Click to set custom HTML
မသန်စွမ်းသူများအတွက် လမ်းလျှောက် နိုင်စေရန် ဝတ်စုံတစ်ရပ်ကို တီထွင်
အမေရိကန်ပြည်ထောင်စု ပင်တ ဂွန်စစ်ဌာနချုပ်မှ ရန်ပုံငွေထောက်ပံ့ သော သုတေသနအဖွဲ့သည် ကိုယ်ခန္ဓာ မသန်စွမ်းသူများအတွက် လမ်းလျှောက် နိုင်စေရန် ဝတ်စုံတစ်ရပ်ကို တီထွင်နိုင် ခဲ့ကြောင်း သိရသည်။ ကယ်လီဖိုးနီးယား အခြေစိုက် Berkeley Bionics ကုမ္ပဏီ သည် လွန်ခဲ့သည့်နှစ် ဆောင်းတွင်းကာ လက ဝတ်ဆင်၍ရသော စက်ရုပ်တစ်ခု ကိုပြသခဲ့ပြီး ယင်းကို elEGS ဟု အမည် ပေးခဲ့သည်။ အဆိုပါ စက်ရုပ်ဝတ်စုံသည် အမေရိကန်ခြေလျင် စစ်သားများအတွက် အသုံးပြုသော နည်းပညာကို မှီငြမ်းကာ တီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဝတ်စုံ တွင် အသုံးပြုသူသည် ကျောပိုးအိတ် သဏ္ဌာန်အရာထဲသို့ဝင်ကာ သိုင်းကြိုး များကို ပတ်ရသည်။ ယင်း၌ ဘက်ထရီ တစ်ခုနှင့် မိုက်ခရိုပရိုဆက်ဆာတစ်ခုပါ ဝင်ပြီး တင်ပါးဆုံရိုးအဆစ်နှင့် ဒူးဆစ် နေရာများတွင် မော်တာများတပ်ဆင် ထားပြီး လိုအပ်သော လှုပ်ရှားမှုကို လုပ် နိုင်သည်။ လက်ကိုင်နေရာတွင် အာရုံခံ ကိရိယာများပါဝင်ပြီး ကျောပိုးအိတ် အတွင်းရှိ ကွန်ပျူတာသို့ ညွှန်ကြားချက် များကို ပေးပို့နိုင်သည်။ ¤င်း၏ လမ်း လျှောက်ပုံမှာ ရိုးရှင်းသည့် ပုံစံအတိုင်း ပင်ဖြစ်သည်။ ဥပမာ - ခန္ဓာကိုယ် အလေးချိန်ကို ဘယ်ဘက်လက်ကိုင်သို့ ပြောင်းလိုက်ပါက ညာဘက်ခြေထောက် သည် ရှေ့သို့လှမ်းသွားသည်။ ယခုလက် ရှိ ထုတ်လုပ်လိုက်သော ဝတ်စုံသည် အရပ် ၆ ပေ ၂ လက်မ အောက်နှင့် ပေါင်ချိန် ၂၂ဝ အောက် လူနာများ အတွက်သာဖြစ်ပြီး ခန္ဓာကိုယ် အပေါ် ပိုင်း အားကောင်းရန် လိုအပ်သည်။ ၂ဝ၁၃ ခုနှစ်သို့အရောက်၌ ပိုမိုကောင်း မွန်သော စက်ရုပ်ဝတ်စုံများ ပေါ်ထွက် လာလိမ့်ဦးမည်ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်းပိုင် မြက်ခင်းတု ကွင်းတွင် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် တို့ကို ကျင်းပ သွားမည်
မြန်မာနိုင်ငံတွင် တစ်ခုတည်း ဖြစ်သည့် လှိုင်မြို့နယ်ရှိ ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်းပိုင် မြက်ခင်းတု ကွင်းတွင် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် တို့ကို ကျင်းပ သွားမည် ဖြစ်ကြောင်း ၂၅-၈-၂ဝ၁၁ ရက်က သိရသည်။ ထိုသို့ ကျင်းပ ရခြင်းသည် စက်တင်ဘာလ အတွင်း ရန်ကုန်မြို့၌ လက်ခံ ကျင်းပမည့် AFF U-15 Championship ပြိုင်ပွဲ ရှိနေခြင်းကြောင့် ဖြစ်ပြီး ပွဲစဉ် ခြောက်ပွဲ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ AFF U-15 Championship ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ တိုက်ဆိုင် နေသဖြင့် ရန်ကုန်အသင်း လေ့ကျင့်ရေး ကွင်းတွင် ကျင်းပ နိုင်ရေးကို နှစ်လအတွင်း အပြီးသတ် ပြင်ဆင် ခဲ့ရကြောင်း၊ ထိုသို့ ကျင်းပမည့် ပွဲစဉ်များတွင် ရန်ကုန်အသင်း၏ ပွဲစဉ် နှစ်ပွဲသာ ပါရှိပြီး ကမ္ဘောဇ၊ ဥဿာ ယူနိုက်တက် အသင်းတို့နှင့် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရန်ကုန် အသင်း လေ့ကျင့်ရေး ကွင်းသည် ပရိသတ် စုစုပေါင်း ၁၅ဝဝ ဝင်ဆံ့မည် ဖြစ်ပြီး အထူးတန်း ပွဲကြည့်စင်တွင် ၁၅ဝဝ ကျပ်ဖြစ်ကာ ရိုးရိုးတန်း ပွဲကြည့်စင်တွင် ၁ဝဝဝ ကျပ် ဖြစ်ကြောင်း သိရသည်။
''ပရိသတ် ဝင်ဆံ့မှုနဲ့ ကွင်းရဲ့ အနေအထား အရ ရန်ကုန်အသင်း ပရိသတ် နဲ့ ပဲ ပြည့်သွားနိုင် ပါတယ်။ ကမ္ဘောဇ နဲ့ ပွဲဆို ပွဲကောင်းမို့ ပရိသတ်များမယ့် အပြင် မြက်ခင်းတုမှာ ကန်ကြတာကို ကြည့်ခွင့် ရကြမှာပါ'' ဟု ရန်ကုန် အသင်း ပရိသတ် တစ်ဦးက ပြောကြားသည်။ ရန်ကုန် အသင်းသည် မြက်ခင်းတုကွင်း အတွက် ငွေကြေး မြောက်မြားစွာ အကုန်အကျခံ ပြုလုပ် ထားခြင်း ဖြစ်ပြီး ပွဲကြည့်စင်များတွင် ထိုင်ခုံများကို တပ်ဆင် ထားရှိကြောင်း၊ ရန်ကုန်အသင်း လေ့ကျင့်ရေး ပရိဝုဏ် အတွင်း မြက်ခင်းတုကွင်း တစ်ကွင်း အပါအဝင် မြက်ခင်းအစစ် ကွင်းနှစ်ကွင်း ၊ ပွဲကြည့်စင်များ၊ ကိုယ်ကာယ လေ့ကျင့်ရေး အားကစားရုံ၊ ကစားသမားများ အဆောင်၊ VIP ယာဉ်များ ရပ်နားရန် နေရာ စသည်တို့ ပါဝင်ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ရက်နေ့က တရားဝင် ပြုလုပ်ခဲ့သည့် (၂၆)ကြိမ်မြောက် ဆီးဂိမ်းစ် ဘောလုံး ပြိုင်ပွဲ အုပ်စု မဲခွဲမှုများ အပြီးတွင် မြန်မာ အသင်းသည် ကံကောင်း ထောက်မစွာ အုပ်စုကျပ်တွင် ကျရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
မြန်မာအသင်းသည် အုပ်စု (ခ)တွင် အသင်းကြီး ဗီယက်နမ် တစ်သင်းတည်း ဖြင့်သာ ရင်ဆိုင်ရမည် ဖြစ်ပြီး လာအို၊ ဘရူနိုင်၊ ဖိလစ်ပိုင်၊ တီမော အစရှိသည့် အသင်းများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော် အုပ်စု (က)တွင်မူ အသင်းကောင်းများ ဖြစ်ကြသည့် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းတို့နှင့် ကမ္ဘောဒီးယားတို့ တစ်အုပ်စုတည်း ကျရောက်လျှက် ရှိနေသည်။
ဆီးဂိမ်းစ် အုပ်စုအဆင့် ပွဲစဉ်များအား နိုဝင်ဘာ (၃)ရက်နေ့မှ စတင်ကာ ဂျာကာတာမြို့တွင် စတင် ယှဉ်ပြိုင်စေမည် ဖြစ်သည်။

ဆီးဂိမ်းစ် ဖူဆယ် ပြိုင်ပွဲ အတွက် အုပ်စု ခွဲဝေမှုတွင် မြန်မာအသင်း ထိုင်းနှင့် တစ်အုပ်စုတည်း ကျရောက်
