ငယ်လေးကတည်းက ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပြီးသားပါကွာ**
နံပါတ်.၃။
မိန်းကလေးတွေဟာ.ဘယ်လောက်ပဲ.သတ္တိ၇ှိနေပါစေ အမှန်တကယ်အသက်ဘေးနဲ့ ကြုံလာရင်.ကိုယ့်ချစ်သူရဲ့ နောက်ကျောမှာ ခေါင်းလေးဝှက်ပြီး.
ကိုယ့်ချစ်သူရဲ့ အားပေးတဲ့ စကားသံလေးနဲ့ ကိုယ့်ချစ်သူဟာကိုယ့်အတွက်သူရဲ့ ကောင်းဆိုတဲ့ အရည်အချင်းကိုလဲ
လေးစားတတ်ပါတယ်အဲ့ဒီအတွက် ယောကျာ်းလေးဖြစ်တဲ့ကိုယ်ကသတ္တိရှိတဲ့ သူဖြစ်ဖို့ လိုပါတယ်
***မင်းလေးရဲ့ ရှေ့ မှာ.တားဆီးထားတဲ့ ရန်သူမှန်သမျှ ကိုကာကွယ်ပေးဖို့ 
ကြိုတင်လေ့ကျင့်ပြီးသားပါကွာ..***
နံပါတ် ၄။
မိန်းကလေးတွေဟာ.ကိုယ်တိုင်ကဘယ်လောက်ပဲပြည့်စုံချမ်းသာနေပါစေ
ကိုယ့်ချစ်သူရဲ့ အလုပ်ကြိုးစားပုံ..အရည်အချင်း၇ှိပုံတွေကို.
သူငယ်ချင်းတွေသိအောင်.ကြွားချင်ကြပါတယ်.
အိမ်မူးနတ် အဲ မှားလို့ .အိမ်ဦးနတ်.ဆိုတော့ စီးပွါးရေးတွေဦးဆောင်ရမှာလေ
.အဲ့ဒီအတွက်ကကိုယ်က.မနားမနေအလုပ်ကြိုးစားတဲ့ အကြောင်းကဒီလိုလေးကြွားပေးပါ
***မင်းကို.တင်တောင့်တင့်တယ်ထားနိုင်ဖို့ ကိုယ့်မှာ မနားမနေအလုပ်ကြိုးစားနေရတယ်ချစ်သူ..
အခုအလုပ်မအားတဲ့ ကြားကသေသေချာချာဝတ်စားပြီးခန့် ခန့် ညားညားနဲ့ ရှိတာလေးစီးပြီးအပြေး
လာခဲ့တာပါကွာ***
နံပါတ်.၅။
နောက်ဆုံးကတော့...ကိုယ်အဖြေတောင်းမယ့်ကောင်မလေးကိုချစ်သူ့ အမိန့် 
တစ်သက်လုံးနာခံမယ့်ပုံစံနဲ့ ပန်းစည်းလေးပေးပါ..
လက်ထပ်ခွင့်တောင်းရင်တော့..ကာတီးယားစိန်တိုက်က.
၇ှိတာပေါင်ပြီးဝယ်ထားတဲ့ လက်စွပ်လေးနဲ့ ဒီလိုလေး..
Surprise ဖြစ်သွားအောင်ရိုရိုသေသေနဲ့ .ပေးလိုက်ပါ..
** မင်းနဲ့ အတူလှပတဲ့တူနှစ်ကိုယ်အနာဂတ်ဘ၀လေး
တည်ဆောက်ဖို့ ကိုယ့်အချစ်ကိုလက်ခံပေးပါကွာ**
Written..By....ချမ်းချမ်း(ရွာသူလေး)
.............................................................
အထူးမှတ်ချက်..
ထောင်တန်တဲ့ စကားပျက်ရယ်မပြုကောင်းပါ.ပြုပါက ဒဏ်သင့်တတ်သောကြောင့်
ယခုအကြံပေးပိုစ့်အားဖတ်နေစဉ်အတွင်း.
