ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်
ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှားသင့်ပါသည်။
ယင်းအချက်လေးချက်မှာ-
...
၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရဓာတ်ကို ဆုံးရှုံး သွားစေတတ်ပါသည်။
၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ်မိသောအခါ အနှစ်သာရပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေတတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။
၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်
ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံးပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှောတတ်ပါသည်။
၎။ဓာတ်ဘူးနဲ့ မတည့်
ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွားစေတတ်၍ ကျန်းမာရေးက အထူး ထိခိုက်စေပါသည်။
မောင်လှကျော် (သရဲသမိန်)
အရိုးအဆစ်အတွက် လုပ်သင့်သော လေ့ကျင့်ခန်းများ
အသက်ကြီး လာတာကြောင့် အရိုးထုထည်နဲ့ သိပ်သည်းဆ လျော့နည်း လာခြင်း၊ ကြွက်သား အရွယ်အစားနဲ့ သန်စွမ်းမှု လျော့နည်းလာခြင်း၊ အရွတ်နဲ့ ရိုးဆတ်ရွတ်တို့ရဲ့ ဆွဲဆန့်အား ကျဆင်းလာခြင်းနဲ့ အရိုးနု ယိုယွင်းလာကာ အဆစ်ရောင်ရမ်းမှု ဖြစ်လာခြင်းတို့ ဖြစ်နိုင်ခြေ များလာ တတ်ပါတယ်။ နေ့စဉ် လေ့ကျင့်ခန်း လုပ်ဆောင်တာက အသက်ကြီး လာပေမယ့် နောက်ဆက်တွဲ အရိုးအဆစ် ပြဿနာတွေ မဖြစ်စေဘဲ အရိုးပါး...တာနဲ့ အရိုးအဆစ် ရောင်ရမ်း နာတွေ မဖြစ်အောင်ပါ ကာကွယ် ပေးနိုင်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း လုပ်တာက အရိုး သန်စွမ်းစေပြီး ကြွက်သား သန်စွမ်းမှု၊ ခန္ဓာကိုယ် ဟန်ချက် ညီမှုတို့အား ကောင်းစေကာ လဲကျခြင်းနဲ့ အရိုးအက်ခြင်းတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
အရိုးအဆစ် သန်စွမ်းစေရန် လုပ်သင့်သော လေ့ကျင့်ခန်းများ
လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်း၊ တောင်တက်ခြင်း၊ ရေကူးခြင်းနဲ့ ပေါ့ပါးတဲ့ အလေး မယူခြင်း။
ခါးနာသက်သာစေရန် လုပ်သင့်သော လေ့ကျင့်ခန်းများ သင့်အနေနဲ့ ခါးနာနေရင် တချို့ လေ့ကျင့်ခန်းတွေ လုပ်တာက ကြွက်သားတွေကို သန်စွမ်းစေပြီး ကျောရိုးရဲ့ လုပ်ငန်းဆောင်တာနဲ့ နောက်ကျော ကြွက်သား တွေရဲ့ သန်စွမ်းမှုကို ကောင်းမွန် တိုးတက် စေပါတယ်။ လုပ်သင့်တဲ့ လေ့ကျင့်ခန်း တွေကတော့ နေ့စဉ် အကြောလျှော့ လေ့ကျင့်ခန်း လုပ်ပေးပါ။ ခါးမနာတဲ့ အချိန်တွေမှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ ပေါ့ပါးတဲ့ အလေးမတာတွေကို လုပ်ဆောင်ပေးပါ။
အဆစ်အစားထိုး ကုသမှု ခံယူထားသူများ လုပ်သင့်သော လေ့ကျင့်ခန်းများ
အဆစ်အစားထိုး ကုသမှု ခံယူထားပါက လေ့ကျင့်ခန်း လုပ်ဆောင် ပေးတာဟာ မြန်မြန်ပြန် သက်သာ လာစေရုံသာမက နောက်ပိုင်း ကာလတွေမှာ ကျန်းမာနေအောင်ပါ ပံ့ပိုး ပေးနေပါတယ်။ အဆစ် အစားထိုးပြီးနောက် လုပ်သင့်တဲ့ လေ့ကျင့်ခန်း တွေကတော့ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ ဂေါက်သီး ကစားခြင်းနဲ့ ပြေးစက်ပေါ် လမ်းလျှောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဘယ်အစားအသောက်ရှောင်ရင်ရောဂါတွေကင်းဝေးနိုင်မလဲ
ပမာဏ လွန်ကဲမှု၊ လျော့ နည်းမှု အပေါ်မှာ မူတည် ပြီး လူ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ကို ဖြစ်ပေါ် စေပါတယ်။ ဘယ်လို အစား အသောက် တွေ စားသုံး မှုကို လျှော့ချ မယ် သို့မဟုတ် ပိုစားနိုင် မယ်ဆိုရင်ဘယ်လိုကျန်းမာ ရေးပြဿနာ၊ ရောဂါတွေ ဖြစ်နိုင်ခြေလျော့နည်းသွား နိုင်တယ်ဆိုတာ ဖော်ပြ လိုပါတယ်။