လာမည့် နိုဝင်ဘာလ အတွင်း အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တွင် ကျင်းပမည့် ဆီးဂိမ်းစ် ဖူဆယ် ပြိုင်ပွဲများ အတွက် အုပ်စု ခွဲဝေများ ထွက်ပေါ်လာ ခဲ့ရာ မြန်မာ ဖူဆယ် အသင်းသည် အုပ်စု(ခ)တွင် မလေးရှား၊ ထိုင်းတို့နှင့် အတူ ကျရောက်လျှက် ရှိသည်။
အမျိုးသား ဖူဆယ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း (၆)သင်းသာ ပါရှိရာ (၃)သင်းစီဖြင့် အုပ်စုနှစ်စု ခွဲခြား ယှဉ်ပြိုင် စေမည် ဖြစ်သည်။ အုပ်စု(က)တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ ပါဝင်ပြီး အုပ်စု(ခ)တွင် မလေးရှား၊ ထိုင်းနှင့် မြန်မာတို့ ပါဝင်နေသည်။ အမျိုးသမီး ဖူဆယ် ပြိုင်ပွဲတွင်မူ ပြိုင်ပွဲဝင် အသင်း (၅)သင်းသာ ရှိသောကြောင့် အုပ်စုပတ်လည် ပြိုင်ပွဲများ ယှဉ်ပြိုင်စေမည် ဖြစ်ပြီး ထိပ်ဆုံး နှစ်သင်းကို ဗိုလ်လုစေမည် ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းများမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်ကြောင်း သိရသည်။

ဖူဆယ် ကလပ် အသင်းတဖူဆယ် ကလပ်တည်ထောင်လို ပါက ကျပ်သိန်း ၅၀ ဘဏ်စာရင်း ပြရမည်
“ဖူဆယ်ကလပ်ထောင်မယ်ဆို ရင် ကျပ်သိန်း ၅၀ ရှိတဲ့ bank account တစ်ခုပြရမယ်။ အဲဒီကျပ် သိန်း ၅၀ ဆိုတာက ကစားသမားနဲ့ ကလပ် အသင်းကြားမှာဖြစ်ပေါ်လာတဲ့ ပြဿနာ ရပ်တွေကို ဖြေရှင်းနိုင်ဖို့ပါ” ဟု 2011 Tiger Futsal League သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာပို့စ် သို့ပြောပါသည်။
ယင်းအပြင် ဖူဆယ် ကလပ်များ အနေဖြင့် အဆိုပါ ဘဏ်စာရင်း တစ် ခုနှင့်အတူ မှတ်ပုံတင်ကြေး အဖြစ် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ ကျပ်ငါးသိန်း ပေးသွင်း ရမည်ဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့ အသင်းကို စပွန် ဆာ ပေးတာကတော့ Max Plus ကပေးတာ။ မှတ်ပုံတင်ကြေးငါးသိန်း သွင်းရတယ်”ဟု သမ္မတ FC ဖူဆယ် ကလပ်အသင်းမှ CEO ကိုဖြိုးမောင် ကပြောသည်။
ယခုနှစ်တွင် ကျင်းပမည့် ဖူ ဆယ် အမှတ်ပေးပြိုင်ပွဲတွင်ကလပ် အသင်းများ အနေဖြင့်နိုင်ငံခြားသား ကစား သမား နှစ်ဦးစီ ခေါ်ယူခွင့် ရှိ သော်လည်း ခေါ်ယူနိုင်ဖွယ် မရှိ ကြောင်းပြိုင်ပွဲဝင် ဖူဆယ်ကလပ် များက ပြောသည်။
ဖူဆယ်ကလပ်များ တွင်ပါဝင် ယှဉ်ပြိုင်မည့် ကစားသမားစာရင်း များအား MFF သို့လူစာရင်းပေး သွင်း ရမည်ဖြစ်ပြီး၊ ယခုနှစ်ပြိုင်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်သည့် ကလပ် အသင်းများ အနေဖြင့် ပါဝင်ယှဉ်ပြိုင် မည့် လူစာရင်းတင်ပြရာတွင် အချိန် အရမ်းနည်း ပါးကြောင်း ကလပ်အ သင်းများမှ ပြောသည်။