အချက် ၅ ချက်အားမယုံမကြည်ဖြစ်မိခြင်း မရိုမသေဖြင့်.ရယ်ချင်သလိုလိုဖြစ်ခြင်း အမှန်တကယ်အသံထွက်ရယ်မိခြင်း..စိတ်ထဲ၌.ကြိတ်၍လှောင်ခြင်းပြုမိပါက...
ဂေါ်မစံွံတဲ့ သနားစရာလူပျိုကြီးတစ်ခုလပ် ၂ခုလပ် ဖြစ်သွားပေလိမ့်မည်.
.အထူးသတိထား၍မရယ်မိအောင်ဖတ်ပါလေ...
........................................................
ရှင်းလင်းချက်.....
အမျိုးသမီးများမစပ်စုရ ဆိုသည်မှာ..
ပိုစ့်ထဲတွင်ပါသောအကြောင်းအရာများကို ကြိုတင်သိ၇ှိနေပါက..
ချစ်သူမှ အဖြေတောင်းချိန်တွင်Surprise မဖြစ်ဘဲ
ရင်ခုန်ကြည့်နူးစရာနည်းသွားပေလိမ့်မည်..
..............................................................
လာမည့် 2011 Valentine Day မှစ၍.နောင်နှစ်ပေါင်းများစွာတိုင်အောင်..
တူနှစ်ကိုယ်ချစ်ကြတဲ့ ချစ်သူတိုင်းစစ်မှန်သော မေတ္တာ မှန်ကန်သော သစ္စာ များစွာနဲ့ 
တစ်ဦးကိုတစ်ဦး စာနာနားလည်မှုတွေနဲ့ေ၇ွှရတု ငွေရတု စိန်ရတုတွေအထပ်ထပ်နဲ့ ရတုအဆက်ဆက်တိုင်အောင်..သာယာတဲ့ ဘ၀ခရီးလျှောက်လှမ်းနိုင်ကြပါစေလို့ 
ဆုတောင်းပေးးပါတယ်နော်..
အားလုံးကို.ပျော်စေချင်တဲ့ 
ဟာသ-၁
၁။ ကောင်မလေး။ ။ ရှင် ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..
ကောင်လေး။ ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို သေချာ
ပြန်စစ်ကြည့်ပြီးပြီ..
၂။ ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ
စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?
ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..
၃။ စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ
စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့လဲ?
၎။ ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။
ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး..
၅။ တရားဟောဆရာ။ ။ ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း. . . မင်းဟာထမင်းမစားခင်မှာ
ဆုတောင်းလား. မတောင်းဘူးလား?
ဆမ်။ ။ ဆုတောင်းဖို့ မလိုပါဘူးခင်ဗျာ.. ကျွန်တော့်အမေက ဟင်းချက်ကောင်းပါတယ်…
၆။ ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ
စမ်းပါဦးကွယ်..
ကျောင်းသား။ ။ ကျွန်တော့်အဖေနဲ့ အမေဟာတစ်ချိန်တည်း တစ်နေရာတည်းမှာ
မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ....
၇။ ဆရာ။ ။ ဂျော့ခ်ျဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့
ချယ်ရီပင်လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက
သူ့ကိုအပြစ်မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ?
ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာ
၈။ ဆရာမ။ ။ နေနဲ့လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ
ကျောင်းသား။ ။ လပါဆရာမ
ဆရာမ။ ။ ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?
ကျောင်းသား။ ။ လက ကျွန်တော်တို့အလင်းရောင် လိုအပ်နေတဲ့ညမှ ပေါ်လာပြီးတော့
နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။
၉။ ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား
ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ
ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ
ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့
ကျောင်းဆရာ
ဆရာမ။ ။ မင်းအမေကရော
ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..