၁။ အဆီ(စားသင့်သောပမာဏ)
တစ်နေ့တာကယ်လိုရီလိုအပ်မှု၏ ၃၀ ရာခိုင် နှုန်း သို့မဟုတ် ထို့ထက် နည်းသော ပမာဏ ကိုသာ အဆီစားခြင်းဖြင့် ရယူပါ။ ပြည့်ဝဆီ (ဥပမာတိရ စ္ဆာန်အဆီ)ကို တစ်နေ့တာစားမည့် အဆီမှရ သောကယ်လိုရီ၏ ၁၀ ရာခိုင်နှုန်းအောက်မှာသာ ရှိပါစေ။ ကိုလက် စထရောလ် စားသုံးမှုကို တစ်နေ့လျှင် ၃၀ဝ မီလီဂရမ်အောက်မှာ ရှိပါစေ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
ကင်ဆာအချို့၊ အဝလွန်ခြင်း၊ နှလုံးရောဂါနှင့် သည်းခြေအိတ်ပြဿနာများ
၂။ ကိုယ်အလေးချိန်
မိမိအသက်အရွယ်၊ ကျား/မ၊ အရပ်အမောင်း အလိုက် ရှိသင့်သည့်ကိုယ်အလေးချိန်ရောက်အောင် လုပ်ပြီး ထိုပမာဏမှာ ထိန်းသိမ်းပါ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ကင်ဆာရောဂါအချို့ (အထူးသဖြင့် ရင်သားကင်ဆာ)နှင့် သည်းခြေအိတ်ရောဂါ
၃။ ကစီ နှင့် အမျှင်ဓာတ်
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပဲတောင့်၊ ပဲသီးများ၊ ဂျုံကြမ်း၊ ဆန်ကြမ်းများကို များများ စားပါ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
ဆီးချိုသွေးချို၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါအချို့
၎။ ဆားအငန်
နေ့စဉ်စားသည့် ဆားအငန် (ဆိုဒီယမ်ကလိုရိုဒ်) ကို အကန့်အသတ်နှင့်စားပါ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း
၅။ အရက်
လုံးဝရှောင်ကြဉ်ပါ။ သို့မဟုတ် အသင့်အတင့် သာသောက်ပါ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အသည်းရောဂါ၊ ကင်ဆာရောဂါအချို့နှင့်ကိုယ်ဝန်ဆောင်မိခင် အရက်သောက် လျှင် ကလေး၌ မွေးရာပါဖြစ်တတ်သောရောဂါများ
၆။ သကြား
ဖြူဖွေးနူးညံ့သော သကြားကို တစ်နေ့တာ စုစုပေါင်းကယ်လိုရီ၏ ၁၀ ရာခိုင်နှုန်းထက် ပိုမစားပါနှင့်။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ
၇။ ကယ်လစီယမ်
တစ်နေ့တာလိုအပ်ချက် ၁၀ဝ၀ မှ ၁၃၀ဝ မီလီဂရမ်ရအောင် စားခြင်းကို ထိန်းသိမ်းပါ
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
အရိုးပါးရောဂါ၊ အရိုးကျိုးခြင်း၊ အူမကြီးကင်ဆာ

အစာအိမ် ကင်ဆာ ဖြစ်ရခြင်း အကြောင်း
အစာအိမ် ကင်ဆာ ဖြစ်ရခြင်း အကြောင်း ရင်းများကို ဘယ်သူ မှတော့ အတိအကျ မသိပါဘူး။
(၁)Helicobacter pylori
H.pylori သည် ဗက်တီးရီးယား တစ်မျိုး ဖြစ်ပြီး များသော အားဖြင့် အစာအိမ်၏ အတွင်းပိုင်း မျက်နှာပြင် အား ရောဂါကူးစက်စေပြီး အစာအိမ် ရောင်ရမ်းခြင်းနှင့် အစာအိမ်တွင် အနာဖြစ်ခြင်းတို့ကို ဖြစ်စေပါတယ်။
(၂) နာတာရှည် အစာအိမ်ရောင်ရမ်းမူ
အနီးမီးယား (Anaemia) သွေး အားနည်းရောဂါကဲ့သို့သော ရောဂါ ရှိသူများတွင် နာတာရှည် အစာအိမ် ရောင်ရမ်းမှုရှိပါက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေအ္တရာယ် များပြားပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် အစာအိမ် ကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးသူ များတွင်ဖြစ်နိုင်ခြေ ပိုမိုများပြားပါ တယ်။
(၄) မိသားစုနောက်ခံ/ နောက်ကြောင်းရာဇ၀င်
မိဘ၊ ညီအစ်ကိုမောင်နှမနှင့် သားသမီးများကဲ့သို့သော ဆွေမျိုးတစ် ယောက်ယောက်တွင်အစာအိမ်ကင်ဆာ ဖြစ်ခဲ့ဖူးပါက ရောဂါဖြစ်နိုင်ခြေ ပိုမို များပြားပါတယ်။
(၅) အာဟာရချို့တဲ့မူ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် အ၀လွန် ခြင်း ကဲ့သို့သော အခြေအနေ များတွင်လည်း အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။

လက်ချောင်းလေးတွေနဲ့ဝေဒနာကုကြည့်ရအောင်
တော်ရုံ နဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?
အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော်တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံမှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။

စိတ်ဖိစီးမှု များလို့ ခေါင်းကိုက် နေပါ သလား?
လက်မနဲ့ လက်ညှိုးကြားက အသားဆိုင် နေရာကို ဖိအားပေးပါ။ ဒီလို ဖိအား ပေးတာကြောင့် စိတ်ပျော်ရွှင်ပြီး ခံစားမှု ကောင်းစေကာ တက်ကြွမှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ဖိနှိပ်တာကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ၁ဝ အောင်စ စာ ကော်ဖီ တစ်ခွက် သောက်တာနဲ့ ညီမျှတဲ့ စွမ်းအင် အမြန် ရရှိစေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကို ယူပြီး တခြား လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကြား V ပုံသဏ္ဌာန် နေရာကို ဖိနှိပ် ပေးပါ။ ငါးမိနစ်ခန့် ဖိညှစ် ထားတာကြောင့် ခေါင်းကိုက်တာနဲ့ ပင်ပန်းတာတွေ သက်သာ သွားနိုင် ပါတယ်။ သင် ကိုယ်ဝန် ဆောင်ထား ရရင်တော့ ဒီလို ဖိနှိပ်မှုမျိုး မလုပ်မိ ပါစေနဲ့။ ဗိုက်နာ(contraction) လာနိုင်လို့ပါ။

ဓမ္မတာ လာလို့ ကိုက်ခဲ နေပါ သလား?
အပ်စိုက် ကုထုံးကြောင့် စိတ်တိုတာ၊ စိတ်ခံစားမှု မကောင်းတာနဲ့ ဗိုက်အောင့်တာ လိုမျိုး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဓမ္မတာ အကြို ဝေဒနာတွေကို ၄၇ ရာခိုင်နှုန်းခန့် သက်သာ သွားနိုင်တယ် လို့ လေ့လာမှု အရ သိရပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
လက်ဖမိုးကို သင့် မျက်နှာဘက် ထားပြီး လက်ကောက်ဝတ် အဆစ်ရဲ့ အပေါ် နေရာကို ပုံမှာ ပြထားတဲ့ အတိုင်း စက္ကန့် ၃ဝ ခန့် ဖိနှိပ်ပါ။ တခြား လက်ကောက်ဝတ် နေရာ ကိုလည်း အဲဒီအတိုင်း ဖိနှိပ်ပါ။ သားအိမ်နဲ့ သက်ဆိုင်တဲ့ နေရာ ဖြစ်ပြီး ဗိုက်အောင့်တာ၊ လေပွတာနဲ့ ဓမ္မတာ အကြို ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။

အစာမကြေလို့ ဗိုက်အောင့် နေပါ သလား?
New Jersey Memorial ဆေးရုံ မှ လေ့လာမှု အရ ဝမ်းဗိုက် နာကျင်သူ ၁ဝ ယောက် အနက် ၉ ယောက်ဟာ အပ် စိုက်ကုထုံးကြောင့် ဝေဒနာသက်သာသွား တယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ခုအရလည်း ဝမ်းပျက်ဝမ်းလျှောသူ တွေ ၁ဝဝ ရာခိုင်နှုန်းဟာလည်း ဒီကုထုံး ကြောင့် ခြောက်နာရီ အတွင်း ဝေဒနာ သက်သာ သွားတယ်လို့ ဆိုပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
သင်ရဲ့ ဘယ်ဘက်လက်ကို သင့် မျက်နှာဘက်မှာ ထားပြီး သင့်လက်မနဲ့ လက်အရင်း အောက်က အသားစိုင် နေရာကို ပုံမှာ ပြထားတဲ့ အတိုင်း ဖိနှိပ် ပေးပါ။ ပြီးရင် သင့် လက်မကို လက်သန်းဆစ် အောက် ရောက်တဲ့ အထိ ဖိအားပေးပြီး ဆက်ဆွဲ သွားပါ။ ငါးမိနစ်ခန့် ပြုလုပ် တာကြောင့် အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။

နှာပိတ် နေပါ သလား?