“ကျွန်တော်ဆို အသင်းကြီးမှာ ရော၊ လူငယ်အသင်းမှာ ရော၊အခု ဖူဆယ်မှာ ပါဝင် ကစားရမယ်”ဟု ဖူဆယ် အမှတ်ပေးပြိုင်ပွဲတွင် ကလပ် အသင်းတစ်ခုမှ ကစားသမား တစ်ဦး ကပြောသည်။
ဖူဆယ် ကစားသမားများ၏ က စားကြေးမှာ လက်ရွေးစင်နှင့်လက် ရွေးစင်ဟောင်း တစ်ဦးဖြစ်ပါက အ မြင့်ဆုံး နှစ်သိန်းခွဲ အထိရှိပြီး အနည်း ဆုံးရှစ်သောင်း မှ စတင် ပေးအပ်ရ ကြောင်း ကစားသမား များကပြော သည်။
၂၀၀၅ခုနှစ်တွင် စတင်ကျင်းပ ခဲ့သော မြို့တော်ဝန် ဖလားအပျော် တမ်း ဖူဆယ်ပြိုင်ပွဲ တွင်ကလပ် အသင်းများ အနေဖြင့် ဘဏ်စာရင်း ပြသရန် မလိုအပ်ဘဲ အဆိုပါ နှစ်ပြိုင် ပွဲတွင် အသင်းပေါင်း ၂၇၀ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
ဖူဆယ်ကလပ် တစ်ခုတည် ထောင်လိုပါက အခြားသော အချက် အလက်များဖြစ်ည့် ကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ၊ စပွန်ဆာ စ သည်တို့ကို ဖော်ပြရန် လိုအပ်ပြီး MFF မှသတ်မှတ်ထားသော စည်း မျဉ်း စည်းကမ်းများ ကို လိုက်နာရန် လိုအပ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် အရှေ့ တောင်အာရှ ဖူဆယ် ပြိုင်ပွဲတွင် အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၀၆ ခုနှစ်၌ တတိယဆု အဖြစ် ရရှိခဲ့ သည်။ ဖူဆယ် ကစားနည်းမှာတစ် သင်းလျှင် ကစားသမား ငါးဦးနှင့် တစ်ပိုင်းလျှင် မိနစ်၂၀စီ သာကစား ရပြီး ဘောလုံး ကစားသည့် နည်းစနစ် နှင့်ကွဲပြားမှုများရှိသည်။

U20 ကမ္ဘာ့ဖလား
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး၍ ကိုလံဘီယာ နိုင်ငံတွင်ကျင်းပသော အသက် ၂၀ အောက် ကမ္ဘာ့ဖလားပြိုင်ပွဲပွဲစဉ် အားလုံးကို MRTVနှင့် MRTV-4 တို့တွင်တိုက်ရိုက်ထုတ် လွှင့်ပြသသွားမည်ဟု Yangon Entertainment မှ ဦးအယ်လ်လမိန်းဒိန်ကပြောသည်။
“ပွဲစဉ် ၅၂ ပွဲလုံးပြသွားမှာပါ။ နှစ်ပွဲတိုက် နေရင် တစ်ပွဲကို delay ပြန်ပြသွားပါမယ်” ဟု ၎င်းကပြောသည်။ ပွဲစဉ် ၅၂ ပွဲ လုံးကို MRTV-4 မှတိုက်ရိုက်ရော၊ တစ်ဆင့်ပါ ပွဲစဉ် အားလုံးပြသွားမည်ဖြစ်ပြီး MRTV မှပွဲစဉ် ၁၅ ပွဲကို တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည်ဖြစ် သည်ဟု သိရသည်။ အဆိုပါ ပွဲများကို ဇူလိုင် ၃၀ ရက် နံနက် ၂ နာရီ နှင့် ၅ နာရီတို့တွင် MRTV-4 တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး ၈ နာရီခွဲ ပွဲစဉ်ကို MRTVမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့ ခြင်းဖြစ်သည်။ Yangon Entertainment အနေဖြင့် ပြီးခဲ့သောအမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုလည်း တိုက်ရိုက် ထုတ်လွှင့် ပေးခဲ့ သည်။