ဆွေမျိုး
''ရဲဘော်တို့ တပ်မတော်ဟာ ငါတို့ရဲ့မိခင်ပဲဖြစ်တယ်၊တပ်သားမောင်မြ တပ်မတော်ဟာ မင်းရဲ့ဘာလဲ''
''ကျွန်တော့် မိခင်ပါ'' ''ဟုတ်တယ်၊ကဲတပ်သားမောင်အ ပြောစမ်း''
''တပ်မတော်မှာ မောင်မြရဲ့အမေပါ'' ''ဟာ တပ်မတော်ဟာ မောင်မြရဲ့ မိခင်ဖြစ်သလို မင်းရဲ့မိခင်လည်းဖြစ်တယ်ပြန်ပြော''
''ဟုတ်ကဲ့ ကျွန်တော်ဟာ မောင်မြရဲ့ ညီဖြစ်ပါတယ်''
ထင်သလောက်မဟုတ်ပါဘူး
ခရီးသွားအဖွဲ့တစ်သည် တနေရာတွင် လူတစ်ယောက်နှင့်ခွေးတစ်ကောင်စစ်တုရင်ကစားနေသည်ကိုတွေ့လိုက်
ရသဖြင့် အံ့ဩစွာဖြင့် ထိုလူကိုမေးလိုက်သည်၊
''ဒီခွေးကစစ်တုရင်တောင်ထိုးတတ်တယ် ဆိုတော့တော်တော်ဉာဏ်ကောင်းမှာပဲနော်''
''ဟာ ခင်ဗျားတို့ထင်သလောက်မဟုတ်ပါဘူး အခုတစ်ပွဲစီ သရေကျနေတယ်''
တတ်အောင်သင်လိုက်တယ်
တစ်ခါက ဓားပြတစ်ဖွဲ့သည် အင်္ဂလိပ်လူမျိုး၊ပြင်သစ်လူမျိုး၊မြန်မာလူမျိုး သုံးယောက်ကိုဖမ်းမိသည်။
ထို့နောက်တစ်ယောက်စီကို အခန်းတစ်ခန်းစီတွင် မျောက်မတစ်ကောင်စီနှင့်ထားသည်။
အစားအသောက်အပြည့်အစုံနှင့်ထားပြီး တစ်နှစ်အတွင်း မျောက်မကိုစကားပြောတတ်အောင်သင်ခိုင်းသည်။
တစ်နှစ်ကြာလို့မှ စကားမပြောတတ်လျှင် အသက်ခံရမည်ဖြစ်သည်။
တစ်နှစ်ကြာသော် အင်္ဂလိပ်၏အခန်းကိုသွားစစ်သည်၊ အင်္ဂလိပ်သည်မျောက်မနှင့်ညစာအတူစားနေသည်
''ဒီမျောက်မက စကားမသင်ချင်ဘူးဗျ'' အင်္ဂလိပ်ကိုသတ်လိုက်သည်
ပြင်သစ်၏အခန်းကိုသွားစစ်သည်၊ပြင်သစ်သည်မျောက်မနှင့်အတူအရက်ထိုင်သောက်နေသည်
''ဒီကောင်မက ပြင်သစ်စကားကိုမလေးစားဘူးဗျ သူစကားမပြောတတ်သေးဘူး''
ပြင်သစ်ကိုသတ်လိုက်သည်။နောက်ဆုံးမြန်မာ၏အခန်းကိုသွားကြည့်ရာ သိသိသာသာဝဖြိုးလာသော
မြန်မာလူမျိုးနှင့် ပိန်ချုံးနေသောမျောက်မကိုတွေ့လိုက်ရသည်
''ဟာ ဟိတ်ကောင် မင်း မျောက်မကိုအစာမကျွေးဘူးလားကွ'' ''ကျွေးသားပဲ တစ်နေ့ကိုသုံးနပ်တောင်ကျွေးတယ်''
ထိုအချိန်တွင်မျောက်မကဝင်ပြောသည်
''သူလျှောက်ပြောနေတာမယုံကြပါနဲ့ရှင်'' ထို့နောက်မြန်မာလူမျိုးဘက်လှည့်ကာ
''အကိုကြီးရယ် ကျွန်မကိုထမင်းကျန်၊ဟင်းကျန်လေးနဲနဲလောက်ကျွေးပါ''
သင်္ဘောသား
သင်္ဘောကမ်းကပ်သောအခါ သင်္ဘောသားများကမ်းပေါ်ခဏတက်ခွင့်ရသည်
ကပ္ပတိန်သည် စည်းကမ်းကြီးသူတစ်ဦးဖြစ်သည်။အရက်တွေဘာတွေ သောက်တာမကြိုက်
သင်္ဘောသားတစ်ဦးသည် အရက်ပုလင်းနှစ်လုံးကိုလက်တစ်ဖက်စီတွင်ကိုင်ပြီး တက်လာသည်
ကပ္ပတိန်တွေ့သွားသည် ''ဟေ့ ငါဟိုဘက်လှည့်ထားမယ်တစ်ကနေတစ်ဆယ်အထိရေမယ်
ရေထဲကိုကျသွားတဲ့ အသံနှစ်သံကြားချင်တယ်'' ''ဗွမ်း..... ဗွမ်း....''