လက်ချောင်း ၁ဝ ချောင်း စလုံးရဲ့ ထိပ်ပိုင်းဟာ ဦးနှောက် နဲ့ နှာခေါင်း လိုဏ်ခေါင်း (Sinus) တွေနဲ့ ဆက်စပ်မှု ရှိပြီး လက်ချောင်းထိပ် တွေကို ဖိနှိပ် ထားတာကြောင့် နှာစေး၊ နှာပိတ်တာ သက်သာ နိုင်တယ် လို့ ဆိုပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
သင့် လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး လက်ချောင်းတိုင်းရဲ့ ထိပ်ပိုင်းကို တစ်စက္ကန့်စီ ခန့် ဖိကိုင်ထားပါ။ နာကျင်မှု ဝေဒနာ ခံစားရရင် အဲဒီ နေရာကို အထူး အလေး ထားပြီး နည်းနည်း ကြာကြာလေး ဖိထားပေးပါ။

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင့်သည့်အချက်များ
့မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။ (၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။
(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။
(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။

ညဘက်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့်အချက် ရှာတွေ့ပြီ
ဗြိတိန်သိပ္ပံပညာရှင်တို့က ညအိပ်သည့်အချိန်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့် အဓိကအချက်ကို ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။
သိပ္ပံပညာရှင်တို့၏ဖော်ပြချက်အရ လူတို့၏ဦးနှောက်တွင်းရှိ ဦး နှောက်လှိုင်းပေါက်ကွဲမှုက လျှပ်စစ်ဓာတ်ဆိုင်ရာစေ့ဆော်မှုကို ဖြစ်စေခြင်း ကြောင့်ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်တွင်းရှိလှုပ်ရှားမှုက အသံဗလံများ ကို စစ်ထုတ်ပေးသည့်အတွက် အချို့သူများကို ကောင်းစွာအိပ်ပျော်စေခြင်း ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်လှိုင်းများသည် အသံဗလံများကို စိတ်ထဲ တွင် ပေါ်လာစေရန် စဉ်းစားပေးသည့်လက္ခဏာ
ဖြစ်လေရာ ထိုအသံဗလံများက အိပ်မပျော်ခြင်းကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။
ဦးနှောက်ကိုချော့ပေးခြင်းသည် လျှပ်စစ်ဓာတ်ဆိုင်ရာလှုပ်ရှားမှုကို ပိုမိုဖြစ်ပေါ်စေပြီး အိပ်ရေးဝအောင်အိပ်ပျော်စေခြင်းဖြစ်ကြောင်း သုတေသီ တို့က ပြောကြားခဲ့ကြသည်။
အချို့သောသူများသည် ဆူညံသံများထွက်ပေါ်နေလျှင်ပင် အဘယ် ကြောင့် ကောင်းစွာအိပ်ပျော်ရသည်။ အချို့လူများက အဘယ်ကြောင့် အခြား သူများထက်ပို၍ အိပ်ရေးဝအောင်အိပ်ပျော်ရသည်ကို အသေးစိတ်စမ်း သပ် စစ်ဆေးရန်ကြံစည်လျက်ရှိသည်ဟု ဟားဗတ်ဆေးပညာကျောင်းမှ ဂျက်ဖရီအယ်လင်ဘိုဂျင်က ပြောကြားခဲ့သည်။
ဒေါက်တာအယ်လီဘိုဂျင်က ကျန်းမာရေးကောင်းမွန်သော လူ ၁၂ဦး၏ ဦးနှောက်လှုပ်ရှားမှုကို စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးနှောက် တွင်းရှိ လျှပ်စစ်လှိုင်းလှုပ်ခတ်မှုက အသံဗလံများကို ခံနိုင်ရည်ရှိကြောင်းတွေ့ ရှိခဲ့ရသည်ဟုဆိုသည်။ သို့ရာတွင် အချို့လူများသည် အခြားသူများထက်ပို၍ လျှပ်စစ်လှိုင်းပိုမိုလှုပ်ခတ်မှုပြုသည်ကိုမူ ရှင်းလင်းစွာမသိရသေးဟု သိရ သည်။
သူတို့နဲ့ အတူမအိပ်ပါနဲ့
၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..
၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ ........... :) ok
၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ သုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်.. အဲဒီသံလိုက်လှိုင်းများဟာ ကျွန်တော်တိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....
၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..
ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး ၀က်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...
၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... အဲဒီလို ခဲ့အိပ်မယ်ဆိုရင် စအိပ်စဉ်တုန်းက အိပ်ယာပေါ်မှာ ဖြစ်ပေမယ့် နိုးလာရင်တော့ ထောင်ထဲရောက်ချင်ရောက်နေပါလိမ့်မယ်။ ( ခြင်ထောင်ဖြစ်ချင် ဖြစ်မှာပေါ့နော့၊ ခြင်ကိုက်မှာဆိုးလို့ နေမှာ။) ဟတ်ဟတ် ကဲကဲ အတည် ပြောပါမယ်။ အဲဒီလို ခဲ့အိပ်မယ်ဆိုရင် ရရှိလာမဲ့ အကျိုးဆက်ကတော့ အားလုံးသိကြတဲ့အတိုင်း ကိုယ့်ရဲ့ နာမည်၊ ဂုဏ်သိက္ခာ၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ အနာဂတ် စတာတွေနဲ့ အလဲ အထပ် လုပ်ရတတ်ပါတယ်။ သူငယ်ချင်း အားလုံး ကျန်းမာချမ်းသာကြပါစေ။
အိမ်ထောင်သည်များက လူပျို အပျိုတို့ထက် ကျန်းမာရေးကောင်းဟု သု
တေသီများပြော
အမေရိကန် သုတေသီများက အိမ်ထောင် သည်များ သည် ယေဘုယျ အားဖြင့် လူပျို အပျိုများ ထက် ကျန်းမာရေး ကောင်းလေ့ ရှိကြောင်း ပြောကြား လိုက်သည်။
ယင်းမှာ အိမ်ထောင်ရေး အရ ဇနီးနှင့် ခင်ပွန်း ဆက်ဆံမှု သည် စိတ် ဖိစီးမှုကို လျှော့ချ ပေးနိုင် ခြင်းကြောင့်ဟု သိရသည်။ ထို့အပြင် ကျေနပ် ပျော်ရွှင်ဖွယ် အချစ်ရေးကို ပိုင်ဆိုင် ထားသည့် စုံတွဲများတွင် လည်း အလားတူ ကောင်းကျိုးမျိုး ရရှိ နိုင်ကြောင်း ချီကာဂို တက္ကသိုလ်နှင့် နော့ဝက်စတန် တက္ကသိုလ်တို့မှ သုတေသီများ ၏ ပူးပေါင်း လေ့လာမှု ဖြင့် အဖြေထုတ် နိုင်ခဲ့သည်။ ချီကာဂို ကုန်သွယ်ရေး သင်တန်းကျောင်းမှ အသက် ၂၇ နှစ်ဝန်းကျင် အမျိုးသား ၃၄၈ ဦးနှင့် အမျိုးသမီး ၁၅၃ ဦးတို့၏ နေထိုင်မှု ပုံစံများနှင့် အချစ်ရေး၊ အိမ်ထောင်ရေး တို့ကို ပညာရှင်များက လေ့လာခဲ့ကြသည်။ ယင်းတို့ အနက် ၄၀ ရာခိုင်နှုန်းသော အမျိုးသားများနှင့် ၅၃ ရာခိုင်နှုန်းသော အမျိုးသမီးများသည် အိမ်ထောင်ရှင် (သို့မဟုတ်) ချစ်သူ ရှိနေသူများ ဖြစ်ကြသည်။
သုတေသီများ၏ လေ့လာမှုအရ အိမ်ထောင်နှင့် ချစ်သူရှိနေသော အမျိုးသား၊ အမျိုးသမီးများသည် စိတ်ဖိစီးမှုကို လှုံ့ဆော်ပေးသည့် ဟိုမုန်းများ ပိုမိုနည်းပါးနေတတ်ကြောင်း သိရှိလာရသည်။ ပျော်ရွှင်စရာ ချစ်ခြင်းမေတ္တာ ပြည့်ဝသည့် ဆက်ဆံရေးမျိုးသည် လူတစ်ဦး၏ ကျန်းမာရေးကို ထိခိုက်စေမည့် စိတ်ဖိစီးမှု အခြေအနေမျိုးကို လျှော့ချပေးနိုင်ကြောင်း သုတေသီများက ကြေညာခဲ့သည်။ ထို့အပြင် ယင်းရလဒ်သည် အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံးတွင် တွေ့မြင်နိုင်သော်လည်း အမျိုးသမီးများတွင် အကျိုးသက်ရောက်မှု ပိုများကြောင်းလည်း သိရှိရသည်။
အမျိုးသမီးသုံး ကွန်ဒုံ
ခေတ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုများရှိသည့်အလိုက်ရောဂါပေါင်းစုံများမှာလည်း ခေတ်နဲ့အပြိုင် တိုးပွါးလျက်ရှိသည်။ ယခုအခါတွင် အမျိုးသမီးသုံးကွန်ဒုံများပေါ်ပေါက်လျက်ရှိပါသည်။
ဤစာသားကို ရေးရခြင်း၏ ရည်ရွယ်ချက်မှာ - အမျိုးသမီးများသည် မိမိတို့၏ လိုအပ်ချက်ကိုမိမိဘာသာ ရွေးချယ်ပီးအသုံးပြုနိုင်ရန်အတွက်သော်လည်းကောင်း၊ အိမ်ထောင်ရှင်များအတွက်လည်း အိမ်ထောင်ရေးအဆင်ပြေမှုရှိစေရန်