၂၅ နှစ်ကျော် အကြာမှ လုံခြုံရေး ပိုက်ကွန် ကာရံခြင်း ခံရသော သုဝဏ္ဏ ဘောလုံးကွင်း
၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယ အကျော့ပွဲစဉ် ၁၇ ဖြစ်သော မကွေးသင်းနှင့် ရန်ကုန် အသင်းတို့၏ ပွဲစဉ်ကို စက်တင်ဘာ ၃ ရက် ကကျင်းပ ခဲ့ရာ အဆိုပါ ပွဲစဉ်မှာ သုဝဏ္ဏဘော လုံးကွင်း စတင် တည်ထောင်ပြီး နောက် နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဦး ဆုံးအဖြစ် သံဆန်ခါ ပိုက်ကွန် ကာရံ၍ ကစားခဲ့ ရသောပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့ သည်။
ပြီးခဲ့သော ဇူလိုင်လ ၂၈ ရက် တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ ဖလားခြေစစ် ပွဲ အာရှဇုန် ဒုတိယ အဆင့်ခြေစစ်ပွဲ အဖြစ် မြန်မာ အသင်းနှင့်အိုမန် အသင်း တို့ယှဉ်ပြိုင်သော ဘောလုံးပွဲစဉ် တွင် စည်းကမ်းမဲ့ ဘောလုံး ပရိသတ်များ ကြောင့် ဘောလုံးပွဲကို ရပ်ဆိုင်း ခဲ့ရပြီး အိုမန် အသင်းကို အနိုင်ပေးခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ကမ္ဘာ ဘောလုံး အဖွဲ့ချုပ်၏ အပြစ် ဒဏ်ချမှတ်ခြင်းကို လည်း ခံယူရမည်ဖြစ်သည်။
သံဆန်ခါ ပိုက်ကွန် တပ်သည့် လုပ် ငန်းကြီး သြဂုတ် ၂၅ ရက်က စတင်ပြု လုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ် အနေဖြင့်လည်း သံဆန် ခါ ပိုက်ကွန် တပ်ဆင်ခြင်းအပြင်၊ ပရိတ် သတ် ပညာပေး အစီအစဉ်များကိုလည်း ပြုလုပ် သွားမည်ဟု ထုတ်ပြန်ကြေညာ ထားသည်။
သုဝဏ္ဏလူငယ် လေ့ကျင်ရေးစခန်း ကို ၁၉၈၅ ခုနှစ်တွင်စတင် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ပရိသတ် ၃၂,၀၀၀ ဆံ့ သည်။ ယခုအခါ ပရိသတ် ငါးသောင်း ဆံ့အောင်ကွင်း ကို ပြုပြင်တိုးချဲ့နေ ကြောင်း လည်းသိရသည်။ ကွင်း အမျိုး အစားမှာ မြက်ခင်း ကွင်းဖြစ်သည်။ လူငယ်လေ့ ကျင်ရေး စခန်းဖြစ်သော် လည်း နိုင်ငံ တကာပြိုင်ပွဲ များကို အောင် ဆန်း ဘောလုံးကွင်း ထက် ပိုမို ကျင်းပခွင့် ရခဲ့သည်။

၁၇.၁၀.၂၀၁၁
ကမ္ဘောဒီးယားတွင် ယမန်နေ့က ပြုလုပ်သည့် မဲခေါင်ဒေသတွင်း ၆ နိုင်ငံ အသက် ၂၁ နှစ်အောက် ဖိတ်ခေါ်ဖလား ဗိုလ်လုပွဲတွင် မြန်မာပရိသတ်တချို့၏ အားပေးပုံကို Soccer Myanmar/Facebook တွင် အထက်ပါအတိုင်း တွေ့ရသည်။ ၎င်းတို့ထဲမှ တဦးကို ပုဆိုးခါးတောင်းကျိုက်၊ မင်ကြောင်ပုံ၊ အလံတို့ဖြင့် တွေ့ရသည်
ဗိုလ်လုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်သွားသည်။