''အင်းဒီလိုမှပေါ့၊မင်းသွားတော့''ဆိုပြီးနောက်လှည့်ကြည့်လိုက်သည့်အခါ
''ဟာ ဟာ ဟေ့ကောင် မင်းဖိနပ် နှစ်ဖက် ဘယ်ရောက်သွားတာလဲ?
ဖဲသမားလေး
''ပီတာလေး ဆရာမကို တစ်ကနေတစ်ဆယ်အထိ ဆိုပြစမ်း''
''၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ဂျက်၊ ကွင်း၊ ကင်း''
နောက်ဆိုမှတ်ထား
ပီတာလေးသည် သူငယ်ချင်းနှင့်အတူလမ်းလျှောက်လာသည်။တစ်နေရာအရောက်တွင်မြောင်းပေါက်တစ်ခုတွေ့ရာ
သူငယ်ချင်းကိုအကောက်ကြံလိုသဖြင့် ''မိုးပေါ်ကို ကြည့်လိုက်စမ်း မိကျောင်းတွေ ပျံနေတယ်''
သူငယ်ချင်းကမော့ကြည့်သည်၊ကံကောင်းစွာ မြောင်းပေါက်ထဲမကျချေ၊နှစ်ယောက်သားလမ်းဆက်လျှောက်သွားကြသည်
အနောက်မှ မြောင်းရေတွေပေကျံနေသော လူကြီးတစ်ယောက်လိုက်လာပြီးပြောသည်
''ကလေးတို့ နောက်ဆိုမှတ်ထား မိကျောင်းတွေဟာ ဘယ်တော့မှလေပေါ်မှာ မပျံတတ်ဘူး''
အပြစ်လား
မီးလောင်ခဲ့မှူကို တရားရုံးတွင်မျက်မြင်သက်သေထွက်ဆိုနေသည်၊
''ကျွန်တော်တရေးနိုး ဆူဆူညံညံအသံတွေကြားလိုက်ရတော့ အခန်းအပြင်ဘက်မှာမီးရောင်တွေကို
တွေ့လိုက်ရတယ်၊ဒါနဲ့ ကျွန်တော့် မိန်းမရဲ့ဂါဝန်ကိုလှန်လိုက်တယ်''
''တရားရုံးမှာ အမှူနဲ့မဆိုင်တဲ့စကားတွေကိုမပြောပါနဲ့'' တရားသူကြီးကသတိပေးတယ်။
''ဟုတ်ကဲ့ မီးရောင်တွေတွေ့တော့ ကျွန်တော် မိန်းမရဲ့ဂါဝန်ကိုလှန်ပြီးကြည့်လိုက်တယ်''
''မောင်မင်း တရားရုံးမှာ အမှူနဲ့မဆိုင်တဲ့စကားတွေကို ပြောရင်အရေးယူခံရနိုင်တယ်နော်''
''တရားသူကြီးမင်းခင်ဗျား ခန်းဆီးလိုက်ကာကို ကျွန်တော့် မိန်းမရဲ့ ဂါဝန်စနဲ့ချုပ်မိတာအပြစ်လားဗျာ''.....