(များသောယောကျာ်းသားများသည် အမျိုးသားကွန်ဒုံကို အသုံးမပြုလိုပေ) ရည်ရွယ်ပီးရေးသားခြင်းဖြစ်ပါသည်။ လူငယ်များ လိင်ဆက်ဆံမှုပြုရန်အတွက် တိုက်တွန်းခြင်း မဟုတ်ပေ။ မြန်မာပြည်အသိုင်းအ၀ိုင်းများတွင် လိင်အကြောင်းပြောရမည်ဆိုလျင် သဘာဝဖြစ်စဉ်အဖြစ်လက်မခံနိုင်ပဲ ရှက်ရွံ့စရာ အကြောင်းအရာတစ်ခုအဖြစ်သာ လက်ခံကြသည်၊ သို့သော် ပုထုဇဉ်လူသားများသည် ထိုအရာကိုရှောင်လွဲနိုင်သည့်လူဦးရေနှုန်းအလွန်နည်းပါးပါသည်။ ထို့ကြောင့် လူငယ်များမှာ လိင်ဆက်ဆံခြင်းနည်းလမ်းများ၊ အသုံးပြုသော ပစ္စည်းပစ္စယများကို အသုံးပြုရမှန်းမသိပဲ မိမိတို့အတွက် ကာကွယ်မှုမပါပဲ
ဆက်ဆံမိသောအခါ ကမ္ဘာပေါ်တွင်နာမည်ကြီးနေသော အိပ်စ်အိုင်ဗွီ၊ အေအိုင်ဒီအက်ရောဂါများ အမှတ်မထင်ကူးစက် မှုများရှိလာသည်။
နောက်တစ်ချက် အက်မင်များကိုလည်း ကြိုတင်တောင်းပန်ချင်ပါသည်။ ဤ စာသားကို ရေးခြင်းဖြင့် အမြင်ရိုင်းမှုများရှိခဲ့လျင် တောင်ပေါ်သူအပေါ် လွတ်လွတ်လပ်လပ် အဖွဲ့ဝင်အဖြစ်မှ removed နိုင်ပါသည်။ ဤစာသားများသည် လ၀န်းဖြူမှ သူငယ်ချင်းများကို အနည်းဆုံး ပညာပေးမှုတစ်ခုအဖြစ် မသိသေးသော သူများကို အသိပေးစေလိုပါသည်။လ၀န်းဖြူထဲမှ သူငယ်ချင်းများသည်အများစုမှာ လူငယ်များသာဖြစ်သည်ဟု ယုံကြည်ပါသည်။
လူငယ်များဖြစ်သည့်အလျောက် စူးစမ်းချင်စိတ်၊ သိလိုစိတ်၊ သိသင့်သည်ဟုလည်း ထင်မှတ်သောကြောင့် ဤသို့ရေးသားရခြင်းဖြစ်ပါသည်။
Female Condom - အမျိုးသမီးကွန်ဒုံ
အသုံးပြုပုံ-
၁။ ပုံတွင်ပြထားသည့်အတိုင်း အပြင်ကွင်းနှင့် အတွင်းကွင်းရှိပါသည်။
အတွင်းကွင်းကို (8) ပုံစံဖြစ်အောင်လုပ်ပီး အမျိုးသမီးအဂါင်္အတွင်းသို့ထည့်လိုက်သည့်အခါ ထိုကွန်ဒုံသည် အမျိုးသမီး သားအိမ်ခေါင်းကို ပိတ်ထားပါသည်။
ကွန်ဒုံအသုံးပြုခြင်းအားဖြင့် (အမျိုးသမီးသုံးကွန်ဒုံ၊ အမျိုးသားသုံးကွန်ဒုံ) မိသားစုစီမံကိန်းတွင် အသုံးပြုနိုင်သလို ရောဂါကူးစက်မှုကိုလည်း ကာကွယ်နိုင်ပါသည်။ ဆေးကပ်သုံးစွဲခြင်းဖြင့် ကိုယ်ဝန်မဆောင်နိုင်အောင်သာ ကာကွယ်နိုင်ပီး လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါကို လုံးဝ မကာကွယ်နိုင်ပေ။
အမျိုးသမီးကွန်ဒုံ၏ အားသာချက်
၁။ အမျိုးသမီးကွန်ဒုံကို အချိန် ၈ နာရီကြာ အမျိုးသမီးအဂါင်္အတွင်းသို့ ကြိုတင်ထည့်သွင်းထားနိုင်သည်။
၂။ အမျိုးသမီးကွန်ဒုံသည် ပလက်စတစ်နဲ့ ပြုလုပ်ထားသောကြောင့်
အပူဓါတ်ကိုထုပ်လုပ်ပေးသည်။ အပူဓါတ်ထုပ်လုပ်ပေးသောကြောင့် သဘာဝကျပီး
စိတ်ခံစားမှုကိုပိုရစေသည်။
၃။ အမျိုးသမီးကွန်ဒုံသည် တင်းကြပ်မှုမရှိပေ။
၎။ အမျိုးသမီးကွန်ဒုံသည် အမျိုးသားကွန်ဒုံထက်ပိုပီး ခိုင်မာသည်။
၅။ အမျိုးသမီးကွန်ဒုံကို မည်သည့်ဆီမျိုးနှင့်မဆို တွဲသုံးနိုင်ပါသည်။
အမျိုးသမီးကွန်ဒုံ၏ အားနည်းချက်
၁။ အမျိုးသမီးကွန်ဒုံသည် ပထမတစ်ကြိမ်တွင် ထည့်သွင်းရန်ခက်ခဲသည်။
၂။အမျိုးသမီးကွန်ဒုံသည် လိင်ဆက်ဆံ၇ာတွင် အသံမြည်နိုင်ပါသည်။
၃။ အမျိုးသမီးကွန်ဒုံသည် လိင်ဆက်ဆံရာတွင် ကောင်းကောင်းမထည့်ပါက လွဲချော်မှုရှိနိုင်သည်။
၎။ အမျိုးသမီးကွန်ဒုံသည် အမျိုးသားကွန်ဒုံနှင့်နှိုင်းယဉ်ပါက ဈေးပိုကြီးသည်။
မှတ်ချက်။ ။ ကွန်ဒုံများအသုံးပြုပီးပါက စက္ကူ(သို့) ပလပ်စတစ် ထဲသို့ထည့်ပီး အမှိုက်ပုံးထဲသို့လွင့်ပစ်ပါ။
ငွေစက္ကူအဟောင်းအနွမ်းမှ ရောဂါဖြစ်ပွားနိုင်...
ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို.ရောဂါပိုးမွှားများပါဝင်သည်ကိုတွေ.ရှိရကြောင်း
အိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှစူးစမ်းရှာဖွေလေ.လာသူသုတေသီပညာရှင်များကတွေ.ရှိခဲ့ကြောင်း သိရှိရ သည်.သတင်းလေးတစ်ခုပြန်တင်ပြချင်ပါတယ်....
သူတို.ရဲ.ရှာဖွေလေ.လာတွေ.ရှိချက်အရဟောင်းနွမ်းနေတဲ.ငွေစက္ကူများဟာ ကိုင်တွယ်သုံးစွဲနေတဲ.လူတွေကိုကူးစက်နိုင်တဲ.ရောဂါပိုးမွှားများဖြစ်တည်ပွားများဖို.အတွက်အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။အဲဒီပိုးမွှားတွေကြောင်.
ဖြစ်နိုင်တဲ.ရောဂါ တွေကတော.တီဘီရောဂါ၊အစာခြေလမ်းကြောင်းနာ၊နမိုးနီးယားလို.ခေါ်တဲ.အဆုတ်အအေးမိရောဂါ၊အစာအိမ်ယောင်ရောဂါစတဲ.
လူကိုသေစေနိုင်လောက်တဲ.ရောဂါများဖြစ်ပါတယ်။
ငွေစက္ကူတွေဆုတ်ပြဲတာ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေတာတွေဟာငွေစက္ကူမှာပါတဲ.ဆယ်လူလွိုက်လို.ခေါ်တဲ.ဓါတ်တစ်မျိုးကိုဖေါ်ပြပြီး
ဘက်တီးရီးယားရောဂါပိုးမွှားတွေကိုလက်ခံသယ်ဆောင်စေနိုင်တယ်လို.သုတေသီပညာရှင်ကဆိုပါတယ်...
အခြေအနေကတော.အတော်.ကိုဆိုးရွားပါတယ်၊အထူးသဖြင်.လူတွေအများဆုံးသုံးနေကြတဲ.တန်ဖိုးနည်းငွေစက္ကူတွေမှာ ပိုပိုးရောဂါပိုးတွေတွေ.ရပါတယ်လို. လည်းအဲဒီပညာရှင်ကဆက်ပြောပါတယ်။ငွေစက္ကူအကြွေတွေရှားပါးလာလို.အဲဒီငွေ စက္ကူတွေပိုမိုဆုတ်ပြဲဟောင်းနွမ်းလာရတာဖြစ်ပြီးအနားတွေဖွာလာတာတို.ဆုတ်ပြဲလို.တိပ်နဲ.ကပ်ထားတာတို.ကလည်း ရောဂါပိုးမွှားတွေကိုပွားများစေဖို.
ပိုဖြစ်စေတယ်လို.ဆိုပါတယ်။
အထူးသဖြင်.ကုန်စိမ်းဈေးနဲ.သားငါးဈေးတွေမှာတွေ.ရတဲ.ငွေစက္ကူတွေမှာအထက်ပါရောဂါပိုးမွှားတွေကိုပိုပြီးတွေ.ရတယ်လို.ဆိုပါတယ်။လူအများပြုလုပ်နေကျဖြစ်တဲ.
လက်ကိုတံတွေးဆွတ်ပြီးငွေစက္ကူတွေကိုရေတွက်တာကလည်းရောဂါပိုးတွေ ကူးစေဖို.အကြောင်းတစ်ခုဖြစ်ပါတယ်။အဲဒီကမှတစ်ဆင်.ရေတွက်တဲ.သူတွေကိုလည်းကူးစက်နိုင်တာဖြစ်ပါတယ်။
ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇၀ ရဲ. ၈၀ ရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ.ပိုးမွှားတွေတွေ.ရပြီး ၆၅ ရာခိုင်နှုံးကတော.အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ.အစာအိမ်ရောဂါတို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေ တွေ.ရပါတယ်တဲ. ...