အကြွေးထဲကနှိမ်လိုက်
ပည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး
တစ်ယောက်က စစ်ဆေးနေ သည်။
မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။
ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။
မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။
ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။
တရားသူကြီးမှာ ရှက်လာသည်။ သို့နှင့် ဆက်မမေးတော့ပဲ အမှုကို
အမြန်စီရင်ချက်ချလိုက်သည်။
“ပြစ်မှုကျူးလွန်တဲ့အတွက် ငွေဒဏ် (၂၀၀၀) ကျခံစေ။”
မိန်းကလေးက ပြန်ပြောလိုက်သည်။
“ဒါလေးများ - ရပါတယ်။ သူ့အကြွေးထဲက နှိမ်လိုက်ပေါ့။”

ဟာသအဟောင်းလေးပါ...ရီရအောင်ပြန်မျှပေးလိုက်ပါတယ်...
(1).....ဟဟ တကယ်ရယ်ရတယ်.......သေချာဖတ်ကြည့်နော်
(၂) လျှောက်လုပ်ရေးဝန်ကြီး၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့
ပလက်ဖောင်းများပေါ်တွင် လူသွားလမ်းများ ဖောက်လုပ်လျှက်ရှိသည်။
(၃) လာမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင်
"ငါ့ဓါး ငါသွေးပြီး ငါ့ဟာငါဖြတ်မည်" ဟူသောဇာတ်ကားမှ သရုပ်ဆောင်လူမင်း
အကယ်ဒမီရရန် ရေပန်းစား (water flower eat)လျှက်ရှိသည်။ ထို့ပြင်
"အဖေနှင့် ဇနီးများ" ဇာတ်ကားမှ သရုပ်ဆောင်များလည်း
အကယ်ဒမီမျော်မှန်းထားသည်။
(၄) ဆက်သွယ်ရေးဝန်ကြီးမှ အသစ်ထုတ်ဝေလျှက်ရှိသော
မိုဘိုင်းဖုန်းဖြင့်အသုံးပြုသည်
ု့ ဖုန်းကဒ်များ ဈေးကွက်အတွင်း
အရောင်းအ၀ယ် မတွင်ကျယ်ဟု သိရ၏။ ပြည်သူများက ဈေးသက်သာပြီး
ဖုန်းလိုင်းပိုမိသော နို့ဆီခွက်နှင့်အပ်ချည်ကြိုးများ
အစားထိုးသုံးစွဲနေကြ၏။
(၆) အသစ်ခန့်အပ်သော နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့ညနေက
ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီ။
ခရီးစဉ်ရည်ရွယ်ချက်မှာ အဂ်လိပ်စကားသင်ရန်ဖြစ်ပြီး မူလတန်းအောင်
စကားပြန်၂ယောက်လည်း လိုက်ပါသွားသည်ဟု သတင်းရရှိသည်။
(၇) လယ်ယာပြန်စားရေးဝန်ကြီး၏ တစ်နှစ်စာလျာထားချက်အတိုင်း ယာ၃ယာ
ပြည့်မီစေရန် ဒေသခံတောင်သူဦးကြီးများက ပလယာ နှင့် ကွမ်းယာ တစ်ခုစီ
ထည့်သွင်းဖော်ပြခဲ့ကြသည်။
ပုံ/
ပျံကျားရေးဝံကြီး
အမာသည် အပျော့ မဟုတ်
အဖြူသည် အမည်း မဟုတ်
အဖြောင့်သည် အကောက် မဟုတ်........
အမာကိုလည်း မပျော့စေနဲ့
အဖြူကိုလည်း မမည်းစေနဲ့
အဖြောင့်ကိုလည်း မကောက်စေနဲ့.......