တန်ဖိုးနည်းငွေစက္ကူရွက်တွေမှာပိုးမွှားတွေပါတယ်ဆိုလို.တန်ဖိုးကြီးတဲ.ငွေစက္ကူတွေမှာတော.မပါနိုင်ဘူးလို.မဆိုလိုပါဘူးလို.လည်းညာရှင်တွေကဆိုပါတယ်။
သူတို.ကငွေစက္ကူအဟောင်းအနွမ်းတွေကိုအချိန်ကြာမြင်.စွာမကိုင်တွယ်ထားသင်.ပါဘူး၊ပြီးတော. လက်မှာပြည်တည်နေတဲ.အနာ၊ဒဏ်ရာရှိတဲ.သူတွေအနေနဲ.လည်းငွေစက္ကူတွေကိုမကိုင်တွယ်သင်.ပါဘူးလို.အကြံပြုခဲ.ကြပါတယ်။ အဲ့တာကြောင့် ငွေစက္ကူကိုင်ပြီး လက်ကိုသေချာဆေးကြောပါလို. အကြံပြူလိုက်ပါရစေ.............

ကင်ဆာရောဂါအတွက် ``ထူးတဲ့အာလူး``
>
> ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
> စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော် သြခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီး
> အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည် ကတော့
> ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။
>
> ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့
> လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူး တင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ
> အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
> ဆရာတော်က `` ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို
> မှီဝဲခဲ့ကြပြီး ပမာဏတော်တော်များများ ဟာ သိသိသာသာသက်သာသွားပြီး
> သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်`` ။
>
> အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး
ထုထောင်းပါမယ်
> ။
> ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည်
> ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင်
> အသည်းရောဂါ ၊ဆီးချိုရောဂါ ၊အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊နှလုံးရောဂါ
> ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ၊ကျီးပေါင်း နာရောဂါတွေ
> ပျောက်ကင်းစေတယ်လို့ဆိုပါတယ် ။ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာ
> များရရှိထား တယ်လို့ဆိုပါတယ် ။
>
> သာဓကတစ်ခုအနေနဲ့ကတော့ ......
> မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး
> ကင်ဆာ ကျိတ်ဖြစ်နေပြီး ခွဲစိတ်ကု သပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ
> ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။
> သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့မရနိုင်
> တော့ဘူး လို့ ဆိုပါတယ် ။
> အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက်
အရှုံးမရှိဘူးဆိုပြီး
> သောက်ကြည့်တယ် ။
> အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင်
> ကင်ဆာကလပ်စည်းတွေ လျှော့ကျ သွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက်
ကျန်းမာရေးနဲ့
> ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီး
လုပ်ကိုင်နိုင်ပါပြီ
> ။
> သုတေသီ တိုမီဇသက သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း
> နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared)
ဆိုတဲ့
> စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အော
င် လူနာရဲ့
> အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။
> သူဟာ ကင်ဆာဆေးအဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့
> သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့
> ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
> အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်
> ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့်
> ဘေးထွက် ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား
> အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က
> အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို
> မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်း တွေကို ဟန့်ထားစေပါတယ် ။``
> လို့ဖော်ပြထာားပါတယ် ။
>
> အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး
> ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
> ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။
``
> ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ
> တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။
> အသားအရေပြန်ပြီးကောင်းလာမယ် ။
> အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ
> ကိုင်နိုရှိတ ဖြစ်ပါတယ် ။
> သူ့အဆိုတွေက ``အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့
> ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
> အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့
> ထုံးဓါတ်တို့ အများဆုံးပါဝင်ပါတယ် ။
> ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို
> ..အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေး ရကြောင်း
ဖော်ပြထားပါတယ်
> ။
> ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ်
> ဆေးသုတေသန ဌာနက ပါမောက္ခ ကာ ဂါမိ ကပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို
> ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ် ။
> အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ
> အလားအလာကောင်းမွန်ကြောင်းတွေ့ရပါတယ် ။
> သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က
> ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ
> ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ် ။
>
> နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
> အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
> အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။
> ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက
> အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်း ပါးစဖြင့် ထုပ်ပြီး
> (အုန်းနို့ညှစ်သကဲ့သို့)အရည်ညှစ်ယူပါ ၊အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး
> အရသာကောင်းအောင် ပျားရည် နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို
> နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
>
> ဖြန့်ဝေသူ၏ အမှာစကား
> ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ
> များသောရောဂါဖြစ်ပါသည် ။
> ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး
> အမြောက်အများပေါ်ထွက်လျှက်ရှိပါသည်။
> ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။မိမိပြုသော ကုသိုလ် ၊
အကုသိုလ်
> အစုစုတို့သည် သံသရာ ပြန်၍ တစ် ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့်
> စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ
၊
> နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည် ။
> မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊
> ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း
> ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
> သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့်
> အပြင် ပြုလုပ်ရန်နည်းလမ်း သည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော
သဘာဝ
> သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက် ဆိုး ကျိုးမရှိပါ ။ ထို့ကြောင့်
> ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား
တဆင့်ပြန်လည်
> ဝေငှပေးခြင်းဖြစ်ပါသည်။